[Zawgyi] 

ခ်စ္သူေတြဆိုတာ ေန႔တိုင္းမေတြ႔ျဖစ္ၾကေပမယ့္ ေန႔တို္င္းလိုလိုေတာ့ ဆက္သြယ္ျဖစ္ၾကပါတယ္။ Long Distance Relationship ေတြအတြက္ဆိုရင္ ဘယ္နည္းနဲ႔မဆို အဆက္အသြယ္မျပတ္ေစဖို႔ ႀကိဳးစားၾကပါတယ္။ ခ်စ္သူနွစ္ဦးဆက္သြယ္ၾကတဲ့အခါ လက္ထဲက ဖုန္းေလးေတြက အေထာက္အကူအျဖစ္ဆံုးပါပဲ။ အလုပ္ေတြမ်ားရတဲ့ၾကားမွာ ရတဲ့အခ်ိန္ေလးေတြဆို ဆက္သြယ္ဖို႔ အၿမဲႀကိဳးစားျဖစ္ၾကပါတယ္။ 

Between App Home Screen

ခ်စ္သူႏွစ္ဦးၾကားမွာ အမွတ္တရေတြဆိုတာ သိပ္မ်ားတာမဟုတ္လား။ အဲ့ဒီလိို အမွတ္တရေတြကို ႏွစ္ဦးၾကားမွာ သိမ္းထားဖို႔ ဓာတ္ပံုေတြနဲ႔မွတ္တမ္းတင္ေလ့ရွိၾကသလို Video နဲ႔လည္း သိမ္းထားေလ့ရွိၾကပါတယ္္။ အမွတ္တရေန႔ရက္ေလးေတြနဲ႔ ႏွစ္ေယာက္အတူ စတြဲျဖစ္ခဲ့ၾကတဲ့ေန႔ေလးကိုလည္း မွတ္္ထားၿပီးၾကည္ႏူးၾကရတာလည္း ခ်စ္သူနွစ္ဦးပါပဲ။ အဲ့ဒီလို အမွတ္တရေတြကို ဖုန္းကိုယ္စီနဲ ခ်စ္သူနွစ္ဦး အၿမဲအတူရွိသလို ခံစားရေစမယ့္ App ေလးတစ္ခုရွိပါတယ္။ အဲ့ဒီ App ေလးကေတာ့ Between လို႔ေခၚပါတယ္။ 

Upload Tab

အရင္ကဆို  First Date ကိုမွတ္ထားရတာ App တစ္ခု၊ ကိုယ့္ခ်စ္သူဆီ ဓာတ္ပံုေတြပို႔ဖို႔နဲ႔ သိမ္းဖို႔က ေနာက္ App တစ္ခု၊ အဲ့ဒီအျပင္ ခ်စ္သူနဲ႔ စကားေျပာဖို႔၊ Video Call ေခၚဖို႔နဲ႔၊ Voice Call ေတြေခၚဖို႔က ေနာက္ App တစ္ခုသံုးရနဲ႔ ဖုန္းထဲမွာ App ေတြအမ်ားႀကီး ႐ွဳတ္ေနၾကမယ္ထင္ပါတယ္။ အေပၚကေျပာခဲ့တာေတြအားလံုးကို Between ဆိုတဲ့ App ေလးမွာ အားလံုးလုပ္လို႔ရပါတယ္။ ခ်စ္သူႏွစ္ဦးၾကားမွာ အၿမဲနီးစပ္မႈကိုခံစားရေစမယ့္ App ေလးပါ။ App ကို App Store နဲ႔ Google Play မွာ အခမဲ့ ရယူႏိုင္ပါတယ္။ 

