[Zawgyi]

သားသမီးေတြကုိ နည္းပညာပစၥည္းမသုံးေစတဲ့ Prince William နဲ႔ Kate Middleton

Prince William နဲ႔ Kate Middleton တုိ႔ဟာ Anti-Bullying Week အခမ္းအနားကုိ တက္ေရာက္ခဲ့ရာမွာ နည္းပညာပစၥည္းေတြဟာ ကေလးငယ္ေတြနဲ႔ ပတ္သက္ၿပီး ဘယ္လုိဆုိးက်ိဳးေတြ ေပးႏုိင္လဲဆုိတာ ဝင္ေရာက္ေဆြးေႏြးခဲ့ပါတယ္။ ဒါ့အျပင္ ကေလးငယ္ေတြကုိ စမတ္ဖုန္းနဲ႔ လူမႈကြန္ရက္ကုိ အသုံးမျပဳသင့္ဘူးလုိ႔ ဆုိပါတယ္။

“မိသားစုေတြၾကားမွာ လူမႈကြန္ရက္က အတားအဆီးလုိေတာင္ ျဖစ္ေနပါၿပီ။ ကေလးငယ္ေတြအေနနဲ႔ စမတ္ဖုန္းသုံးခုိင္းရင္ မျဖစ္သင့္တာေတြ ျဖစ္လာတတ္တယ္။ နည္းပညာေတြနဲ႔ ေဝးရာမွာပဲ ကေလးဘဝကုိ ကုန္ဆုံးသင့္တယ္။ ကစားကြင္းမွာေပါ့” လုိ႔ Prince William က ဆုိခဲ့ပါတယ္။

Prince William နဲ႔ Kate Middleton တုိ႔ဟာ သားေတာ္ Prince George နဲ႔ သမီးေတာ္ Princess Charlotte တုိ႔ကုိ နည္းပညာပစၥည္း မသုံးေစပါဘူး။ မိဘေတြကုိယ္တုိင္လည္း သူတုိ႔ေရွ႕ မွာ သုံးမျပပါဘူး။

၂ဝ၁၈ခုႏွစ္ဆန္းပုိင္းတုန္းက ဆြီဒင္ႏုိင္ငံကုိ ေရာက္တဲ့အခုိက္မွာ ကေလးငယ္ေတြအေနနဲ႔ ကစားကြင္းမွာ အခ်ိန္ကုန္ေနတာကုိ သေဘာက်ၿပီး Prince William နဲ႔ Kate Middleton တုိ႔ဟာ သားသမီးေတြကုိ ကစားကြင္းမွာ အခ်ိန္ကုန္ေစပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

သားသမီးတွေကို နည်းပညာပစ္စည်းမသုံးစေတဲ့ Prince William နဲ့ Kate Middleton

Prince William နဲ့ Kate Middleton တို့ဟာ Anti-Bullying Week အခမ်းအနားကို တက်ရောက်ခဲ့ရာမှာ နည်းပညာပစ္စည်းတွေဟာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ပေးနိုင်လဲဆိုတာ ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို စမတ်ဖုန်းနဲ့ လူမှုကွန်ရက်ကို အသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။

“မိသားစုတွေကြားမှာ လူမှုကွန်ရက်က အတားအဆီးလိုတောင် ဖြစ်နေပါပြီ။ ကလေးငယ်တွေအနေနဲ့ စမတ်ဖုန်းသုံးခိုင်းရင် မဖြစ်သင့်တာတွေ ဖြစ်လာတတ်တယ်။ နည်းပညာတွေနဲ့ ဝေးရာမှာပဲ ကလေးဘဝကို ကုန်ဆုံးသင့်တယ်။ ကစားကွင်းမှာပေါ့” လို့ Prince William က ဆိုခဲ့ပါတယ်။

Prince William နဲ့ Kate Middleton တို့ဟာ သားတော် Prince George နဲ့ သမီးတော် Princess Charlotte တို့ကို နည်းပညာပစ္စည်း မသုံးစေပါဘူး။ မိဘတွေကိုယ်တိုင်လည်း သူတို့ရှေ့ မှာ သုံးမပြပါဘူး။

၂ဝ၁၈ခုနှစ်ဆန်းပိုင်းတုန်းက ဆွီဒင်နိုင်ငံကို ရောက်တဲ့အခိုက်မှာ ကလေးငယ်တွေအနေနဲ့ ကစားကွင်းမှာ အချိန်ကုန်နေတာကို သဘောကျပြီး Prince William နဲ့ Kate Middleton တို့ဟာ သားသမီးတွေကို ကစားကွင်းမှာ အချိန်ကုန်စေပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com