[Zawgyi]

Audi RS6 Avant ကားႀကီးကုိ ေရာင္းခ်ဖုိ႔ စီစဥ္ေနတဲ့ Prince Harry

လူတိုင္းမွာ မတူညီတဲ႔ ဝါသနာေတြရွိတတ္ၾကပါတယ္။ တခ်ဳိ႕က စာေရးစာဖတ္ရတာ ဝါသနာပါတဲ့သူ၊ အားကစားလုပ္ရတာ၊ လက္မႈပစၥည္းေလးေတြ ျပဳလုပ္ရတာ၊ ေရွးေဟာင္းပစၥည္းေတြ စုေဆာင္းရတာ အစရွိသျဖင္႔ ကဲြျပားတဲ႔ ဝါသနာေတြ ရွိၾကပါတယ္။ တခ်ဳိ႕ၾကေတာ့လည္း ထူးထူးျခားျခားေလးေတြ စုရတာ ဝါသနာပါတာမ်ဳိးလည္း ရွိၾကပါတယ္။ အဲဒီလိုဝါသနာပါလို႔ စုေဆာင္းတဲ႔အထဲမွာမွ ေတာ္ဝင္မ်ဳိးႏြယ္ေတြနဲ႔ သက္ဆိုင္တဲ႔ ပစၥည္းေတြကို စုေဆာင္းရတာ ခံုမင္သူေတြအတြက္ေတာ့ သတင္းေကာင္းတစ္ခု ရွိပါတယ္။

အဲ့သတင္းေကာင္းကေတာ့ Prince Harry ဟာ သူအႀကိဳက္အႏွစ္သက္ဆံုး Sport Car ကိုု ေရာင္းခ်ေတာ့မွာျဖစ္လို႔ ေတာ္ဝင္မ်ဳိးႏြယ္ အသံုးျပဳခဲ့တဲ႔ကားကို ပိုင္ဆိုင္ႏိုင္မယ္႔ အခြင္႔အေရးေကာင္းကို ရရွိေတာ့မွာ ျဖစ္ပါတယ္။ Prince Harry ေရာင္းခ်မယ္႔ Sport Car က ၂၀၁၇ Audi RS6 Avant ကားျဖစ္ၿပီး ေပါင္ ၇၁,၀၀၀( $ ၉၃,၀၀၀ ဝန္းက်င္) နဲ႔ ဝယ္ယူရရွိႏိုင္မွာ ျဖစ္ပါတယ္။

Audi RS6 Avant

Audi RS6 Avant

Prince Harry ရဲ႕ အႀကိဳက္ႏွစ္သက္ဆံုး ကားျဖစ္ရဲ႕သားနဲ႔ ဘာေၾကာင္႔ေရာင္းခ်ဖို႔ စိတ္ထက္သန္ေနရတာလဲလို႔ လူအခ်ဳိ႕ကေတြးေတာေနၾကပါတယ္။ အခ်ဳိ႕ကေတာ့ Prince Harry နဲ႔ Meghan Markle ႏွစ္ေယာက္စီးလုိ႔ရမယ့္အျပင္ တိုးလားမယ့္မိသားစုဝင္ပါ ဝင္ဆံ့ႏိုင္မယ္႔ က်ယ္က်ယ္ဝန္းဝန္း ကားသစ္ကုိ ရွာေဖြေနတာလို႔လည္း ထင္ေၾကးေတြေပးေနၾကပါတယ္။ ဒါကိုၾကည္႔ခ်င္အားျဖင္႔ Harry နဲ႔ သူရဲ႕ခ်စ္ဇနီးေလး Markle တို႔မွာ မိသားစုဝင္အသစ္တိုးလာဖို႔ အစီအစဥ္ရွိတယ္လို႔ ယူဆေကာင္းယူဆလို႔ရတဲ႔ အေျခအေနမ်ဳိးမွာ ရွိေနပါတယ္။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

Prince Harry ေရာင္းခ်မယ္႔ Audi က လူေတြေမွ်ာ္လင္္႔ထားသလိုမ်ဳိး ေဟာင္းႏြမ္းၿပီး ခရီးမိုင္ေပါင္းေတာ္ေတာ္ေဝးေဝးကို မသြားႏိုင္ေတာ့တဲ႔ ကားမ်ဳိးမဟုတ္ဘဲ အသစ္စက္စက္ရွိေသးတဲ႔ ကားမ်ဳိးျဖစ္ပါတယ္။ The 2017 Audi RS6 Avant က သတင္းေတြအရ မိုင္ေပါင္း ၄,၅၀၀ အထိပဲ ေမာင္းႏွင္ထားပါေသးတယ္။ ဒါအျပင္ အဆိုပါကားမွာ အံၾသဖြယ္ေကာင္းတဲ႔ Panoramic Sunroof န႔ဲ Privacy Glass ေတြ ပါဝင္ပါေသးတယ္။

