ေပါင္ ၅၉ သန္းတန္ေၾကးရွိတဲ႔ ဆန္းခ်က္ဇ္ကုိ အလြတ္ေခၚယူဖို႔ ပီအက္စ္ဂ်ီေဆြးေႏြး

Alexis Sanchez

[Zawgyi]

ေပါင္ ၅၉ သန္းတန္ေၾကးရွိတဲ႔ ဆန္းခ်က္ဇ္ကုိ အလြတ္ေခၚယူဖို႔ ပီအက္စ္ဂ်ီေဆြးေႏြး

ၿပီးခဲ့တဲ႔ရာသီမွာ အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြ သိသိသာသာ ေလွ်ာ႔က်ခဲ့ၿပီး စိတ္ပ်က္ဖြယ္ရာအဆင့္ ၇ နဲ႔ အဆံုးသတ္ခဲ့သလို အာဆင္ဝင္းဂါးမန္ေနဂ်ာျဖစ္ခဲ့တဲ႔ ၁၉၉၆ ခုႏွစ္ကတည္းကစလို႔ ပထမဆံုးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္နဲ႔လြဲေခ်ာ္ၿပီးေနာက္ တိုက္စစ္မွဴးဆန္းခ်က္ဇ္အေနနဲ႔ အေျမာက္တပ္ကေနထြက္ဖို႔ ၿပီးခဲ့တဲ႔ေဆာင္းရာသီအခ်ိန္ကတည္းက ဟန္တျပင္ျပင္ျဖစ္ေနခဲ႔တာပါ။ သူ႔ရဲ႕စာခ်ဳပ္ကလည္း လာမယ္႔ေႏြမွာ ကုန္ဆံုးေတာ႔မွာျဖစ္သလို စာခ်ဳပ္အသစ္အတြက္ ဘာေဆြးေႏြးမႈမွမလုပ္ထားေသးတာေၾကာင့္လည္း ဒီရာသီေႏြအေျပာင္းအေရႊ႕မွာတုန္းက အျခားအသင္းတစ္သင္းသင္းကုိ ေျပာင္းလိမ့္မယ္လို႔ ထင္မွတ္ခဲ့ၾကပါတယ္။ မန္စီးတီးကေခၚမယ္ဟန္တျပင္ျပင္ရွိခဲ့ေပမယ္႔ မေအာင္ျမင္ခဲ့တဲ႔ေနာက္ဆံုး အာဆင္နယ္မွာပဲ ဒီရာသီ ဆက္လက္ေသာင္တင္ေနမွာပါ။

Express သတင္းရဲ႕ေဖာ္ျပခ်က္အရ ခုခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ဖို႔အလားအလာမ်ားေနတဲ့ ဆန္းခ်က္ဇ္ကုိ ဥေရာပအသင္းႀကီးတစ္သင္းက ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့တယ္လို႔ ဆိုပါတယ္။ သတင္းေတြအရ အရင္ကလည္း ဆန္းခ်က္ဇ္ကုိစိတ္ဝင္စားခဲ့တဲ႔ ပီအက္စ္ဂ်ီဟာ ခုတဖန္ သူတို႔ရဲ႕စိတ္ဝင္စားမႈုကုိ ျပန္ျပလာခဲ့ၿပီး စာခ်ဳပ္အတြက္ ကစားသမားကုိ Bonus ေၾကး ေပါင္ ၁၀ သန္းေပးဖို႔ ဆႏၵရွိေနတယ္လို႔ ဆိုပါတယ္။ အဂၤလိပ္ကလပ္အသင္းေတြနဲ႔မတူပဲ ျပင္သစ္အသင္းေတြအေနနဲ႔ ဇန္နဝါရီမွာ အလြတ္ေခၚယူလို႔ရမယ္႔ ကစားသမားေတြကုိ စာခ်ဳပ္ကိစၥ ႀကိဳတင္ေဆြးေႏြးႏုိင္တယ္လို႔ ဆိုပါတယ္။ ေစ်းကြက္တန္ဖိုးအရ ေပါင္ ၅၉ သန္း တန္ေၾကးရွိတဲ့ ဆန္းခ်က္ဇ္ကုိ အလႊတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ဖုိ႔ဆိုတာ အသင္းတိုင္းအတြက္ တကယ္႔ႀကီးမားတဲ႔ အျမတ္အစြန္းပဲျဖစ္ပါတယ္။ ၿပီခဲ့တဲ့ေႏြအေျပာင္းအေရႊ႕တုန္းကလည္း ဆန္းခ်က္ဇ္ကုိ အသင္းရဲ႕ျမင့္မားတဲ့လစာျဖစ္တဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၂၇၅၀၀၀ နဲ႔ ေခၚယူဖို႔ ေဆြးေႏြးခဲ့ေပမယ္႔ ကစားသမားဘက္ကေန စိတ္မဝင္စားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအေနနဲ႔ ေႏြအေျပာင္းအေရႊ႕မွာ ေနမာ (ေပါင္ ၂၀၃.၆ သန္း)၊ ဘတ္ေပ (ေပါင္ ၁၆၅ သန္း) တို႔အတြက္ ႀကီးမားတဲ႔ေငြေၾကးေတြသံုးစြဲခဲ့လို႔ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ၿငိစြန္းႏုိင္တဲ႔အတြက္ ဖိအားေတြခံစားေနခဲ့ရတဲ႔အသင္းျဖစ္ပါတယ္။ ဘတ္ေပကိစၥမွာေတာ႔ ကစားသမားကုိ ကနဦးအငွားအေနနဲ႔ ေခၚယူူထားတာျဖစ္ၿပီး အၿပီးသတ္အေျပာင္းအေရႊ႕ကိစၥေတြကုိ လာမယ့္ေႏြမွာ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဆန္းခ်က္ဇ္အေျပာင္းအေရႊ႕ကေတာ႔ ကစားသမားရဲ႕စြမ္းေဆာင္ရည္အရ ပီအက္စ္ဂ်ီရဲ႕အႀကိဳက္ျဖစ္သလို အလႊတ္ေျပာင္းေရႊ႕ဖို႔ျဖစ္လာမွာျဖစ္လို႔ ဘ႑ာေရးစည္းမ်ဥ္းနဲ႔လည္း ၿငိစြန္းစရာအေၾကာင္းမရွိလို႔ ပီအက္စ္ဂ်ီအေနနဲ႔ အရေခၚယူသြားႏုိင္မလား ေစာင့္ၾကည့္ရမွာပါ။

