[Zawgyi]

လက္ရွိလစာရဲ႕ (၂)ဆ ေပးကာ ဝါရင့္ဂိုးသမား ဘူဖြန္ Buffon ကို ကမ္းလွမ္းမယ့္ PSG

ဂ်ဴဗင္တပ္စ္အသင္းကေန ရာသီကုန္မွာ ထြက္ခြာေတာ့မယ္လို႔ ေၾကညာခဲ့တဲ့ ဝါရင့္ဂိုးသမား ဘူဖြန္ Buffon ကို ျပင္သစ္လီဂူးကလပ္ PSG အသင္းက လက္ရွိလစာရဲ႕ (၂)ဆအထိ ေပးကာ ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။ အခုႏွစ္ ရာသီအကုန္မွာ ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာေတာ့မယ္လို႔ တရားဝင္ေၾကညာၿပီးတဲ့ေနာက္ PSG အသင္းက လက္ရွိရေနတဲ့ လုပ္ခလစာရဲ႕ (၂)ဆအထိ ေပးေခ်သြားဖို႔ ျပင္ဆင္ေနတာပါ။ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးၿပီျဖစ္တဲ့ ဘူဖြန္ Buffon သာ အသင္းေျပာင္းခဲ့မယ္ဆိုရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခြင့္ရွိေနလို႔ PSG အသင္းအပါအဝင္ ဥေရာပထိပ္သီး အသင္းအမ်ားစုက ေစာင့္ၾကည့္ေနၾကပါတယ္။ ဂ်ဴဗင္တပ္စ္မွာ (၁၇)ရာသီၾကာ ကစားခဲ့တဲ့ အသက္ (၄၀)အရြယ္ရွိ ဝါရင့္ဂိုးသမား ဘူဖြန္ Buffon ကို တစ္ျခားအသင္းေတြထက္ လက္ဦးမႈ ရယူႏိုင္ဖုိ႔ PSG အသင္းက မက္ေမာေလာက္တဲ့ လစာေငြတစ္ရပ္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ လက္ရွိ ဂ်ဴဗင္တပ္စ္အသင္းမွာ ရေနတဲ့ တစ္ႏွစ္လုပ္ခလစာရဲ႕ (၂)ဆျဖစ္တဲ့ ယူရို (၈)သန္း (ေပါင္ ၇ သန္းခန္႔)နဲ႔ ကမ္းလွမ္းဖို႔ ျပင္သစ္ထိပ္သီး PSG အသင္းက ျပင္ဆင္ေနတာပါ။

PSG-make-offer-to-double-Buffon-salary

PSG-make-offer-to-double-Buffon-salary

ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ထိပ္တန္းေခၚယူမႈေတြ ျပဳလုပ္ခဲ့လို႔ UEFA ရဲ႕ ဘ႑ာေရးမွ်ေခ်စည္းမ်ဥ္းနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနတဲ့ PSG အသင္းက လာမယ့္ ေဘာလံုးရာသီမွာ အေသးစားေခၚယူမႈေတြသာ ျပဳလုပ္သြားဖို႔ရွိေနလို႔ အလြတ္ေခၚယူခြင့္ရွိတဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ ဥေရာပၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတဲ့ PSG အသင္းဟာ ဘူဖြန္ Buffon လို ဝါရင့္ ဂိုးသမားတစ္ဦးကို ေခၚယူဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။ PSG အသင္းရဲ႕ အဓိကဂိုးသမားျဖစ္တဲ့ အာယိုလာ Areola ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ နီးစပ္ေနေပမယ့္ ဒုတိယဂိုးသမား ထရပ္ Trapp နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ က်န္႔ၾကာေနတာျဖစ္ပါတယ္။ ဝါရင့္ဂိုးသမား ဘူဖြန္ Buffon က အသင္းရဲ႕ ဂိုးသမား အာယိုလာ Areola အတြက္ အေတြ႔အႀကံဳပိုင္း အေထာက္အပံ့ျဖစ္လာႏိုင္လို႔ တျခားအသင္းေတြထက္ လက္ဦးမႈရယူဖို႔ PSG အသင္းတာဝန္ရွိသူေတြက ဆႏၵျပင္းျပေနတာ ျဖစ္ပါတယ္။ PSG အသင္းအျပင္ ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းေတြကလည္း ဘူဖြန္ Buffon ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ကလပ္အသင္းတခ်ိဳ႔ရဲ႕ ကမ္းလွမ္းမႈေတြကို ရရွိထားေၾကာင္း ဘူဖြန္ Buffon က ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ရာထူးတစ္ခုခုနဲ႔သာ ကမ္းလွမ္းခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ ကစားသမားဘဝက အနားယူၿပီး လက္ခံသြားဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:Goal.com
Photo:InfoGlitz, Los Pleyers
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

