Battle Royale ဂိမ်းအများစု Original Story မရှိတာ မှန်ပေမယ့် PUBG ကတော့ ဒီသဘောတရားကို ချိုးဖျက်ပစ်လိုက်ပါပြီ။


၁၉၆၅ ကာလမှာ ဇာတ်အိမ်တည်ထားပြီး ဘာမှန်းမသိသေးတဲ့ ချာတိတ်တစ်ယောက် သူနေထိုင်ရာ ကမ္ဘာငယ်လေး ပေါက်ကွဲပျက်ဆီးသွားတာကနေ အစပျိုးထားတယ်။

ငါ့ကမ္ဘာတစ်ခုလုံး ပျက်ဆီးခဲ့တာ ကြည့်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး

ကောင်းကင်ပေါ် ပျံဝဲနေတဲ့ Boomer တွေကို ရှောင်တိမ်းရင်း ထိတ်လန့်နေရှာတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝကို လှစ်ဟပြထားတယ်။


ခိုကိုးရာမဲ့ ဖြစ်နေရှာတဲ့ ၁၀ နှစ်အရွယ် ကလေးတစ်ယောက် မီးလောင်ပြင်လို ဟုန်းဟုန်းတောက်လောင်နေတဲ့ ကျွန်းကြီးကိုကြည့်ရင်း အိမ်မက်ဆိုးကြီးကိုပါ မွှေးပေးလိုက်သလိုပါပဲ။

ဒါပေမယ့် င့ါအိမ်မက်တွေ မသေသေးဘူး

အဲ့ဒါကတော့ ယောကျာ်းတို့ရဲ့ ရဲစွမ်းသတ္တိပြဖို့ သတ်ရဲတယ်၊ ဖြတ်ရတယ်ဆိုရင် ငါ့ကမ္ဘာထဲဝင်လာခဲ့ပါဆိုတဲ့ Challenge ပါပဲ။

“ငါဟာ Erangel ကျွန်းရဲ့ တစ်ဦးတည်းသော Survivor ၊ ငါပထမဆုံးဖြစ်ခဲ့ပေမယ့် နောက်ဆုံးကျန်နေမယ့် Survivor တော့ မဖြစ်နိုင်ဘူး”

မင်းရော Survivor ဖြစ်နိုင်မလား

“အဲ့တော့ အကြောက်တရား ဖုံးလွှမ်းနေတဲ့ စစ်မြေပြင်ထဲမှာ မင်းကိုယ်မင်း သေရဲပါတယ်၊ ရှင်ရဲပါတယ်လို့ သက်သေပြနိုင်မလား ဒါမှမဟုတ် အသေခံမလား?”

ဒီလို စကားလုံးတွေနဲ့ PUBG အစ Erangel ကိုပါ ဖော်ပြလိုက်ပြီး အခုဆိုရင် သူဌေးဖြစ်လာသူ လူကြီးဘဝနဲ့ Tournament ပြိုင်ပွဲတွေကို Monitor ဖန်သားပြင်ကတဆင့် ကြည့်ရှုနေသူအဖြစ် ဖော်ပြထားပါတယ်။

ငါ့စစ်မြေပြင်က ကြိုဆိုပါတယ်

ပြောရင်တော့ Game Title နဲ့ ဘာမှ မဆက်နွယ်ပေမယ့် Storytelling နဲ့ In-game Events ပါဝင်တဲ့ Fortnite လို ဖြစ်ချင်ပုံရပါတယ်။


အဲ့ဒါကြောင့် Call of Duty နဲ့ Dead Space ဂိမ်းတွေမှာ ပါဝင်ဖူးသူ Glen Schofield ကို ငှားရမ်းလိုက်ပြီး PUBG မှာ Narrative Experience ထည့် ပေးသွားမယ်လို့ သိရပါတယ်။

ဒီလ ၂၄ ရက်ဆိုရင်လည်း Season 4 စတော့မှာဆိုတော့ အသွင်ပြောင်းလာမယ့် PUBG Universe ကို ဂိမ်မာတွေ မကြာခင် မြင်တွေ့ရတော့မှာပါ။

Source: TheVerge
2B (Akhayar)
www.akhayar.com