[Zawgyi]

Prince Harry နဲ႔ Meghan Markle တုိ႔ရဲ႕ ရင္ေသြးနာမည္ကုိ Prince Charles  ေပးလုိက္ၿပီ

Sussex ၿမိဳ႕ စား Prince Harry ရဲ႕ ၾကင္ယာေတာ္ျဖစ္တဲ့ Meghan Markle ဟာ ကုိယ္ဝန္လြယ္ထားၿပီလုိ႔ ေတာ္ဝင္မိသားစုရဲ႕ ကုိယ္ပုိင္လူမႈကြန္ရက္ ေအာက္တုိဘာလ (၁၅) ရက္ေန႔မွာ ေၾကညာလုိက္တာ အားလုံးသိၾကမယ္ထင္ပါတယ္။ ၂ဝ၁၉ခုႏွစ္ရဲ႕ ေႏြဦးရာသီ (မတ္လ၊ ဧၿပီလ၊ ေမလ) မွာ ေမြးဖြားမယ္လုိ႔ သုံးသပ္ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဇနီးေမာင္ႏွံဟာ ၾသစေတးလ်ႏုိင္ငံမွာ အစျပဳခဲ့တဲ့ ဓနသဟာရႏုိင္ငံေတြရဲ႕  (၁၆) ရက္တာ ခရီးစဥ္ၿပီးဆုံးခဲ့ၿပီလုိ႔ ဆုိရမွာပါ။

ေလာင္းကစားဝက္ဘ္ဆုိက္ SkyBet ရဲ႕ခန္႔မွန္းခ်က္အရ Prince Harry နဲ႔ Meghan Markle တုိ႔ရဲ႕အႀကိဳက္ဆုံးနာမည္က James ျဖစ္တယ္လုိ႔ သိရၿပီး မ်ိဳးရုိးနာမည္က Alice ၊ Arthur နဲ႔ Diana ျဖစ္ဖြယ္ရွိတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ခမည္းေတာ္ႀကီး Prince Charles ဟာ လန္ဒန္ၿမိဳ႕ မွာရွိတဲ့ ၾသစေတးလ်မဟာမင္းႀကီးရုံးမွာ အဖြင့္အမွာစကားေျပာၾကားတုန္းမွာ ေျမးေတာ္ရဲ႕ နာမည္ကုိ ေျပာျပခဲ့ပါတယ္။

“သားေတာ္ Prince Harry နဲ႔ Meghan Markle တုိ႔ ၾသစေတးလ်ႏုိင္ငံမွာ ေရာက္တုန္းက ရင္ေသြးငယ္ကုိ ပရိသတ္ေတြက နာမည္အမ်ိဳးမ်ိဳးေပးခဲ့ၾကပါတယ္။ အႀကိဳက္ဆုံးနာမည္က Kylie နဲ႔ Shane ပါပဲ” လုိ႔ ေျပာဆုိခဲ့ပါတယ္။ Prince Charles အေနနဲ႔ ေျမးေတာ္ဟာ ေယာက္်ားေလးေမြးလာရင္ ၾသစေတးလ်ခရစ္ကတ္သမား Shane Warne ရဲ႕ နာမည္ကုိ ေပးခ်င္ေနၿပီး မိန္းကေလးေမြးလာရင္ အဆုိေတာ္ Kylie Minogue နဲ႔နာမည္ကုိ ေပးခ်င္ေနတဲ့သေဘာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Prince Harry နဲ့ Meghan Markle တို့ရဲ့ ရင်သွေးနာမည်ကို Prince Charles  ပေးလိုက်ပြီ

Sussex မြို့ စား Prince Harry ရဲ့ ကြင်ယာတော်ဖြစ်တဲ့ Meghan Markle ဟာ ကိုယ်ဝန်လွယ်ထားပြီလို့ တော်ဝင်မိသားစုရဲ့ ကိုယ်ပိုင်လူမှုကွန်ရက် အောက်တိုဘာလ (၁၅) ရက်နေ့မှာ ကြေညာလိုက်တာ အားလုံးသိကြမယ်ထင်ပါတယ်။ ၂ဝ၁၉ခုနှစ်ရဲ့ နွေဦးရာသီ (မတ်လ၊ ဧပြီလ၊ မေလ) မှာ မွေးဖွားမယ်လို့ သုံးသပ်ရပါတယ်။ လက်ရှိအချိန်မှာတော့ ဇနီးမောင်နှံဟာ သြစတေးလျနိုင်ငံမှာ အစပြုခဲ့တဲ့ ဓနသဟာရနိုင်ငံတွေရဲ့  (၁၆) ရက်တာ ခရီးစဉ်ပြီးဆုံးခဲ့ပြီလို့ ဆိုရမှာပါ။

လောင်းကစားဝက်ဘ်ဆိုက် SkyBet ရဲ့ခန့်မှန်းချက်အရ Prince Harry နဲ့ Meghan Markle တို့ရဲ့အကြိုက်ဆုံးနာမည်က James ဖြစ်တယ်လို့ သိရပြီး မျိုးရိုးနာမည်က Alice ၊ Arthur နဲ့ Diana ဖြစ်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ခမည်းတော်ကြီး Prince Charles ဟာ လန်ဒန်မြို့ မှာရှိတဲ့ သြစတေးလျမဟာမင်းကြီးရုံးမှာ အဖွင့်အမှာစကားပြောကြားတုန်းမှာ မြေးတော်ရဲ့ နာမည်ကို ပြောပြခဲ့ပါတယ်။

“သားတော် Prince Harry နဲ့ Meghan Markle တို့ သြစတေးလျနိုင်ငံမှာ ရောက်တုန်းက ရင်သွေးငယ်ကို ပရိသတ်တွေက နာမည်အမျိုးမျိုးပေးခဲ့ကြပါတယ်။ အကြိုက်ဆုံးနာမည်က Kylie နဲ့ Shane ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ Prince Charles အနေနဲ့ မြေးတော်ဟာ ယောက်ျားလေးမွေးလာရင် သြစတေးလျခရစ်ကတ်သမား Shane Warne ရဲ့ နာမည်ကို ပေးချင်နေပြီး မိန်းကလေးမွေးလာရင် အဆိုတော် Kylie Minogue နဲ့နာမည်ကို ပေးချင်နေတဲ့သဘောပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com