www.akhayar.com

[Uniocde]

ပေါင် ၅၉ သန်းတန်ကြေးရှိတဲ့ ဆန်းချက်ဇ်ကို အလွတ်ခေါ်ယူဖို့ ပီအက်စ်ဂျီ ဆွေးနွေး

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ လျှော့ကျခဲ့ပြီး စိတ်ပျက်ဖွယ်ရာအဆင့် ၇ နဲ့ အဆုံးသတ်ခဲ့သလို အာဆင်ဝင်းဂါးမန်နေဂျာဖြစ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းကစလို့ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်နဲ့လွဲချော်ပြီးနောက် တိုက်စစ်မှူးဆန်းချက်ဇ်အနေနဲ့ အမြောက်တပ်ကနေထွက်ဖို့ ပြီးခဲ့တဲ့ဆောင်းရာသီအချိန်ကတည်းက ဟန်တပြင်ပြင်ဖြစ်နေခဲ့တာပါ။ သူ့ရဲ့စာချုပ်ကလည်း လာမယ့်နွေမှာ ကုန်ဆုံးတော့မှာဖြစ်သလို စာချုပ်အသစ်အတွက် ဘာဆွေးနွေးမှုမှမလုပ်ထားသေးတာကြောင့်လည်း ဒီရာသီနွေအပြောင်းအရွှေ့မှာတုန်းက အခြားအသင်းတစ်သင်းသင်းကို ပြောင်းလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ မန်စီးတီးကခေါ်မယ်ဟန်တပြင်ပြင်ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက်ဆုံး အာဆင်နယ်မှာပဲ ဒီရာသီ ဆက်လက်သောင်တင်နေမှာပါ။

Express သတင်းရဲ့ဖော်ပြချက်အရ ခုချိန်မှာ အသင်းလက်မဲ့ဖြစ်ဖို့အလားအလာများနေတဲ့ ဆန်းချက်ဇ်ကို ဥရောပအသင်းကြီးတစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ ဆိုပါတယ်။ သတင်းတွေအရ အရင်ကလည်း ဆန်းချက်ဇ်ကိုစိတ်ဝင်စားခဲ့တဲ့ ပီအက်စ်ဂျီဟာ ခုတဖန် သူတို့ရဲ့စိတ်ဝင်စားမှုုကို ပြန်ပြလာခဲ့ပြီး စာချုပ်အတွက် ကစားသမားကို Bonus ကြေး ပေါင် ၁၀ သန်းပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ကလပ်အသင်းတွေနဲ့မတူပဲ ပြင်သစ်အသင်းတွေအနေနဲ့ ဇန်နဝါရီမှာ အလွတ်ခေါ်ယူလို့ရမယ့် ကစားသမားတွေကို စာချုပ်ကိစ္စ ကြိုတင်ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်တန်ဖိုးအရ ပေါင် ၅၉ သန်း တန်ကြေးရှိတဲ့ ဆန်းချက်ဇ်ကို အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ဆိုတာ အသင်းတိုင်းအတွက် တကယ့်ကြီးမားတဲ့ အမြတ်အစွန်းပဲဖြစ်ပါတယ်။ ပြီခဲ့တဲ့နွေအပြောင်းအရွှေ့တုန်းကလည်း ဆန်းချက်ဇ်ကို အသင်းရဲ့မြင့်မားတဲ့လစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၇၅၀၀၀ နဲ့ ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် ကစားသမားဘက်ကနေ စိတ်မဝင်စားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ နွေအပြောင်းအရွှေ့မှာ နေမာ (ပေါင် ၂၀၃.၆ သန်း)၊ ဘတ်ပေ (ပေါင် ၁၆၅ သန်း) တို့အတွက် ကြီးမားတဲ့ငွေကြေးတွေသုံးစွဲခဲ့လို့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိစွန်းနိုင်တဲ့အတွက် ဖိအားတွေခံစားနေခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ ဘတ်ပေကိစ္စမှာတော့ ကစားသမားကို ကနဦးအငှားအနေနဲ့ ခေါ်ယူူထားတာဖြစ်ပြီး အပြီးသတ်အပြောင်းအရွှေ့ကိစ္စတွေကို လာမယ့်နွေမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဆန်းချက်ဇ်အပြောင်းအရွှေ့ကတော့ ကစားသမားရဲ့စွမ်းဆောင်ရည်အရ ပီအက်စ်ဂျီရဲ့အကြိုက်ဖြစ်သလို အလွှတ်ပြောင်းရွှေ့ဖို့ဖြစ်လာမှာဖြစ်လို့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့လည်း ငြိစွန်းစရာအကြောင်းမရှိလို့ ပီအက်စ်ဂျီအနေနဲ့ အရခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမှာပါ။

www.akhayar.com