Audi RS6 wagon

Audi RS6 wagon

The 2017 Audi RS6 Avant က သာမန္ရုိးရုိး Audi ကားမ်ဳိး မဟုတ္ပါဘူး။ ၂၀၁၇ ခုနစ္တုန္းက ထိုကားရဲ႕ ဓာတ္ပံုေတြကို သတင္းစာေတြရဲ႕ ေခါင္းႀကီးပိုင္းမွာ ေဝေဝဆာဆာ ေနရာယူေဖာ္ျပျခင္းခံခဲ႔ရတဲ႔ ကားမ်ဳိးျဖစ္ပါတယ္။ အဆိုပါကားက သတင္းေတြအရေတာ့ Pippa Middleton ရဲ႕ မဂၤလာပဲြကို တက္ေရာက္ဖို႔ Meghan Markle ကို Prince Harry သြားေရာက္ေခၚယူခဲ႔တုန္းက စီးခဲ႔တဲ႔ကားနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

Prince Harry

Prince Harry

ကားအေကာင္းႀကီးျဖစ္ၿပီး အႀကိဳက္ႏွစ္သက္ဆံုးကားလည္း ျဖစ္ရဲ႕သားနဲ႔ ဘာေၾကာင္႔ အျမန္ေရာင္းခ်ျခင္းေနရလဲဆိုတာကို လူတိုင္းက စိတ္ဝင္စားၿပီး အမ်ဳိးမ်ဳိးထင္ေၾကးေပးေနၾကပါတယ္။ Twitter ေပၚရွိ Auto Trader ေပၚမွာတင္ၿပီး ေၾကာ္ျငာထားတဲ႔ ေၾကညာခ်က္အရ Sussex’s ၿမိဳ႕စားကေတာ္ ၃၇ ႏွစ္ျပည္႔ ေမြးေန႔မေရာက္ခင္ အျမန္ေရာင္းထြက္ခ်င္ေၾကာင္း ေၾကညာထားတာကို ေတြ႔ရပါတယ္။

အတည္ျပဳခ်က္ မထြက္ေပၚေသးေပမယ္႔ Harry ဟာ ေနာက္ထပ္ဝယ္မယ္႔ကားအတြက္ SUV (Sport Utility Vehicle) အမ်ဳိးအစားကို ရွာေဖြၾကည့္ရႈေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ကဲ…ဘယ္သူကမ်ား Prince Harry ရဲ႕ အႀကိဳက္ႏွစ္သက္ဆံုး ၿပိဳင္ကားႀကီးကို လက္ဝယ္ပိုင္ဆုိင္သြားမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

H.H(Akhayar)

www.akhayar.com

[Unicode]

Audi RS6 Avant ကားကြီးကို ရောင်းချဖို့ စီစဉ်နေတဲ့ Prince Harry

လူတိုင်းမှာ မတူညီတဲ့ ဝါသနာတွေရှိတတ်ကြပါတယ်။ တချို့က စာရေးစာဖတ်ရတာ ဝါသနာပါတဲ့သူ၊ အားကစားလုပ်ရတာ၊ လက်မှုပစ္စည်းလေးတွေ ပြုလုပ်ရတာ၊ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ အစရှိသဖြင့် ကွဲပြားတဲ့ ဝါသနာတွေ ရှိကြပါတယ်။ တချို့ကြတော့လည်း ထူးထူးခြားခြားလေးတွေ စုရတာ ဝါသနာပါတာမျိုးလည်း ရှိကြပါတယ်။ အဲဒီလိုဝါသနာပါလို့ စုဆောင်းတဲ့အထဲမှာမှ တော်ဝင်မျိုးနွယ်တွေနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို စုဆောင်းရတာ ခုံမင်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။

အဲ့သတင်းကောင်းကတော့ Prince Harry ဟာ သူအကြိုက်အနှစ်သက်ဆုံး Sport Car ကို ရောင်းချတော့မှာဖြစ်လို့ တော်ဝင်မျိုးနွယ် အသုံးပြုခဲ့တဲ့ကားကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကောင်းကို ရရှိတော့မှာ ဖြစ်ပါတယ်။ Prince Harry ရောင်းချမယ့် Sport Car က ၂၀၁၇ Audi RS6 Avant ကားဖြစ်ပြီး ပေါင် ၇၁,၀၀၀( $ ၉၃,၀၀၀ ဝန်းကျင်) နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Audi RS6 Avant

