[Zawgyi]

ဒမ္ဘီလီ Dembele ကိုေခၚယူဖို႔ စိတ္၀င္စားေနတဲ႔ PSG

ျပင္သစ္လီဂူးကလပ္ PSG အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား ဒမ္ဘီလီ Dembele ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ PSG အသင္းနည္းျပ တူခ်ယ္ Tuchel နဲ႔ ဒမ္ဘီလီ Dembele တို႔ဟာ ေဒါ႔မြန္အသင္းမွာ လက္တြဲခဲ႔ၾကသူေတြျဖစ္တာေၾကာင္႔ အခုလိုမ်ိဳးေခၚယူဖို႔ စိတ္၀င္စားေနခဲ႔တာပါ။ အသက္(၂၁)နွစ္အရြယ္ရိွျပီျဖစ္သူ ဒမ္ဘီလီ Dembele ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီက ေဒါ႔မြန္အသင္းကေန ဘာစီလိုနာအသင္းကို ယူရို(၁၀၅)သန္းနဲ႔ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး ဘာစီလိုနာအသင္းမွာ ေျခစြမ္းျပသႏိုင္ဖို႔ ရုန္းကန္ေနရသူပဲျဖစ္ပါတယ္။ ဒမ္ဘီလီ Dembele ဟာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း(၂၃)ပြဲကစားထားျပီး သြင္းဂိုး(၄)ဂိုးသြင္းယူထားပါတယ္။

Dembele

Dembele

ဘာစီလိုနာအသင္းဟာ လူငယ္တိုက္စစ္ကစားသမား မဲလ္ကြန္ Malcom ကို ေခၚယူထားတာေၾကာင္႔ ဒမ္ဘီလီ Dembele ကို လက္လႊတ္ခံမလားဆိုတာ စိတ္၀င္စားစရာပါ။ ဒီလိုအေနအထားေတြေၾကာင္႔ ဒီအေျပာင္းအေရႊ႕ဟာ ဆက္လက္ေစာင္႔ၾကည္႔ရမယ္႔ အေျပာင္းအေရႊ႕တစ္ခုလို႔ပဲဆိုရပါလိမ္႔မယ္။

REF: Mundo Deportivo
Photo: ArsenalCore , SBI Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒမ်ဘီလီ Dembele ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ PSG

ပြင်သစ်လီဂူးကလပ် PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembele ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ PSG အသင်းနည်းပြ တူချယ် Tuchel နဲ့ ဒမ်ဘီလီ Dembele တို့ဟာ ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့ကြသူတွေဖြစ်တာကြောင့် အခုလိုမျိုးခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။ အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဒမ်ဘီလီ Dembele ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို(၁၀၅)သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေသူပဲဖြစ်ပါတယ်။ ဒမ်ဘီလီ Dembele ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၂၃)ပွဲကစားထားပြီး သွင်းဂိုး(၄)ဂိုးသွင်းယူထားပါတယ်။

Dembele

Dembele

ဘာစီလိုနာအသင်းဟာ လူငယ်တိုက်စစ်ကစားသမား မဲလ်ကွန် Malcom ကို ခေါ်ယူထားတာကြောင့် ဒမ်ဘီလီ Dembele ကို လက်လွှတ်ခံမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒီလိုအနေအထားတွေကြောင့် ဒီအပြောင်းအရွှေ့ဟာ ဆက်လက်စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခုလို့ပဲဆိုရပါလိမ့်မယ်။

REF: Mundo Deportivo
Photo: ArsenalCore , SBI Soccer
Ko Kyue(Akhayar)
www.akhayar.com