[Zawgyi]

ခႏၶာကိုယ္အနံ႔ဆိုးေတြမွ ကင္းေဝးသူ ျဖစ္ရပါလို၏

ပတ္ဝန္းက်င္မွာ လူပ္ရွားသြားလာရင္း စိတ္ညစ္စရာအခ်က္ ၂ ခ်က္ရွိပါတယ္။ မလႊဲမေရွာင္သာ ခႏၶာကိုယ္အနံ႔ျပင္းတဲ့သူေဘးမွာ ထိုင္ရတဲ့ ဒုကၡနဲ႔ ေနာက္တစ္ခ်က္ကေတာ့ ကိုယ္တိုင္က ဘယ္ေလာက္ပဲ သန္႔ရွင္းေအာင္ ေနေန၊ အနံ႔ျပင္းတဲ့ ခႏၶာကိုယ္ပိုင္ဆိုင္ထားရတာပဲ ျဖစ္ပါတယ္။

ဒါမ်ိဳးဟာ ေဘးက ခံစားရသူလည္း အေတာ္ေလး စိတ္ညစ္သလို ကိုယ္တိုင္ခႏၶာကိုယ္အနံ႔ျပင္းတတ္ရင္လည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနည္းသလို ေဘးက လူကိုလညး္ အားနာရပါတယ္။ ဒါေၾကာင့္ ဒီလို ျဖစ္တဲ့ ကိစၥကို တစ္ဆင့္ခ်င္း အေျဖရွာၾကည့္ရေအာင္။

ခႏၶာကိုယ္အန႔ံဆိုး ဘယ္သူေတြမွာ ျဖစ္တတ္သလဲ

အထူးသျဖင့္ အဝလြန္တဲ့သူေတြ၊ အပူအစပ္ႀကိဳက္တဲ့သူေတြ၊ ဆီးခ်ိဳလို ေရာဂါခံစားေနရလို႔ ေဆးကုသေနတဲ့သူေတြမွာ ခႏၶာကိုယ္အနံ႔ျပင္းတတ္ပါတယ္တဲ့။ ေခၽြးထြက္မ်ားတဲ့သူေတြမွာလည္း ျဖစ္တတ္ၿပီး ေခၽြးထြက္ျခင္းသက္သက္က အနံ႔မထြက္ေပမယ့္ ေခၽြးထဲမွာပါဝင္တဲ့ ဘက္တီးရီးယားေတြက အက္ဆစ္အျဖစ္ၿပိဳကြဲသြားလို႔ အနံ႔ဆိုးထြက္ရျခင္းျဖစ္ပါတယ္။

ခႏၶာကိုယ္အနံ႔ဆိုးေတြ ဘယ္ေနရာက ထြက္တတ္ပါသလဲ

– ေျခေထာက္

– ေပါင္ျခံ

– ခ်ိဳငး္ၾကား

– လိင္အဂါၤနဲ႔ လိင္အဂါၤဆိုင္ရာ အေမႊးအမွ်င္

– နားေနာက္ စတဲ့ ေနရာေတြက ထြက္တတ္ပါတယ္။

အနံ႔ျပင္းမႈမွာ အဓိကတာဝန္ရွိတဲ့ Apocrine Gland ေတြဟာ ခႏၶာကိုယ္မွာဆိုရင္ ေပါင္ျခံ၊ ခ်ိဳင္းၾကား၊ ႏို႔သီးတစ္ဝိုက္ေတြမွာ အမ်ားစုတည္ရွိပါတယ္။

ဒါေတြကို ဘယ္လို ကာကြယ္ကုသမလဲ

– တစ္ေန႔ကို ေရတစ္ခါေတာ့ အနည္းဆံုးခ်ိဳးပါ၊ ျဖစ္ႏိုင္ရင္ ေရေႏြးနဲ႔ ခ်ိဳးပါ

– ခ်ိဳင္းၾကား၊ ေပါင္ျခံစတဲ့ေနရာေတြကို anti-bacterial soap နဲ႔ တိုက္ခၽြတ္သန္႔စင္ပါ

– ေရခ်ိဳးၿပီးတိုင္း ေရေျခာက္ေအာင္ သုတ္ပါ၊ အထူးသျဖင့္ ေခၽြးထြက္တဲ့ေနရာကို ေသခ်ာပြတ္တိုက္သုတ္ေပးပါ

