[Zawgyi]

အိႏိၵယကို ေဆြျပမ်ိဳးျပ အလည္သြားခဲ့ၾကတဲ့ Priyanka Chopra နဲ႔ Nick Jonas

ခုတေလာ လူမႈကြန္ရက္ေတြေပၚမွာ ပလူပ်ံေနတဲ့ အိႏိၵယမင္းသမီးေခ်ာ Priyanka Chopra နဲ႔ Jonas Brothers အဖြဲ႔ဝင္္ Nick Jonas တို႔ရဲ႕ အခ်စ္ေရးကေတာ့ တေန႔တျခား ပိုေသခ်ာလာခဲ့ပါျပီ။

Nick Jonas ဟာ Priyanka ကို သူ႔ရဲ့ ဝမ္းကြဲညီမ နယူးေယာက္ျမိဳ႕မွာ လုပ္တဲ့ မဂၤလာေဆာင္ကို ေဆြျပမိ်ဳးျပေခၚသြားျပီးတဲ့ေနာက္မွာ ဒီတစ္ခါမွာေတာ့ Priyanka ရဲ႕ အလွည့္ပါပဲ။ ဒါေၾကာင့္ပဲ Nick Jonas ဟာ Priyanka ရဲ႕ အေမ Madhu Chopra နဲ႔ ေတြ႔ဖို႔ Mumbai မြန္ဘိုင္းျမိဳ႕ကို လိုက္လာခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔က Priyanka နဲ႔ Nick Jonas ဟာ Mumbai မြန္ဘုိင္းျမိဳ႕က စားေသာက္ဆုိင္တစ္ခုေရွ႕မွာ လက္ခ်င္းတြဲျပီး သြားလာေနတာကို မီဒီယာေတြက သတိျပဳမိခဲ့ၾကပါတယ္။ ဆက္ျပီးေတာ့ သူတို႔ကို Priyanka ရဲ႕ အေမ Madhu နဲ႔  ေမာင္ေလးျဖစ္တဲ့ Siddharth Chopra တုိ႔နဲ႔လည္း အတူတြဲေတြ႔ခဲ့ၾကပါေသးတယ္။

ဒီလို အျပင္သြားေလွ်ာက္လည္ေနတဲ့ ပံုေတြ ပလူပ်ံေအာင္ ပြခဲ့သလိုပဲ Nick ဟာ သူနဲ႔ Priyanka ရဲ႕ အခ်စ္ေရးကို Priyanka ရဲ႕ ပံုေလးကို Instagarm ရဲ႕ Story မွာ တင္ျပီးေတာ့လည္း အတည္တြဲေနတာျဖစ္ေၾကာင္း ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

www.akhayar.com

Ref : www.huffingtonpost.in

[Unicode]

အိန္ဒိယကို ဆွေပြမျိုးပြ အလည်သွားခဲ့ကြတဲ့ Priyanka Chopra နဲ့ Nick Jonas

ခုတလော လူမှုကွန်ရက်တွေပေါ်မှာ ပလူပျံနေတဲ့ အိန္ဒိယမင်းသမီးချော Priyanka Chopra နဲ့ Jonas Brothers အဖွဲ့ဝင် Nick Jonas တို့ရဲ့ အချစ်ရေးကတော့ တနေ့တခြား ပိုသေချာလာခဲ့ပါပြီ။

Nick Jonas ဟာ Priyanka ကို သူ့ရဲ့ ဝမ်းကွဲညီမ နယူးယောက်မြို့မှာ လုပ်တဲ့ မင်္ဂလာဆောင်ကို ဆွေပြမျိုးပြခေါ်သွားပြီးတဲ့နောက်မှာ ဒီတစ်ခါမှာတော့ Priyanka ရဲ့ အလှည့်ပါပဲ။ ဒါကြောင့်ပဲ Nick Jonas ဟာ Priyanka ရဲ့ အမေ Madhu Chopra နဲ့ တွေ့ဖို့ Mumbai မွန်ဘိုင်းမြို့ကို လိုက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က Priyanka နဲ့ Nick Jonas ဟာ Mumbai မွန်ဘိုင်းမြို့က စားသောက်ဆိုင်တစ်ခုရှေ့မှာ လက်ချင်းတွဲပြီး သွားလာနေတာကို မီဒီယာတွေက သတိပြုမိခဲ့ကြပါတယ်။ ဆက်ပြီးတော့ သူတို့ကို Priyanka ရဲ့ အမေ Madhu နဲ့  မောင်လေးဖြစ်တဲ့ Siddharth Chopra တို့နဲ့လည်း အတူတွဲတွေ့ခဲ့ကြပါသေးတယ်။

ဒီလို အပြင်သွားလျှောက်လည်နေတဲ့ ပုံတွေ ပလူပျံအောင် ပွခဲ့သလိုပဲ Nick ဟာ သူနဲ့ Priyanka ရဲ့ အချစ်ရေးကို Priyanka ရဲ့ ပုံလေးကို Instagarm ရဲ့ Story မှာ တင်ပြီးတော့လည်း အတည်တွဲနေတာဖြစ်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

www.akhayar.com

Ref : www.huffingtonpost.in