[Zawgyi]

ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ ေတာ္ဝင္မင္းသားေလးရဲ႕ ေခါင္းေဆးမဂၤလာဓါတ္ပံုမ်ား

ပရိသတ္ေတြအားလံုးေစာင့္ေမွ်ာ္ေနၾကတဲ့ Cambridge ၿမိဳ႕စား Prince William နဲ႔ ၿမိဳ႕စားကေတာ္ Kate Middleton တို႔ရဲ႕ သားငယ္ေလး Prince Louis ကို ေခါင္းေဆးမဂၤလာျပဳတုန္းက မွတ္တမ္းတင္႐ိုက္ကူးခဲ့တဲ့ မိသားစုပံုေတြကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။

ဒီပံုေတြကို ၿဗိတိန္ဓါတ္ပံုဆရာ Matt Holyoak က ႐ိုက္ကူးခဲ့တာျဖစ္ၿပီး Prince Charles နဲ႔ ဇနီး Cornwall ၿမိဳ႕စားကေတာ္ Camilla အျပင္ Sussex ၿမိဳ႕စား Prince Harry နဲ႔ ၿမိဳ႕စားကေတာ္ Meghan Markle တို႔ ေတာ္ဝင္မိသားစုေတြ စုေပါင္းပါဝင္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

ေတာ္ဝင္မိသားစုေတြ အကုန္ပါဝင္႐ိုက္ကူးခဲ့တဲ့အျပင္ မင္းသားေလး Louis ရဲ႕ ေခါင္းကိုင္မိဘေတြျဖစ္တဲ့ Nicholas Van Cutsem ၊ Lucy Middleton ၊ Guy Pelly ၊ Harry Aubrey-Fletcher ၊ Lady Laura Meade နဲ႔ Hannah Carter တို႔ ပါဝင္အားျဖည့္ခဲ့ပါတယ္။

ဧၿပီလ ၂၃ ရက္ေန႔မွာ ေမြးဖြားတဲ့ မင္းသားေလး Louis ကို London ၿမိဳ႕မွာရွိတဲ့ St. James နန္းေတာ္ထဲမွာ ေခါင္းေဆးမဂၤလာအခမ္းအနားဆင္ႏႊဲခဲ့တာျဖစ္ပါတယ္။ အဲ့ဒီပြဲကို ၂ဖက္မိဘအျပင္ ေတာ္ဝင္မိသားစုအနည္းငယ္နဲ႔သာ သီးသန္႔က်င္းပခဲ့တာျဖစ္ၿပီး ထူးျခားခ်က္တစ္ခုကေတာ့ မင္းသားေလး Louis ရဲ႕ ေခါင္းေဆးမဂၤလာပြဲဟာ Cambridge မိသားစု ၅ဦးလံုး ပထမဆံုး စံုစံုညီညီ မွတ္တမ္းတင္ဓါတ္ပံု႐ိုက္ခြင့္ရတဲ့အခ်ိန္ျဖစ္ၿပီး ဒီပြဲေလးကို ျပန္ေအာက္ေမ့ေနေစမယ့္ အမွတ္တရေတြဖန္တီးႏိုင္ခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ပရိသတ်တွေစောင့်မျှော်နေတဲ့ တော်ဝင်မင်းသားလေးရဲ့ ခေါင်းဆေးမင်္ဂလာဓါတ်ပုံများ

ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ Cambridge မြို့စား Prince William နဲ့ မြို့စားကတော် Kate Middleton တို့ရဲ့ သားငယ်လေး Prince Louis ကို ခေါင်းဆေးမင်္ဂလာပြုတုန်းက မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ မိသားစုပုံတွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

ဒီပုံတွေကို ဗြိတိန်ဓါတ်ပုံဆရာ Matt Holyoak က ရိုက်ကူးခဲ့တာဖြစ်ပြီး Prince Charles နဲ့ ဇနီး Cornwall မြို့စားကတော် Camilla အပြင် Sussex မြို့စား Prince Harry နဲ့ မြို့စားကတော် Meghan Markle တို့ တော်ဝင်မိသားစုတွေ စုပေါင်းပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တော်ဝင်မိသားစုတွေ အကုန်ပါဝင်ရိုက်ကူးခဲ့တဲ့အပြင် မင်းသားလေး Louis ရဲ့ ခေါင်းကိုင်မိဘတွေဖြစ်တဲ့ Nicholas Van Cutsem ၊ Lucy Middleton ၊ Guy Pelly ၊ Harry Aubrey-Fletcher ၊ Lady Laura Meade နဲ့ Hannah Carter တို့ ပါဝင်အားဖြည့်ခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာ မွေးဖွားတဲ့ မင်းသားလေး Louis ကို London မြို့မှာရှိတဲ့ St. James နန်းတော်ထဲမှာ ခေါင်းဆေးမင်္ဂလာအခမ်းအနားဆင်နွှဲခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲကို ၂ဖက်မိဘအပြင် တော်ဝင်မိသားစုအနည်းငယ်နဲ့သာ သီးသန့်ကျင်းပခဲ့တာဖြစ်ပြီး ထူးခြားချက်တစ်ခုကတော့ မင်းသားလေး Louis ရဲ့ ခေါင်းဆေးမင်္ဂလာပွဲဟာ Cambridge မိသားစု ၅ဦးလုံး ပထမဆုံး စုံစုံညီညီ မှတ်တမ်းတင်ဓါတ်ပုံရိုက်ခွင့်ရတဲ့အချိန်ဖြစ်ပြီး ဒီပွဲလေးကို ပြန်အောက်မေ့နေစေမယ့် အမှတ်တရတွေဖန်တီးနိုင်ခဲ့ပါတယ်။

EiEiKhineMinn (Akhayar)