[Zawgyi]



Bernat

Bernat



DFB-Pokal: 2015–16
DFL-Supercup: 2016, 2018

Ref: Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘားနက် Bernat ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ PSG

ပြင်သစ်လီဂူးကလပ် PSG အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ဘယ်နောက်ခံလူ ဘားနက် Bernat ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ PSG အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူရှာဖွေနေတဲ့ အသင်းဖြစ်ပြီး ဖိလစ်ပီလူးဝစ် Filipe Luís ၊ ဒန်နီရိုစ့် Danny Rose တို့နဲ့အသံတွေထွက်ခဲ့ပေမယ့် အဆင်ပြေခဲ့ခြင်းမရှိခဲ့တာကြောင့် လက်ရှိမှာတော့ ဘားနက် Bernat ကိုစိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ်။ PSG အသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် ငွေကြေးများများစားစားသုံးစွဲလိုခြင်းမရှိတာကြောင့် အခုလိုအဆင်မပြေဖြစ်နေရတာပါ။

Bernat

Bernat

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဘားနက် Bernat ဟာ ဘယ်နောက်ခံနဲ့တောင်ပံတိုက်စစ်နေရာတွေ မှာကစားနိုင်သူပါ။ ဘားနက် Bernat ဟာ ၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှာ စတင်ကစားခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိအသင်းအတွက် ပွဲပေါင်း(၁၁၁)ပွဲကစားထားသလို သွင်းဂိုး(၅)ဂိုးသွင်းယူထားပါတယ်။

ဘားနက် ရဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ အောင်မြင်မှုများ

Bundesliga: 2014–15, 2015–16, 2016–17, 2017–18
DFB-Pokal: 2015–16
DFL-Supercup: 2016, 2018

Ref: Goal.com
Photo: SPORTbible , Juve Live
Ko Kyue(Akhayar)
www.akhayar.com