[Zawgyi]



Ivan-Rakitić

Ivan-Rakitić



UEFA Super Cup: 2015

Ref: Goal
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာကီတစ် Rakitić ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ PSG အသင်း

ပြင်သစ်လီဂူးကလပ် PSG အသင်းဟာ ဘာစီလိုနာအသင်းကွင်းလယ်လူ ရာကီတစ် Rakitić ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀)နဲ့ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ အခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ရာကီတစ် Rakitić နဲ့ PSG အသင်းတို့ရဲ့သတင်းတွေဟာမျိုးစုံထွက်ပေါ်နေတာပါ။ PSG အသင်းကွင်းလယ်လူ ရာဘီယူ Rabiot ဟာ PSG အသင်းကနေထွက်ခွာလိုနေတာကြောင့် PSG အသင်းဟာ ရာကီတစ် Rakitić ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။

Ivan-Rakitić

Ivan-Rakitić

ရာကီတစ် Rakitić ဟာ ဘာစီလိုနာအသင်းမှာ( ၂၀၂၁ )ခုနှစ် အထိစာချုပ်သက်တမ်းရှိနေသေးသူဖြစ်ပြီး ရာကီတစ် Rakitić ရဲ့စာချုပ်ပါလျော်ကြေးကတော့ ယူရို(၁၂၅)သန်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ရာကီတစ် Rakitić ဟာအလျင်လိုခြင်းမရှိပေမယ့် PSG အသင်းကတော့ ရာကီတစ် Rakitić ကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ရာကီတစ် Rakitić ဟာ ဘာစီလိုနာအသင်းမှာ (၂၀၁၄)ခုနှစ်က စတင်ပါဝင်ကစားခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိအသင်းအတွက် ပွဲပေါင်း(၂၁၄)ပွဲကစားထားသလို သွင်းဂိုး(၃၀) သွင်းယူထားပါတယ်။

ရာကီတစ် ရဲ့ ဘာစီလိုနာကစားသမားဘ၀ အောင်မြင်မှုများ

La Liga: 2014–15, 2015–16, 2017–18
Copa del Rey: 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2016, 2018
UEFA Champions League: 2014–15
UEFA Super Cup: 2015
FIFA Club World Cup: 2015

Ref: Goal
Photo: Stadium Astro , En un momento dado
Ko Kyue(Akhayar)
www.akhayar.com