[Zawgyi]

Prince Harry နဲ႔ Meghan Markle တို႔ရဲ႕ သူငယ္ခ်င္းအသစ္ကေလး

မင္းသား Harry နဲ႔ သူရဲ႕ ဇနီးေခ်ာေလး Meghan တို႔ကို မၾကာခင္ကပဲ Claridge’s ဟိုတယ္အနားတ၀ိုက္မွာ အိမ္ေမြးေခြးေလးတစ္ေကာင္နဲ႔ လမ္းေလွ်ာက္ထြက္ေနတာကို ေတြ႕ၾကတယ္လို႔ သတင္းေထာက္ေတြက ေျပာေနၾကပါတယ္။ ၾကည့္ရတာကေတာ့ သူတို႔ႏွစ္ဦး ေခြးေလးတစ္ေကာင္ ေမြးလုိက္ျပန္ၿပီထင္ပါတယ္ေနာ္။ သတင္းေထာက္ေတြကေတာ့ Harry နဲ႔ Meghan တို႔ဟာ ေျခေလးေခ်ာင္းပါတဲ့သူငယ္ခ်င္းတစ္ေယာက္ကို ေတာ္၀င္မိသားစုထဲ ေခၚလာၿပီလို႔ ေျပာၾကပါတယ္။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

သူတို႔ေျပာပံုအရဆိုရင္ အဲဒီ့ေခြးေလးဟာ Labrador Retriever အမ်ိဳးအစားျဖစ္ပါလိမ့္မယ္။ ျမန္မာႏုိင္ငံမွာလည္း လူႀကိဳက္မ်ားတဲ့အိမ္ေမြးေခြးအမ်ိဳးအစားတစ္ခုပါ။ ဒီ Labrador Retriever ေလးေတြဟာ United Kingdom မွာေတာ့ အေမြးအမ်ားဆံုးအိမ္ေမြးတိရစာၦန္ေတြထဲက တစ္ေကာင္ေပါ့။

Labrador Retriever

Labrador Retriever

သူတို႔ဟာ ဇြန္လအေစာပိုင္းေလာက္ကတည္းက ဒီေခြးေလးကို ေမြးထားၾကတယ္လို႔ ခန္႔မွန္းၾကပါတယ္။ Harry နဲ႔ Meghan တို႔ႏွစ္ဦး Cotswolds ကို ခရီးထြက္တုန္းကလည္း ဒီေခြးေလးနဲ႔ပဲ အခ်ိန္ေတာ္ေတာ္ျဖဳန္းခဲ့ၾကေသးတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူတို႔ဟာ သူငယ္ခ်င္းအသစ္ေလးနဲ႔ တြဲလွ်က္ရိုက္ကူးထားတဲ့ပံုေတြကေတာ့ မထြက္ေပၚလာေသးပါဘူး။

Meghan Markle and her Beagle "Guy"

Meghan Markle and her Beagle “Guy”

အခုဆိုရင္ေတာ့ Harry နဲ႔ Medgan ဆီမွာ ေခြးေလးႏွစ္ေကာင္ေတာင္ ရွိလာၿပီျဖစ္ၿပီး ပထမတစ္ေကာင္ကေတာ့ တျခားေနရာကေန ကယ္တင္ထားတဲ့ Beagle အမ်ိဳးအစားေခြးေလးျဖစ္ၿပီး နာမည္ကေတာ့ Guy လို႔ေခၚပါတယ္။ မဂၤလာပြဲတုန္းကေတာင္ Meghan မိတ္ကပ္ျပင္ၿပီးသြားတဲ့အခ်ိန္မွာ ၿဗိတိန္အလံကို အက်ႌအျဖစ္၀တ္ဆင္ထားတဲ့ Guy ေလးဟာ Meghan နဲ႔ ေဆာ့ကစားေနတယ္လို႔ ေျပာၾကပါတယ္။

အိမ္ေမြးေခြးေလးေတြ ေမြးၾကတာက ေတာ္၀င္မိသားစုရဲ႕ စတိုင္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ၿပီးေတာ့ ေတာ္၀င္မိသားစု၀င္ေတြကလည္း အိမ္ေမြးတိရစာၦန္ေတြထဲမွာမွ ေခြးေလးေတြကို ေတာ္ေတာ္ခ်စ္ၾကတာကိုလည္း ေတြ႕ရပါတယ္။

