ဒီနေ့ည (၇း၃၀)နာရီမှာတော့ စီးရီးအေပွဲစဉ်(၃)ရဲ့ ပွဲကောင်းတစ်ပွဲအဖြစ် ဖီအိုရင်တီးနား – ဂျူဗင်တပ်စ်ပွဲရှိနေပြီး လက်ရှိအနေအထားတွေအရတော့ ဂျူဗင်တပ်စ်အသင်းပဲ နိုင်ပွဲဆက်ဖို့ များနေပါတယ်။

ဖီအိုရင်တီးနား – ဂျူဗင်တပ်စ် ( စနေည ၇း၃၀ နာရီ )

ဖီအိုရင်တီးနားအသင်းဟာ အရင်က ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ ယှဉ်နိုင်စွမ်းမရှိတော့တာကို တွေ့ရပါတယ်။ လက်ရှိကစားထားတဲ့ စီးရီးအေ(၂)ပွဲလုံးကိုလည်း ရှုံးနိမ့်ထားပေမယ့် ဖီအိုရင်တီးနားအသင်း ဟာ အတိုင်းအတာတစ်ခုထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားပါတယ်။ ဒါပေမယ့် ဒီအနေအထားလောက်နဲ့တော့ ဂျူဗင်တပ်စ်အသင်းကို ယှဉ်ဖို့ဆိုတာမလွယ်ကူတာကြောင့် အိမ်ကွင်းမှာ သရေရလဒ်လောက်သာ အမြင့်ဆုံးမျှော်မှန်းရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိ ခြေစွမ်း ၊ စုဖွဲ့မှုနဲ့ ကစားသမားအင်အားပိုင်းတွေက ဖီအိုရင်တီးနားအသင်းထက် ခေါင်းတစ်လုံးမကပိုမြင့်နေပါတယ်။ ဒီအချက်တွေအပြင် ဂျူဗင်တပ်စ်အသင်းဟာ ခြေစွမ်းမကောင်းတောင် စီးရီးအေမှာ နိုင်ပွဲရှာဖွေနိုင်ပြီး ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် နိုင်ပွဲတစ်ပွဲရဖို့ သိပ်မခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်အသင်းဟာ ဂိုးရဖို့အတွက် စီရော်နယ်လ်ဒို Cristiano Ronaldo ကိုပဲ အားကိုးနေရပေမယ့် အခုဆိုရင် ဟီဂွါအင် Higuain ကလည်း တိုက်စစ်ပိုင်းမှာ အစွမ်းပြနေတာကြောင့် တိုက်စစ်ပိုင်းကပိုပြီး ထက်မြက်လာခဲ့ပါတယ်။ ဒါ့အပြင် တောင်ပံတိုက်စစ်နေရာက ဒေါက်ဂလက်စ်ကော်စတာ Douglas Costa ကလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာကြောင့် ဂိုးရဖို့က သိပ်ပြီးပူပင်စရာမရှိပါဘူး။ အဝေးကွင်းဖြစ်ပေမယ့် အနိုင်ရလဒ်ကတော့ ဂျူဗင်တပ်စ်ဘက်မှာပဲ ရှိတယ်လို့ ယုံကြည်မိပြီး ဖီအိုရင်တီးနား (၁- ၂) ဂျူဗင်တပ်စ် ရလဒ်မျိုး ဖြစ်နိုင်ပါတယ်။

ဖီအိုရင်တီးနား – ဂျူဗင်တပ်စ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Juventus 2 – 1 Fiorentina
Fiorentina 0 – 3 Juventus
Fiorentina 0 – 2 Juventus
Juventus 1 – 0 Fiorentina
Fiorentina 2 – 1 Juventus

Photo: Juventus Twitter , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com