[Zawgyi] 

iPhone 7 မွာစမိတ္ဆက္ခဲ့တဲ့ (Product) RED iPhone ေတြကိုအားလံုးမွတ္မိၾကမွာပါ။ (Product) RED စာရင္းဝင္ထုတ္ကုန္ေတြအားလံုးကိုေရာင္းခ်ၿပီး ရရွိလာတဲ့အျမတ္ေငြထဲက ရာခိုင္ႏႈန္းတခ်ိဳ႕ကို အာဖရိကမွာရွိတဲ့ HIV/AIDS ေရာဂါသည္ ကူညီေရးအဖြဲ႕အစည္းဆီကို လႈဒါန္းတာပဲျဖစ္ပါတယ္။

iPhone 7 (Product) RED

Apple အေနနဲ႔ေတာ့ (Product) RED ထုတ္ကုန္ေတြအရင္ကတည္းက မိတ္ဆက္ေရာင္းခ်ခဲ့ဖူးေပမယ့္ iPhone (RED) Edition ေတြကိုေတာ့ iPhone 7 မွပဲစတင္ခဲ့တာပါ။ iPhone 7 ေတြကိုစတင္မိတ္ဆက္တဲ့အခ်ိန္ကေတာ့ Gold ၊ Rose Gold ၊ Silver ၊ Black နဲ႔ Jet Black ဆိုၿပီး အေရာင္ငါးမ်ိဳးပဲရွိခဲ့တာပါ။ ေနာက္ပိုင္းမွသာ iPhone 7 (RED) Edition ဆိုၿပီးထပ္ထုတ္ေပးလာတာပဲျဖစ္ပါတယ္။ အခုလက္ရွိထြက္ထားတဲ့ iPhone 8 ေတြကိုလည္း Gold ၊ Silver နဲ႔ Space Gray ဆိုၿပီး Apple ထုတ္ေနက်အေရာင္သံုးမ်ိဳးပဲ ေတြ႕ရမွာျဖစ္ပါတယ္။ iPhone 8 (RED) Edition ကိုလည္း မနက္ျဖန္မွာ Apple ကထုတ္ေရာင္းလိမ့္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ Apple ရဲ႕ Premium Device ျဖစ္တဲ့ iPhone X ကို Product (RED) မွာေတြ႕ရဖို႔မျဖစ္ႏိုင္ဘူးလို႔ပဲ ခန္႔မွွန္းရပါတယ္။ 

 

iPhone 8 Lineup

iPhone 7 (RED) Edition ကိုေတာ့ iPhone 7 Silver လိုမ်ိဳး Display ေဘာင္အျဖဴေရာင္၊ Fingerprint Scanner ေငြေရာင္ကြင္း၊ အားသြင္းေပါက္ အျဖဴေရာင္နဲ႔ နားၾကတ္ေပါက္ကိုလည္း အျဖဴေရာင္နဲ႔ပဲေတြ႕ခဲ့ရတာေၾကာင့္ Silver ကို အနီေရာင္ Body ေျပာင္းေပးထားတာလို႔လည္း ေဝဖန္မႈေတြအမ်ားႀကီးျဖစ္ေပၚခဲ့ပါတယ္။ ေဝဖန္မႈေတြအျပင္ Display ေဘာင္အျဖဴေတြက ဖုန္းရဲ႕ အနီေရာင္နဲ႔မလိုက္ဘူးဆိုၿပီး အနက္ေရာင္ေျပာင္းလဲတပ္ဆင္ခဲ့သူေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ အဲ့ဒီလိုေဝဖန္မႈေတြ အမ်ားႀကီးရွိခဲ့တာေၾကာင့္ အခုႏွစ္မွာေတာ့ အနက္ေရာင္ Display ေဘာင္နဲ႔ထုတ္လာေပးမလားဆိုတာေတာ့ ေျပာလို႔မရပါဘူး။ သင္ေရာ iPhone အနီေရာင္ေတြကိုႏွစ္သက္သူလား။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 
iPhone 7 မှာစမိတ်ဆက်ခဲ့တဲ့ (Product) RED iPhone တွေကိုအားလုံးမှတ်မိကြမှာပါ။ (Product) RED စာရင်းဝင်ထုတ်ကုန်တွေအားလုံးကိုရောင်းချပြီး ရရှိလာတဲ့အမြတ်ငွေထဲက ရာခိုင်နှုန်းတချို့ကို အာဖရိကမှာရှိတဲ့ HIV/AIDS ရောဂါသည် ကူညီရေးအဖွဲ့အစည်းဆီကို လှုဒါန်းတာပဲဖြစ်ပါတယ်။

iPhone 7 (Product) RED

Apple အနေနဲ့တော့ (Product) RED ထုတ်ကုန်တွေအရင်ကတည်းက မိတ်ဆက်ရောင်းချခဲ့ဖူးပေမယ့် iPhone (RED) Edition တွေကိုတော့ iPhone 7 မှပဲစတင်ခဲ့တာပါ။ iPhone 7 တွေကိုစတင်မိတ်ဆက်တဲ့အချိန်ကတော့ Gold ၊ Rose Gold ၊ Silver ၊ Black နဲ့ Jet Black ဆိုပြီး အရောင်ငါးမျိုးပဲရှိခဲ့တာပါ။ နောက်ပိုင်းမှသာ iPhone 7 (RED) Edition ဆိုပြီးထပ်ထုတ်ပေးလာတာပဲဖြစ်ပါတယ်။ အခုလက်ရှိထွက်ထားတဲ့ iPhone 8 တွေကိုလည်း Gold ၊ Silver နဲ့ Space Gray ဆိုပြီး Apple ထုတ်နေကျအရောင်သုံးမျိုးပဲ တွေ့ရမှာဖြစ်ပါတယ်။ iPhone 8 (RED) Edition ကိုလည်း မနက်ဖြန်မှာ Apple ကထုတ်ရောင်းလိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ Apple ရဲ့ Premium Device ဖြစ်တဲ့ iPhone X ကို Product (RED) မှာတွေ့ရဖို့မဖြစ်နိုင်ဘူးလို့ပဲ ခန့်မှှန်းရပါတယ်။ 

 

iPhone 8 Lineup

iPhone 7 (RED) Edition ကိုတော့ iPhone 7 Silver လိုမျိုး Display ဘောင်အဖြူရောင်၊ Fingerprint Scanner ငွေရောင်ကွင်း၊ အားသွင်းပေါက် အဖြူရောင်နဲ့ နားကြတ်ပေါက်ကိုလည်း အဖြူရောင်နဲ့ပဲတွေ့ခဲ့ရတာကြောင့် Silver ကို အနီရောင် Body ပြောင်းပေးထားတာလို့လည်း ဝေဖန်မှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဝေဖန်မှုတွေအပြင် Display ဘောင်အဖြူတွေက ဖုန်းရဲ့ အနီရောင်နဲ့မလိုက်ဘူးဆိုပြီး အနက်ရောင်ပြောင်းလဲတပ်ဆင်ခဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီလိုဝေဖန်မှုတွေ အများကြီးရှိခဲ့တာကြောင့် အခုနှစ်မှာတော့ အနက်ရောင် Display ဘောင်နဲ့ထုတ်လာပေးမလားဆိုတာတော့ ပြောလို့မရပါဘူး။ သင်ရော iPhone အနီရောင်တွေကိုနှစ်သက်သူလား။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။