[Zawgyi]



People In Pic

Chopra က “ကျွန်မက သဲလွန်လေးတစ်ခုလောက်တော့ ချပေးရမှာပေါ့နော်။ Dating လုပ်နေတုန်းက ဒီအကြောင်းစကားစပ်မိရင် Tiffany & Co. ကဟာဆိုရင်တော့ ကောင်းလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်” လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။




Yoe Lu (Akhayar)

www.akhayar.com

Source : people.com
[Unicode]

လိုချင်တဲ့ စေ့စပ်လက်စွပ်လေးရဖို့ Nick Jonas ကို သဲလွန်စပေးခဲ့တယ်ဆိုတဲ့ Priyanka Chopra

Priyanka Chopra ဟာ သူတကယ်လိုချင်တဲ့အရာကို ဘယ်လိုရအောင် လုပ်ရမလဲဆိုတာ သိတဲ့သူပါ။ Nick က သူ့ကို ပေးမယ့် စေ့စပ်လက်စွပ်မဝယ်ခင်မှာ သူဘယ်လိုပုံစံလေး လိုချင်ကြောင်း မသိမသာ သဲလွန်စပေးခဲ့ပါတယ်တဲ့။

People In Pic

Chopra က “ကျွန်မက သဲလွန်လေးတစ်ခုလောက်တော့ ချပေးရမှာပေ့ါနော်။ Dating လုပ်နေတုန်းက ဒီအကြောင်းစကားစပ်မိရင် Tiffany & Co. ကဟာဆိုရင်တော့ ကောင်းလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်” လို့ အင်တာဗျူူးမှာ ဖြေခဲ့ပါတယ်။

“ပြောတာလည်း သိသိသာသာကြီး မဟုတ်ဘဲ ကလေးဘဝထဲက ကျွန်မခေါင်းထဲမှာ စွဲနေတာက Tiffany & Co. က လက်စွပ်တစ်ကွင်းပဲလို့ ပြောခဲ့ပြီး သူ့စိတ်ထဲ ဒါကို မှတ်မိနေလိမ့်မယ်လို့ ယူဆဲ့ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ဒါပေမယ့် Jonas လက်စွပ်ဝယ်ဖို့ သွားရွေးနေတဲ့အချိန်မှာတော့ Chopra က တူတူရှိမနေခဲ့ပါဘူးတဲ့။ Jonas နဲ့ သူ့ညီအကိုတော်တွေပဲ သွားပြီး ကျွန်မအတွက် လက်စွပ်ကို သွားရွေးခဲ့တာပါလို့ ပြောခဲ့ပြီး Nick Jonas ဟာ Chopra အပေါ် တော်တော်လေး ချစ်ပုံရပါတယ်။

ဒါကြောင့် Nick Jonas ဟာ Priyanka Chopra နဲ့ အိန္ဒိယရိုးရာ စေ့စပ်ပွဲမှာလည်း ရိုးရာဝတ်စုံဝတ်ပြီး တသားတည်းဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ မမနဲ့ မောင်လေးတို့ ချစ်ခရီးလမ်း သာယာဖြောင့်ဖြူးပါစေကြောင်း ဆုတောင်းရင်း…

Yoe Lu (Akhayar)

www.akhayar.com

Source : people.com