လန်ဒန် က Zain Qaiser လို့အမည်ရတဲ့ ကျောင်းသားတစ်ယောက်ဟာ Porn Ransomware တိုက်ခိုက်မှုတစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် 6နှစ် 5 လတိတိ ထောင်ကျခဲ့တယ် လို့ BBC News ကဆိုပါတယ်။ Qaiser ဟာအဲ့ဒီ Virus ကြောင့် အနည်းဆုံး $914000( £700,000) ကျော်ရရှိခဲ့ပြီး UK ရဲ့ National Crime Agency (NCA) ကတော့ သူရခဲ့တဲ့ငွေဟာ Million နဲ့တောင်ချီရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Qaiser ဟာရုရှား ဒုစရိုက်အဖွဲ့အစည်းတစ်ခု အောက်မှာ အလုပ်လုပ်နေခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ သူဟာ တရားဝင် Porn Sites တွေမှာ Advertising Space ဝယ်ဖို့ကြိုးစားနေတဲ့ Company တစ်ခုအယောင်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ Ads တွေရဲ့ တာဝန်က Malware ပါဝင်နေတဲ့ Sites တွေကိုညွှန်းပေးတာဖြစ်ပြီး ၄င်း Sites တွေကိုသွားပြီး Files တွေ Download ဆွဲမိရင်တော့ Computer ဟာ Lock ချခံလိုက်ရမှာပါ။ ပြီးရင်တော့ Law Enforcement ကနေ ပို့လိုက်သလိုလိုနဲ့ Message တွေရောက်လာပြီး ဒဏ်ကြေးရိုက်မှာပါ။ ပမာဏ ကတော့ $300 ကနေ $1000 အတွင်းဖြစ်ပြီး ဒဏ်ကြေးပေးဆောင်မှာသာ Computer ကိုပြန်လည်အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

NCA ရဲ့တွေ့ရှိချက်အရ Qaiser ဟာ £700,000 တိတိအမြတ်အစွန်းရခဲ့ပေမယ့် သူ့ Network ကနေရတဲ့ ပမာဏ ဟာ £4 Million ကျော်မယ်လို့ယူဆထားကြပါတယ်။ Qaiser ရဲ့ Ads တွေဟာ Web Page 21 Million ကျော်ပေါ်မှာ နေရာယူထားခဲ့ပြီး July 2014 မှာတင် Qaiser ရရှိခဲ့တဲ့ ငွေဟာ ပျမ်းမျှ £11,000 ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း 20 ကျော်ကလူတွေ Qaiser ရဲ့လက်ချက်မိခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တာကတော့ Angler Exploit Kit လို့အမည်ရတဲ့ အရမ်းအားကောင်းတဲ့ Malware တစ်ခုဖြစ်ပြီး ဒီ Malware ကို Qaiser ရဲ့ ရှရှား လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကတီထွင်ခဲ့တာပါ။ ရလာတဲ့အကျိုးအမြတ်ကိုတော့နှစ်ယောက်သား ခွဲယူခဲ့ကြပါတယ်။ Angler ကနေတတင့် Reveton လို့အမည်ရတဲ့ နောက်ထပ် Malware တစ်ခုကို သားကောင်ရဲ့ Computer ထဲထည့်သွင်းခဲ့ပြီး ဒီ Malware ရဲ့တာဝန်ကတော့ သားကောင်ရဲ့ Browser ကို Lock ချဖို့ပဲဖြစ်ပါတယ်။

Qaiser ဟာ July 20 2014မှာ သူ Ads တွေထည့်နေကျဖြစ်တဲ့ ကြော်ငြာ Agency တစ်ခုက ရဲတိုင်ခဲ့ပြီးတဲ့နောက်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ Qaiser က DDOS Attack တစ်ခုနဲ့ Company ကိုဆက်သွယ်ခဲ့ပြီး သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Company ဟာ ဒီ တိုက်ခိုက်မှုကြောင့် £500,000 ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ ရဲကိုအကြောင်းကြားခဲ့တာပါ။ Qaiser ဟာ 2014 မှာအဖမ်းခံ ခဲ့ရပေမယ့် သူ့ Network ကတော့ Active ဖြစ်နေသေးတယ်လို့ NCA ကဆိုခဲ့ပါတယ်။ 2017 ကုန်ခါနီးမှာ အပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး Qaiser ဟာ ဆေးရုံ Wi-Fi ကိုအသုံးပြုကာ ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့တဲ့ Online Ad Sites တွေကိုဝင်ရောက်ခဲ့တယ်လို့ Birmingham Mail က သတင်းပို့ခဲ့ပါတယ်။
NCA ကတော့ သူ့ရဲ့တိုက်ခိုက်မှုက December 2018 အထိ ရှိနေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

Ref; TheVerge

SiD (Akhayar)