– ခႏၶာကိုယ္ကိုပဲ သန္႔ရွင္းရမွာ မဟုတ္ပါဘူး။ ေခၽြးနံ႔ဆိုတာ အဝတ္အစားမွာလည္း စြဲတတ္တာမို႔ အဝတ္ေတြကို အၿမဲတမး္ေလွ်ာ္ဖြပ္ေပးပါ

– ေျခအိတ္ေတြကို အၿမဲအသစ္လဲလွယ္ၿပီး ဖိနပ္ထဲကို Deodorant Powder ျဖဴးထားၿပီး စီးပါ

– ၾကက္သြန္ျဖဴ၊ ေကာ္ဖီနဲ႔ အရက္လို ခႏၶာကိုယ္အနံ႔ျပင္းေစတဲ့ အစားအေသာက္ေတြ ေရွာင္ပါ

– ေခၽြးထြက္ျခင္းကို ေလွ်ာ့ခ်ေပးတဲ့ Antiperspirant ကို ညအိပ္ရာဝင္တဲ့အခါ သံုးထားေပးပါ။ ေရခ်ိဳးၿပီးတဲ့အခါ Deodorant ပါ သံုးေပးရင္ ပိုေကာင္းပါတယ္။

– ခ်ိဳင္းေမႊးပုံမွန္ရိတ္ပါ၊ အနံ႔ျပင္းတတ္တဲ့ ေယာက်ာ္းေလးေတြဆိုရင္လည္း ခ်ိဳင္းေမႊးရိတ္ထားႏိုင္ပါတယ္

– Hyperhidrosis လို႔ ေခၚတဲ့ ေခၽြးထြက္လြန္တဲ့ အေျခအေနမ်ိဳးရွိရင္လည္း ဆရာဝန္နဲ႔ ျပသၿပီး ကုသမႈခံယူပါ

– ေျခေထာက္အနံ႔ဆိုးထြက္တတ္ရင္ ေျခေထာက္ကိုလည္း တစ္ေန႔တစ္ခါ အနည္းဆံုးေဆးေၾကာၿပီး ဆဲလ္အေသေတြကို ခ်ီးတြန္းေက်ာက္နဲ႔ ပြတ္တိုက္ပစ္ပါ

– တတ္ႏိ္ုင္သမွ် ခ်ည္ထည္နဲ႔ ပြပြေခာ်င္ေခ်ာင္ေပါ့ေပါ့ပါးပါးအဝတ္အစားေတြကို ေရြးခ်ယ္ဝတ္ဆင္ပါ

ဒီေလာက္ဆိုရင္ေတာ့ ခႏၶာကိုယ္အနံ႔ျပင္းေၾကာင့္ ေန႔စဥ္စိတ္ညစ္ေနရတဲ့သူေတြေရာ၊ ေန႔စဥ္သည္းခံေနရတဲ့သူေတြပါ လိုက္လုပ္ၾကည့္လို႔ အဆင္ေျပၾကမယ္ထင္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : webmd.com, medicalnewstoday.com
[Unicode]

ခန္ဓာကိုယ်အနံ့ဆိုးတွေမှ ကင်းဝေးသူ ဖြစ်ရပါလို၏

ပတ်ဝန်းကျင်မှာ လူပ်ရှားသွားလာရင်း စိတ်ညစ်စရာအချက် ၂ ချက်ရှိပါတယ်။ မလွှဲမရှောင်သာ ခန္ဓာကိုယ်အနံ့ပြင်းတဲ့သူဘေးမှာ ထိုင်ရတဲ့ ဒုက္ခနဲ့ နောက်တစ်ချက်ကတော့ ကိုယ်တိုင်က ဘယ်လောက်ပဲ သန့်ရှင်းအောင် နေနေ၊ အနံ့ပြင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ်။

ဒါမျိုးဟာ ဘေးက ခံစားရသူလည်း အတော်လေး စိတ်ညစ်သလို ကိုယ်တိုင်ခန္ဓာကိုယ်အနံ့ပြင်းတတ်ရင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းသလို ဘေးက လူကိုလည်း အားနာရပါတယ်။ ဒါကြောင့် ဒီလို ဖြစ်တဲ့ ကိစ္စကို တစ်ဆင့်ချင်း အဖြေရှာကြည့်ရအောင်။

