[Zawgyi]

အဲရစ္ဆင္ Eriksen ကို ေခၚယူဖို႔ျပင္ဆင္ေနတဲ႔ PSG

ျပင္သစ္လီဂူးကလပ္ PSG အသင္းဟာ စပါးအသင္းရဲ႕ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ Eriksen ကို ေပါင္သန္း(၁၀၀)နဲ႔ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ PSG အသင္းဟာ အဲရစ္ဆင္ Eriksen ကို အေျပာင္းအေရႊ႕မပိတ္သိမ္းခင္မွာ ေခၚယူဖို႔အသင္႔ရိွေနတာပဲျဖစ္ပါတယ္။ အဲရစ္ဆင္ Eriksen ကို စပါးအသင္းဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကမ္းလွမ္းထားေပမယ္႔ အခုခ်ိန္ထိစာခ်ဳပ္မခ်ဳပ္ဆိုရေသးပါဘူး။ စပါးအသင္းဥကၠဌ လီဗိုင္း Levy ဟာ ကစားသမားေတြကို ၾကိဳက္ေစ်းရရင္ ေရာင္းခ်တတ္တဲ႔သူျဖစ္တာေၾကာင္႔ ဒီအေျပာင္းအေရႊ႕က စိတ္၀င္စားစရာ အေျခအေနမွာရိွေနပါတယ္။

Eriksen

Eriksen

အသက္(၂၆)ႏွစ္အရြယ္ရိွျပီျဖစ္သူ အဲရစ္ဆင္ Eriksen ဟာ တစ္ႏွစ္ထက္တစ္ႏွစ္ေျခစြမ္းပိုင္းတိုးတက္ ေကာင္းမြန္လာတဲ႔ ကစားသမားျဖစ္ျပီး ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာလည္း ဒိန္းမတ္အသင္းရဲ႕ ကြင္းလယ္မွာ အေကာင္းဆံုးဦးေဆာင္ကစားခဲ႔သူပါ။ PSG အသင္းရဲ႕ ကြင္းလယ္မွာ ကြင္းလယ္ဖန္တီးရွင္စစ္စစ္ မရိွတာေၾကာင္႔လည္း အဲရစ္ဆင္ Eriksen ကို ေခၚယူဖို႔ပစ္မွတ္ထားလာခဲ႔တာပဲျဖစ္ပါတယ္။ စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino အတြက္ အဲရစ္ဆင္ Eriksen ဟာ အေရးပါတဲ႔သူျဖစ္တာေၾကာင္႔ သူ႔အေနနဲ႔ အဲရစ္ဆင္ Eriksen ကိုလက္လႊတ္ခံပါ႔မလားဆိုတာလည္း စိတ္၀င္စားစရာပါ။ အဲရစ္ဆင္ Eriksen ဟာ စပါးအသင္းမွာ ေဘာလံုးရာသီ(၅)ရာသီၾကာ ျဖတ္သန္းခဲ႔ေပမယ္႔ ဆုဖလားေအာင္ျမင္မႈဘာမွမရိွေသးတာေၾကာင္႔ ဆုဖလားအာမခံခ်က္ရိွတဲ႔ PSG အသင္းကို ေျပာင္းေရႊ႕သြားမလားဆိုတာ ေစာင္႔ၾကည္႔သြားၾကရမွာပါ။

REF: Express
Photo: Squawka , Fc Naija
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အဲရစ်ဆင် Eriksen ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ PSG

ပြင်သစ်လီဂူးကလပ် PSG အသင်းဟာ စပါးအသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ PSG အသင်းဟာ အဲရစ်ဆင် Eriksen ကို အပြောင်းအရွှေ့မပိတ်သိမ်းခင်မှာ ခေါ်ယူဖို့အသင့်ရှိနေတာပဲဖြစ်ပါတယ်။ အဲရစ်ဆင် Eriksen ကို စပါးအသင်းဟာ စာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းထားပေမယ့် အခုချိန်ထိစာချုပ်မချုပ်ဆိုရသေးပါဘူး။ စပါးအသင်းဥက္ကဌ လီဗိုင်း Levy ဟာ ကစားသမားတွေကို ကြိုက်ဈေးရရင် ရောင်းချတတ်တဲ့သူဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့က စိတ်ဝင်စားစရာ အခြေအနေမှာရှိနေပါတယ်။

Eriksen

Eriksen

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ အဲရစ်ဆင် Eriksen ဟာ တစ်နှစ်ထက်တစ်နှစ်ခြေစွမ်းပိုင်းတိုးတက် ကောင်းမွန်လာတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံးဦးဆောင်ကစားခဲ့သူပါ။ PSG အသင်းရဲ့ ကွင်းလယ်မှာ ကွင်းလယ်ဖန်တီးရှင်စစ်စစ် မရှိတာကြောင့်လည်း အဲရစ်ဆင် Eriksen ကို ခေါ်ယူဖို့ပစ်မှတ်ထားလာခဲ့တာပဲဖြစ်ပါတယ်။ စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino အတွက် အဲရစ်ဆင် Eriksen ဟာ အရေးပါတဲ့သူဖြစ်တာကြောင့် သူ့အနေနဲ့ အဲရစ်ဆင် Eriksen ကိုလက်လွှတ်ခံပါ့မလားဆိုတာလည်း စိတ်ဝင်စားစရာပါ။ အဲရစ်ဆင် Eriksen ဟာ စပါးအသင်းမှာ ဘောလုံးရာသီ(၅)ရာသီကြာ ဖြတ်သန်းခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုဘာမှမရှိသေးတာကြောင့် ဆုဖလားအာမခံချက်ရှိတဲ့ PSG အသင်းကို ပြောင်းရွှေ့သွားမလားဆိုတာ စောင့်ကြည့်သွားကြရမှာပါ။

REF: Express
Photo: Squawka , Fc Naija
Ko Kyue(Akhayar)
www.akhayar.com