Prince William and Kate Middleton with their dog

Prince William and Kate Middleton with their dog

William နဲ႔ Kate ဟာဆိုရင္လည္း Cocker Spaniel နဲ႔ Lupo ေခြးေလးေတြကို သူတို႔မဂၤလာပြဲဆင္ႏႊဲၿပီး မၾကာခင္ပဲ ေမြးခဲ့ၾကတာကို ေတြ႕ခဲ့ရပါတယ္။

Queen Elizabeth II with her dogs

Queen Elizabeth II with her dogs

ဒီလိုပဲ ဘုရင္မႀကီး Elizabeth II ဟာဆိုရင္လည္း Corgis နဲ႔ Dorgis အမ်ိဳးအစားေခြးေလးေတြကို အရမ္းခ်စ္တယ္လို႔ နာမည္ႀကီးပါတယ္။

Prince Charles and Camilla Parker Bowles with their dogs

Prince Charles and Camilla Parker Bowles with their dogs

ေနာက္ၿပီး Charles မင္းသားနဲ႔ Camilla ရဲ႕ အႀကိဳက္ကေတာ့ Jack Russell Terriers ျဖစ္ပါတယ္။ ကြယ္လြန္သြားၿပီျဖစ္တဲ့ Windsor ၿမိဳ႕စားႀကီးနဲ႔ ၿမိဳ႕စားကေတာ္ Wallis Simpson မွာဆိုရင္လည္း Pug အမ်ိဳးအစားေခြးေလးေတြ အမ်ားႀကီးေမြးခဲ့ဖူးပါတယ္။

The Duke of Windsor and Wallis Simpson with their dogs

The Duke of Windsor and Wallis Simpson with their dogs

ဒီလထဲမွာပဲ မင္းသမီးေလး Beatrice နဲ႔ Eugenie တို႔ဟာ သူတို႔ရဲ႕ အခ်စ္ေတာ္ေခြးေလးမ်ားျဖစ္ၾကတဲ့ Norfolk Terriers ေလးမ်ားနဲ႔အတူတူ British Vogue အတြက္ ဓာတ္ပံုေလးမ်ားရိုက္ကူးေပးခဲ့ပါေသးတယ္။

Princesses Beatrice and Eugenie with their dogs

Princesses Beatrice and Eugenie with their dogs

Meghan Markle ဟာဆိုရင္လည္း အရင္ထဲက ေခြးခ်စ္သူတစ္ေယာက္ျဖစ္ေလေတာ့ သူတို႔ ဘယ္လိုပံုစံမ်ိဳး Labrador Retriever ေလးကို ေမြးထားလဲဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ။ ေတာ္၀င္မိသားစု၀င္ေတြအားလံုး စိတ္တူကိုယ္တူေခြးခ်စ္တတ္မႈကလည္း မ်ိဳးရိုးလိုက္တယ္ ထင္ပါရဲ႕။

Ref : Vogue

Moethaesay (Akhayar)

[Unicode]

Prince Harry နဲ့ Meghan Markle တို့ရဲ့ သူငယ်ချင်းအသစ်ကလေး

မင်းသား Harry နဲ့ သူရဲ့ ဇနီးချောလေး Meghan တို့ကို မကြာခင်ကပဲ Claridge’s ဟိုတယ်အနားတဝိုက်မှာ အိမ်မွေးခွေးလေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်နေတာကို တွေ့ကြတယ်လို့ သတင်းထောက်တွေက ပြောနေကြပါတယ်။ ကြည့်ရတာကတော့ သူတို့နှစ်ဦး ခွေးလေးတစ်ကောင် မွေးလိုက်ပြန်ပြီထင်ပါတယ်နော်။ သတင်းထောက်တွေကတော့ Harry နဲ့ Meghan တို့ဟာ ခြေလေးချောင်းပါတဲ့သူငယ်ချင်းတစ်ယောက်ကို တော်ဝင်မိသားစုထဲ ခေါ်လာပြီလို့ ပြောကြပါတယ်။

Prince Harry and Meghan Markle

Prince Harry and Meghan Markle

သူတို့ပြောပုံအရဆိုရင် အဲဒီ့ခွေးလေးဟာ Labrador Retriever အမျိုးအစားဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့အိမ်မွေးခွေးအမျိုးအစားတစ်ခုပါ။ ဒီ Labrador Retriever လေးတွေဟာ United Kingdom မှာတော့ အမွေးအများဆုံးအိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ကောင်ပေါ့။