Shared Calendar

Between App မွာ လုပ္လို႔ရတာေတြကေတာ့ အမ်ားႀကီးပါပဲ။ သတိရရင္ျပန္ဖတ္ဖို႔ Note ေလးေတြေရးမွတ္တာ၊ ဓာတ္ပံုေတြသိမ္းတာ၊ Video ေတြသိမ္းတာ၊ ႏွစ္ေယာက္ အစီအစဥ္ဆြဲတာ၊ ႏွစ္ဦးတစ္ေန႔တာ အခ်ိန္ဇယားကို Share ေပးလို႔ရတာေတြအျပင္ ခ်စ္သူနွစ္ဦးေရာက္ေနတဲ့ ေနရာတစ္ခုစီရဲ႕ လက္ရွိရာသီဥတုအေျခအေနကိုပါ ျပေပးတာေၾကာင့္ ေမးစရာေမးခြန္းေတြလည္း ေလ်ာ့သြားတာေပါ့။ ဒါ့အျပင္ ခ်စ္သူကို ေျပာခ်င္တာေလးရွိရင္ Love Letter ဆိုတဲ့ Feature ေလးပါပါေသးတယ္။  App ေလးက သံုးရလြယ္ကူသလို စိတ္ႀကိဳက္ျပင္ဆင္လို႔လည္းရပါတယ္။ Wallpaper ေျပာင္းတာကအစ App တစ္ခုလံုးအတြက္ Theme ေျပာင္းတာအျပင္ App Icon ေလးကိုပါေျပာင္းလို႔ရပါတယ္။ ထူးျခားတဲ့တစ္ခုကေတာ့ Calculator App ပံုေလးပါ။ App ကို Icon ေျပာင္းၿပီး Lock ပါခ်ထားလို႔ရတာကိုေတာ့ သင္သေဘာက်မွာပါ။ 

Themes and Day ViewApp တစ္ခုတည္းမွာတင္ တစ္ေယာက္နဲ႔တစ္ေယာက္ ကိ္ုယ္ပုိင္ Schedule ေတြ Share ထားလို႔ရတဲ့ Calendar ေလးပါတာကလည္း ေတာ္ေတာ္ေကာင္းပါတယ္။ Chat ထဲမွာဆိုရင္လည္း Chat ထားတဲ့ Date ေတြကို အေသးစိတ္ျပန္ၾကည့္လို႔လြယ္ေစဖို႔ Chat Calendar လည္းပါပါတယ္။ App ကေတာ့ Couple ေတြအတြက္ အေကာင္းဆံုး App တစ္ခုလို႔ေျပာလို႔ရပါတယ္။ App ရဲ႕ Feature ေတာ္ေတာ္မ်ားမ်ားက အခမဲ့သံုးလို႔ရပါတယ္။ App ထဲမွာ ဝယ္သံုးရတာေတြလည္းရွိပါတယ္။ ဝယ္သံုးမယ္ဆိုရင္ေတာ့ ပိုေကာင္းပါတယ္။ ဝယ္သံုးသင့္တဲ့ App တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ Between App ေလးကို Couple အားလံုး သေဘာက်ၾကမယ္လို႔ထင္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Couple တွေအတွက် Private Messaging App တစ်ခု ဒါမှမဟုတ် Between

ချစ်သူတွေဆိုတာ နေ့တိုင်းမတွေ့ဖြစ်ကြပေမယ့် နေ့တိုင်းလိုလိုတော့ ဆက်သွယ်ဖြစ်ကြပါတယ်။ Long Distance Relationship တွေအတွက်ဆိုရင် ဘယ်နည်းနဲ့မဆို အဆက်အသွယ်မပြတ်စေဖို့ ကြိုးစားကြပါတယ်။ ချစ်သူနှစ်ဦးဆက်သွယ်ကြတဲ့အခါ လက်ထဲက ဖုန်းလေးတွေက အထောက်အကူအဖြစ်ဆုံးပါပဲ။ အလုပ်တွေများရတဲ့ကြားမှာ ရတဲ့အချိန်လေးတွေဆို ဆက်သွယ်ဖို့ အမြဲကြိုးစားဖြစ်ကြပါတယ်။ 

Between App Home Screen

ချစ်သူနှစ်ဦးကြားမှာ အမှတ်တရတွေဆိုတာ သိပ်များတာမဟုတ်လား။ အဲ့ဒီလို အမှတ်တရတွေကို နှစ်ဦးကြားမှာ သိမ်းထားဖို့ ဓာတ်ပုံတွေနဲ့မှတ်တမ်းတင်လေ့ရှိကြသလို Video နဲ့လည်း သိမ်းထားလေ့ရှိကြပါတယ်။ အမှတ်တရနေ့ရက်လေးတွေနဲ့ နှစ်ယောက်အတူ စတွဲဖြစ်ခဲ့ကြတဲ့နေ့လေးကိုလည်း မှတ်ထားပြီးကြည်နူးကြရတာလည်း ချစ်သူနှစ်ဦးပါပဲ။ အဲ့ဒီလို အမှတ်တရတွေကို ဖုန်းကိုယ်စီနဲ ချစ်သူနှစ်ဦး အမြဲအတူရှိသလို ခံစားရစေမယ့် App လေးတစ်ခုရှိပါတယ်။ အဲ့ဒီ App လေးကတော့ Between လို့ခေါ်ပါတယ်။ 

