တော်ဝင်သတင်းထောက်တစ်ဦးဖြစ်တဲ့ Roya Nikkhah ကThe Sunday Times မှာ မနေ့ကရေးသားခဲ့တဲ့ သတင်းတစ်ခုအရ Prince Harry နဲ့ Prince William တို့ဟာ တစ်ပတ်အတွင်းမှာ တော်ဝင်အိမ်ထောင်စုကနေ ခွဲထွက်ပြီး သူ့နည်းသူ့ဟန်နဲ့ တာဝန်အမှုကိစ္စတွေကို လုပ်ဆောင်သွားကြတော့မယ်ဆိုပြီး ရေးသားခဲ့ကြပါတယ်။ Meghan Markle ရဲ့ မွေးဖွားမှုကလည်း တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကလေးမီးမဖွားခင်မှာ နန်းတော်ကနေထွက်ခွာမှုတွေကို တတ်နိုင်သမျှ ပြီးအောင်လုပ်သွားမယ်ဆိုပြီးတော့လည်း ကြေညာထားပါတယ်။

Prince Harry နဲ့ Meghan Markle တို့ဟာ အရင်နေထိုင်ခဲ့တဲ့ Kensington Palace ရှိ Nottingham Cottage ကို စွန့်ခွာပြီး Windsor မှာရှိတဲ့ Frogmore Cottage မှာ ရင်သွေးလေး မမွေးဖွားခင် ပြောင်းရွေ့နေထိုင်သွားကြမှာဖြစ်ပါတယ်။

တော်ဝင်သတင်းထောက် Nikkhah ရဲ့ ရေးသားချက်အရဆို Princess Harry ဟာ သူရဲ့ ပထမဦးဆုံးရင်သွေးလေး မမွေးဖွားခင်မှာ သီးခြားကိုယ်ပိုင်နန်းတော်ကို ဖန်တီးဖို့အတွက် စိတ်ကူးရှိနေခဲ့ပါတယ်။ ဒီလိုခွဲထွက်ခြင်းဟာ ပုံမှန်ဖြစ်ပြီး Prince William မိသားစုနဲ့ Prince Harry မိသားစုတို့ဟာ ကိုယ်ပိုင်ထမ်းရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ကိုယ်စီ ကိုယ်စီ ကျေပွန်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခွဲထွက်ပြီးတဲ့နောက်မှာလည်း သူတို့ရဲ့ ဇနီးမယားတွေက သူတို့ရဲ့ ကွဲပြားတဲ့ တာဝန်တွေကို သူ့နည်းသူ့ဟန်နဲ့ ကျေပွန်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

The Sunday Time ကလည်း ဒီလိုခွဲထွက်ခြင်းဟာ ဒီစုံတွဲနှစ်တွဲရဲ့ ရှေ့အနာဂတ်ကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်ဆိုပြီး မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ တစ်နေ့မှာ Prince Charles က ထီးနန်းအရိုက်အရာကို ဆက်ခံရရှိတဲ့အခါ Prince William ဟာ Prince of Wales ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူပြီး ဒီဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ တာဝန်တွေကိုပါ ထပ်ဆောင်းပြီး ထမ်းရွက်ရမှာ ဖြစ်ပါတယ်။ ပြောင်းပြန်အနေနဲ့ Prince Harry ကတော့ Prince William တို့ရရှိတဲ့ အခွင့်အရေးမျိုးကို ရရှိမှာမဟုတ်ဘဲ လိုအပ်ရင်တောင် သူတို့ကိုယ်ပိုင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကိုတောင် မေ့ပြီး Prince William ကို ကူညီပံ့ပိုးပေးကြရမှာ ဖြစ်ပါတယ်။

တော်ဝင်သတင်းရင်းမြစ်တစ်ခုကနေ The Sunday Time ကို ပြောကြားချက်အရ Prince William နဲ့ Prince Harry ဟာ သူတို့ရဲ့ ဇနီးမယားတွေအတွက် ကိုယ်ပိုင်ရုံးခန်းတွေ ဖန်တီးပေးကြပြီး အနာဂတ်အတွက် အစီအစဉ်တွေကိုလည်း ချမှတ်ပေးနေကြပါတယ်။ သူတို့ညီအကိုတွေဟာ တော်ဝင်ရေးရာတွေကိုလည်း လုပ်ဆောင်ပြီး ကိုယ်ပိုင်ရုံးခန်း ဖန်တီးပေးဖို့ တွဲဖက်လုပ်ဆောင်ကာ သူတို့ဖန်တီးထားတဲ့ မိသားစုအပေါ် တာဝန်ကျေအောင် လုပ်ဆောင်ပေးဖို့ ကြိုးစားနေကြပါတယ်။

၂၀၁၉ ဟာ တော်ဝင်မိသားစုအတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်တဲ့နှစ်ပါ။ ဒီလိုခွဲထွက်လိုက်ပြီးဆိုတော့ သူတို့ စုံတွဲနှစ်တွဲ ပေါင်းစည်းပြီး ချိုမြိန်တဲ့အမှတ်တရ ဖန်တီးတာတွေ၊ အလုပ်တွေ အတူတကွ တွဲဖက်လုပ်ဆောင်တာတွေကို တစ်ဖန်ပြန်လည်မြင်တွေ့ရဖို့ကတော့ မလွယ်တော့ပါဘူး။

H.H(Akhayar)

www.akhayar.com