ခန္ဓာကိုယ်အနံ့ဆိုး ဘယ်သူတွေမှာ ဖြစ်တတ်သလဲ

အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အပူအစပ်ကြိုက်တဲ့သူတွေ၊ ဆီးချိုလို ရောဂါခံစားနေရလို့ ဆေးကုသနေတဲ့သူတွေမှာ ခန္ဓာကိုယ်အနံ့ပြင်းတတ်ပါတယ်တဲ့။ ချွေးထွက်များတဲ့သူတွေမှာလည်း ဖြစ်တတ်ပြီး ချွေးထွက်ခြင်းသက်သက်က အနံ့မထွက်ပေမယ့် ချွေးထဲမှာပါဝင်တဲ့ ဘက်တီးရီးယားတွေက အက်ဆစ်အဖြစ်ပြိုကွဲသွားလို့ အနံ့ဆိုးထွက်ရခြင်းဖြစ်ပါတယ်။

ခန္ဓာကိုယ်အနံ့ဆိုးတွေ ဘယ်နေရာက ထွက်တတ်ပါသလဲ

– ခြေထောက်

– ပေါင်ခြံ

– ချိုင်းကြား

– လိင်အဂါၤနဲ့ လိင်အဂါၤဆိုင်ရာ အမွှေးအမျှင်

– နားနောက် စတဲ့ နေရာတွေက ထွက်တတ်ပါတယ်။

အနံ့ပြင်းမှုမှာ အဓိကတာဝန်ရှိတဲ့ Apocrine Gland တွေဟာ ခန္ဓာကိုယ်မှာဆိုရင် ပေါင်ခြံ၊ ချိုင်းကြား၊ နို့သီးတစ်ဝိုက်တွေမှာ အများစုတည်ရှိပါတယ်။

ဒါတွေကို ဘယ်လို ကာကွယ်ကုသမလဲ

– တစ်နေ့ကို ရေတစ်ခါတော့ အနည်းဆုံးချိုးပါ၊ ဖြစ်နိုင်ရင် ရေနွေးနဲ့ ချိုးပါ

– ချိုင်းကြား၊ ပေါင်ခြံစတဲ့နေရာတွေကို anti-bacterial soap နဲ့ တိုက်ချွတ်သန့်စင်ပါ

– ရေချိုးပြီးတိုင်း ရေခြောက်အောင် သုတ်ပါ၊ အထူးသဖြင့် ချွေးထွက်တဲ့နေရာကို သေချာပွတ်တိုက်သုတ်ပေးပါ

– ခန္ဓာကိုယ်ကိုပဲ သန့်ရှင်းရမှာ မဟုတ်ပါဘူး။ ချွေးနံ့ဆိုတာ အဝတ်အစားမှာလည်း စွဲတတ်တာမို့ အဝတ်တွေကို အမြဲတမ်းလျှော်ဖွပ်ပေးပါ

– ခြေအိတ်တွေကို အမြဲအသစ်လဲလှယ်ပြီး ဖိနပ်ထဲကို Deodorant Powder ဖြူးထားပြီး စီးပါ

– ကြက်သွန်ဖြူ၊ ကော်ဖီနဲ့ အရက်လို ခန္ဓာကိုယ်အနံ့ပြင်းစေတဲ့ အစားအသောက်တွေ ရှောင်ပါ

– ချွေးထွက်ခြင်းကို လျှော့ချပေးတဲ့ Antiperspirant ကို ညအိပ်ရာဝင်တဲ့အခါ သုံးထားပေးပါ။ ရေချိုးပြီးတဲ့အခါ Deodorant ပါ သုံးပေးရင် ပိုကောင်းပါတယ်။

– ချိုင်းမွှေးပုံမှန်ရိတ်ပါ၊ အနံ့ပြင်းတတ်တဲ့ ယောကျာ်းလေးတွေဆိုရင်လည်း ချိုင်းမွှေးရိတ်ထားနိုင်ပါတယ်

– Hyperhidrosis လို့ ခေါ်တဲ့ ချွေးထွက်လွန်တဲ့ အခြေအနေမျိုးရှိရင်လည်း ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ

– ခြေထောက်အနံ့ဆိုးထွက်တတ်ရင် ခြေထောက်ကိုလည်း တစ်နေ့တစ်ခါ အနည်းဆုံးဆေးကြောပြီး ဆဲလ်အသေတွေကို ချီးတွန်းကျောက်နဲ့ ပွတ်တိုက်ပစ်ပါ

– တတ်နိုင်သမျှ ချည်ထည်နဲ့ ပွပွခောျင်ချောင်ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ

ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်အနံ့ပြင်းကြောင့် နေ့စဉ်စိတ်ညစ်နေရတဲ့သူတွေရော၊ နေ့စဉ်သည်းခံနေရတဲ့သူတွေပါ လိုက်လုပ်ကြည့်လို့ အဆင်ပြေကြမယ်ထင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : webmd.com, medicalnewstoday.com