Upload Tab

အရင်ကဆို  First Date ကိုမှတ်ထားရတာ App တစ်ခု၊ ကိုယ့်ချစ်သူဆီ ဓာတ်ပုံတွေပို့ဖို့နဲ့ သိမ်းဖို့က နောက် App တစ်ခု၊ အဲ့ဒီအပြင် ချစ်သူနဲ့ စကားပြောဖို့၊ Video Call ခေါ်ဖို့နဲ့၊ Voice Call တွေခေါ်ဖို့က နောက် App တစ်ခုသုံးရနဲ့ ဖုန်းထဲမှာ App တွေအများကြီး ရှုတ်နေကြမယ်ထင်ပါတယ်။ အပေါ်ကပြောခဲ့တာတွေအားလုံးကို Between ဆိုတဲ့ App လေးမှာ အားလုံးလုပ်လို့ရပါတယ်။ ချစ်သူနှစ်ဦးကြားမှာ အမြဲနီးစပ်မှုကိုခံစားရစေမယ့် App လေးပါ။ App ကို App Store နဲ့ Google Play မှာ အခမဲ့ ရယူနိုင်ပါတယ်။ 

Shared Calendar

Between App မှာ လုပ်လို့ရတာတွေကတော့ အများကြီးပါပဲ။ သတိရရင်ပြန်ဖတ်ဖို့ Note လေးတွေရေးမှတ်တာ၊ ဓာတ်ပုံတွေသိမ်းတာ၊ Video တွေသိမ်းတာ၊ နှစ်ယောက် အစီအစဉ်ဆွဲတာ၊ နှစ်ဦးတစ်နေ့တာ အချိန်ဇယားကို Share ပေးလို့ရတာတွေအပြင် ချစ်သူနှစ်ဦးရောက်နေတဲ့ နေရာတစ်ခုစီရဲ့ လက်ရှိရာသီဥတုအခြေအနေကိုပါ ပြပေးတာကြောင့် မေးစရာမေးခွန်းတွေလည်း လျော့သွားတာပေါ့။ ဒါ့အပြင် ချစ်သူကို ပြောချင်တာလေးရှိရင် Love Letter ဆိုတဲ့ Feature လေးပါပါသေးတယ်။  App လေးက သုံးရလွယ်ကူသလို စိတ်ကြိုက်ပြင်ဆင်လို့လည်းရပါတယ်။ Wallpaper ပြောင်းတာကအစ App တစ်ခုလုံးအတွက် Theme ပြောင်းတာအပြင် App Icon လေးကိုပါပြောင်းလို့ရပါတယ်။ ထူးခြားတဲ့တစ်ခုကတော့ Calculator App ပုံလေးပါ။ App ကို Icon ပြောင်းပြီး Lock ပါချထားလို့ရတာကိုတော့ သင်သဘောကျမှာပါ။ 

Themes and Day ViewApp တစ်ခုတည်းမှာတင် တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင် Schedule တွေ Share ထားလို့ရတဲ့ Calendar လေးပါတာကလည်း တော်တော်ကောင်းပါတယ်။ Chat ထဲမှာဆိုရင်လည်း Chat ထားတဲ့ Date တွေကို အသေးစိတ်ပြန်ကြည့်လို့လွယ်စေဖို့ Chat Calendar လည်းပါပါတယ်။ App ကတော့ Couple တွေအတွက် အကောင်းဆုံး App တစ်ခုလို့ပြောလို့ရပါတယ်။ App ရဲ့ Feature တော်တော်များများက အခမဲ့သုံးလို့ရပါတယ်။ App ထဲမှာ ဝယ်သုံးရတာတွေလည်းရှိပါတယ်။ ဝယ်သုံးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဝယ်သုံးသင့်တဲ့ App တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Between App လေးကို Couple အားလုံး သဘောကျကြမယ်လို့ထင်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။