Audi RS6 Avant

Prince Harry ရဲ့ အကြိုက်နှစ်သက်ဆုံး ကားဖြစ်ရဲ့သားနဲ့ ဘာကြောင့်ရောင်းချဖို့ စိတ်ထက်သန်နေရတာလဲလို့ လူအချို့ကတွေးတောနေကြပါတယ်။ အချို့ကတော့ Prince Harry နဲ့ Meghan Markle နှစ်ယောက်စီးလို့ရမယ့်အပြင် တိုးလားမယ့်မိသားစုဝင်ပါ ဝင်ဆံ့နိုင်မယ့် ကျယ်ကျယ်ဝန်းဝန်း ကားသစ်ကို ရှာဖွေနေတာလို့လည်း ထင်ကြေးတွေပေးနေကြပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် Harry နဲ့ သူရဲ့ချစ်ဇနီးလေး Markle တို့မှာ မိသားစုဝင်အသစ်တိုးလာဖို့ အစီအစဉ်ရှိတယ်လို့ ယူဆကောင်းယူဆလို့ရတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

Prince Harry ရောင်းချမယ့် Audi က လူတွေမျှော်လင့််ထားသလိုမျိုး ဟောင်းနွမ်းပြီး ခရီးမိုင်ပေါင်းတော်တော်ဝေးဝေးကို မသွားနိုင်တော့တဲ့ ကားမျိုးမဟုတ်ဘဲ အသစ်စက်စက်ရှိသေးတဲ့ ကားမျိုးဖြစ်ပါတယ်။ The 2017 Audi RS6 Avant က သတင်းတွေအရ မိုင်ပေါင်း ၄,၅၀၀ အထိပဲ မောင်းနှင်ထားပါသေးတယ်။ ဒါအပြင် အဆိုပါကားမှာ အံသြဖွယ်ကောင်းတဲ့ Panoramic Sunroof နဲ့ Privacy Glass တွေ ပါဝင်ပါသေးတယ်။

Audi RS6 wagon

Audi RS6 wagon

The 2017 Audi RS6 Avant က သာမန်ရိုးရိုး Audi ကားမျိုး မဟုတ်ပါဘူး။ ၂၀၁၇ ခုနစ်တုန်းက ထိုကားရဲ့ ဓာတ်ပုံတွေကို သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဝေဝေဆာဆာ နေရာယူဖော်ပြခြင်းခံခဲ့ရတဲ့ ကားမျိုးဖြစ်ပါတယ်။ အဆိုပါကားက သတင်းတွေအရတော့ Pippa Middleton ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ Meghan Markle ကို Prince Harry သွားရောက်ခေါ်ယူခဲ့တုန်းက စီးခဲ့တဲ့ကားနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Prince Harry

Prince Harry

ကားအကောင်းကြီးဖြစ်ပြီး အကြိုက်နှစ်သက်ဆုံးကားလည်း ဖြစ်ရဲ့သားနဲ့ ဘာကြောင့် အမြန်ရောင်းချခြင်းနေရလဲဆိုတာကို လူတိုင်းက စိတ်ဝင်စားပြီး အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။ Twitter ပေါ်ရှိ Auto Trader ပေါ်မှာတင်ပြီး ကြော်ငြာထားတဲ့ ကြေညာချက်အရ Sussex’s မြို့စားကတော် ၃၇ နှစ်ပြည့် မွေးနေ့မရောက်ခင် အမြန်ရောင်းထွက်ချင်ကြောင်း ကြေညာထားတာကို တွေ့ရပါတယ်။

အတည်ပြုချက် မထွက်ပေါ်သေးပေမယ့် Harry ဟာ နောက်ထပ်ဝယ်မယ့်ကားအတွက် SUV (Sport Utility Vehicle) အမျိုးအစားကို ရှာဖွေကြည့်ရှုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကဲ…ဘယ်သူကများ Prince Harry ရဲ့ အကြိုက်နှစ်သက်ဆုံး ပြိုင်ကားကြီးကို လက်ဝယ်ပိုင်ဆိုင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

H.H(Akhayar)

www.akhayar.com

မိသားစုဝင်အသစ်တိုးတော့မှာမို့ ကားလဲဖို့ စီစဉ်နေတာများလား