Labrador Retriever

Labrador Retriever

သူတို့ဟာ ဇွန်လအစောပိုင်းလောက်ကတည်းက ဒီခွေးလေးကို မွေးထားကြတယ်လို့ ခန့်မှန်းကြပါတယ်။ Harry နဲ့ Meghan တို့နှစ်ဦး Cotswolds ကို ခရီးထွက်တုန်းကလည်း ဒီခွေးလေးနဲ့ပဲ အချိန်တော်တော်ဖြုန်းခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ သူငယ်ချင်းအသစ်လေးနဲ့ တွဲလျှက်ရိုက်ကူးထားတဲ့ပုံတွေကတော့ မထွက်ပေါ်လာသေးပါဘူး။

Meghan Markle and her Beagle "Guy"

Meghan Markle and her Beagle “Guy”

အခုဆိုရင်တော့ Harry နဲ့ Medgan ဆီမှာ ခွေးလေးနှစ်ကောင်တောင် ရှိလာပြီဖြစ်ပြီး ပထမတစ်ကောင်ကတော့ တခြားနေရာကနေ ကယ်တင်ထားတဲ့ Beagle အမျိုးအစားခွေးလေးဖြစ်ပြီး နာမည်ကတော့ Guy လို့ခေါ်ပါတယ်။ မင်္ဂလာပွဲတုန်းကတောင် Meghan မိတ်ကပ်ပြင်ပြီးသွားတဲ့အချိန်မှာ ဗြိတိန်အလံကို အင်္ကျီအဖြစ်ဝတ်ဆင်ထားတဲ့ Guy လေးဟာ Meghan နဲ့ ဆော့ကစားနေတယ်လို့ ပြောကြပါတယ်။

အိမ်မွေးခွေးလေးတွေ မွေးကြတာက တော်ဝင်မိသားစုရဲ့ စတိုင်လို့တောင် ပြောလို့ရပါတယ်။ ပြီးတော့ တော်ဝင်မိသားစုဝင်တွေကလည်း အိမ်မွေးတိရစ္ဆာန်တွေထဲမှာမှ ခွေးလေးတွေကို တော်တော်ချစ်ကြတာကိုလည်း တွေ့ရပါတယ်။

Prince William and Kate Middleton with their dog

Prince William and Kate Middleton with their dog

William နဲ့ Kate ဟာဆိုရင်လည်း Cocker Spaniel နဲ့ Lupo ခွေးလေးတွေကို သူတို့မင်္ဂလာပွဲဆင်နွှဲပြီး မကြာခင်ပဲ မွေးခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

Queen Elizabeth II with her dogs

Queen Elizabeth II with her dogs

ဒီလိုပဲ ဘုရင်မကြီး Elizabeth II ဟာဆိုရင်လည်း Corgis နဲ့ Dorgis အမျိုးအစားခွေးလေးတွေကို အရမ်းချစ်တယ်လို့ နာမည်ကြီးပါတယ်။

Prince Charles and Camilla Parker Bowles with their dogs

Prince Charles and Camilla Parker Bowles with their dogs

နောက်ပြီး Charles မင်းသားနဲ့ Camilla ရဲ့ အကြိုက်ကတော့ Jack Russell Terriers ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ Windsor မြို့စားကြီးနဲ့ မြို့စားကတော် Wallis Simpson မှာဆိုရင်လည်း Pug အမျိုးအစားခွေးလေးတွေ အများကြီးမွေးခဲ့ဖူးပါတယ်။

The Duke of Windsor and Wallis Simpson with their dogs

The Duke of Windsor and Wallis Simpson with their dogs

ဒီလထဲမှာပဲ မင်းသမီးလေး Beatrice နဲ့ Eugenie တို့ဟာ သူတို့ရဲ့ အချစ်တော်ခွေးလေးများဖြစ်ကြတဲ့ Norfolk Terriers လေးများနဲ့အတူတူ British Vogue အတွက် ဓာတ်ပုံလေးများရိုက်ကူးပေးခဲ့ပါသေးတယ်။

Princesses Beatrice and Eugenie with their dogs

Princesses Beatrice and Eugenie with their dogs

Meghan Markle ဟာဆိုရင်လည်း အရင်ထဲက ခွေးချစ်သူတစ်ယောက်ဖြစ်လေတော့ သူတို့ ဘယ်လိုပုံစံမျိုး Labrador Retriever လေးကို မွေးထားလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ တော်ဝင်မိသားစုဝင်တွေအားလုံး စိတ်တူကိုယ်တူခွေးချစ်တတ်မှုကလည်း မျိုးရိုးလိုက်တယ် ထင်ပါရဲ့။

Ref : Vogue

Moethaesay (Akhayar)