လက်ရှိလစာရဲ့ (၂)ဆ ပေးကာ ဝါရင့်ဂိုးသမား ဘူဖွန် Buffon ကို ကမ်းလှမ်းမယ့် PSG

ဂျူဗင်တပ်စ်အသင်းကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ ဝါရင့်ဂိုးသမား ဘူဖွန် Buffon ကို ပြင်သစ်လီဂူးကလပ် PSG အသင်းက လက်ရှိလစာရဲ့ (၂)ဆအထိ ပေးကာ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ အခုနှစ် ရာသီအကုန်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် PSG အသင်းက လက်ရှိရနေတဲ့ လုပ်ခလစာရဲ့ (၂)ဆအထိ ပေးချေသွားဖို့ ပြင်ဆင်နေတာပါ။ ဂျူဗင်တပ်စ်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်တဲ့ ဘူဖွန် Buffon သာ အသင်းပြောင်းခဲ့မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရှိနေလို့ PSG အသင်းအပါအဝင် ဥရောပထိပ်သီး အသင်းအများစုက စောင့်ကြည့်နေကြပါတယ်။ ဂျူဗင်တပ်စ်မှာ (၁၇)ရာသီကြာ ကစားခဲ့တဲ့ အသက် (၄၀)အရွယ်ရှိ ဝါရင့်ဂိုးသမား ဘူဖွန် Buffon ကို တစ်ခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့ PSG အသင်းက မက်မောလောက်တဲ့ လစာငွေတစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ရနေတဲ့ တစ်နှစ်လုပ်ခလစာရဲ့ (၂)ဆဖြစ်တဲ့ ယူရို (၈)သန်း (ပေါင် ၇ သန်းခန့်)နဲ့ ကမ်းလှမ်းဖို့ ပြင်သစ်ထိပ်သီး PSG အသင်းက ပြင်ဆင်နေတာပါ။

PSG-make-offer-to-double-Buffon-salary

PSG-make-offer-to-double-Buffon-salary

ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိပ်တန်းခေါ်ယူမှုတွေ ပြုလုပ်ခဲ့လို့ UEFA ရဲ့ ဘဏ္ဍာရေးမျှချေစည်းမျဉ်းနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ PSG အသင်းက လာမယ့် ဘောလုံးရာသီမှာ အသေးစားခေါ်ယူမှုတွေသာ ပြုလုပ်သွားဖို့ရှိနေလို့ အလွတ်ခေါ်ယူခွင့်ရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ PSG အသင်းဟာ ဘူဖွန် Buffon လို ဝါရင့် ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ PSG အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ အာယိုလာ Areola ကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပေမယ့် ဒုတိယဂိုးသမား ထရပ် Trapp နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကျန့်ကြာနေတာဖြစ်ပါတယ်။ ဝါရင့်ဂိုးသမား ဘူဖွန် Buffon က အသင်းရဲ့ ဂိုးသမား အာယိုလာ Areola အတွက် အတွေ့အကြုံပိုင်း အထောက်အပံ့ဖြစ်လာနိုင်လို့ တခြားအသင်းတွေထက် လက်ဦးမှုရယူဖို့ PSG အသင်းတာဝန်ရှိသူတွေက ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။ PSG အသင်းအပြင် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကလည်း ဘူဖွန် Buffon ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ကလပ်အသင်းတချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားကြောင်း ဘူဖွန် Buffon က ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းက ရာထူးတစ်ခုခုနဲ့သာ ကမ်းလှမ်းခဲ့မယ်ဆိုရင် သူ့အနေနဲ့ ကစားသမားဘဝက အနားယူပြီး လက်ခံသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:Goal.com
Photo:InfoGlitz, Los Pleyers
Aung Kyaw Wai(Akhayar)
www.akhayar.com