[Zawgyi]





Apple’s iPhones


Tim Cook


2B (Akhayar)
www.akhayar.com

[Unicode]

Apple ထုတ်ကုန်တွေကို Tax 25% တိုးကောက်မယ်လို့ Trump ခြိမ်းခြောက်ထားပြီ

ပြီးခဲ့တဲ့ဇူလိုင်အသုတ်ကတည်းက အသက်ဝင်နေပြီဖြစ်တဲ့ အခွန်တိုးကောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ Apple ခြိမ်းခြောက်ခံနေရပြီ ဖြစ်ပါတယ်။ မနေ့တုန်းက Apple ရှယ်ယာ ($2.50 ၊ 1.5%) ထပ်မံ ကျဆင်းသွားခဲ့ပြီး အကြောင်းရင်းက အခွန် 25% အထိတိုးကောက်ဖို့ ခြိမ်းခြောက်ထားတဲ့ သမ္မတစကားကြောင့်လို့ The Wall Street Journal ပြောကြားချက်အရ သိရှိရပါတယ်။

Apple’s CEO (Left) President Trump (Right)

“Trump နဲ့ Apple ဒီသဘောတူညီချက်ကို အရင်ကတည်းက သိပြီးသားပါ၊ iPhone နဲ့တခြား ဆက်စပ် Accessories တွေ Gadget ပစ္စည်းအားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဆွေးနွေးခဲ့ပြီးသားပါ။ အခုစက်တင်ဘာကျော်လို့ နောက်နှစ်ကိုပဲ ကူးတော့မယ်၊ ငါတို့သဘောတူပြီးထားတဲ့အတိုင်း မဆောင်ရွက်ပေးနိုင်ဘူးဆိုရင်တော့ တန်ကြေး $267 ဘီလီယံနဲ့ ညီမျှတဲ့ ထုတ်ကုန်တွေကို အခွန်တိုးကောက်မယ်၊ အဲ့ဒါက 10% ဒါမှမဟုတ် 25% ဖြစ်ချင်ဖြစ်မယ်လို့” ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

Apple’s iPhones

ဒါနဲ့ဆက်စပ်ပြီး Apple ကိုတမင်စောင်းပြောလိုက်တာက အခွန်တိုးကောက်မယ့်အထဲမှာ တရုတ်ပြည်က တင်ပို့နေတဲ့ iPhone နဲ့ MacBook တွေလည်းပါဝင်မယ်ဆိုတာပါ။ ပြီးခဲ့တဲ့စက်တင်ဘာ Event မှာတုန်းက မိတ်ဆက်ထားတဲ့ Apple ထုတ်ကုန်အသစ်တွေ အခုချမှတ်မယ့် အခွန်တိုးကောက်တဲ့ထဲ အကြုံးမဝင်ခဲ့ဘူးဆိုပေမယ့်လို့ Apple Watch ၊ AirPods နဲ့ တခြား Wireless Gadgets အားလုံး အခွန်တိုးကောက်မယ့်စာရင်းထဲပါဝင်လာခဲ့ပါပြီ။

Tim Cook

ဒါကြောင့် Apple ထုတ်ကုန်တွေ အရင်ကထက် ပိုဈေးကြီးလာတော့မယ်၊ CEO ကြီး Tim Cook ကတော့ iPhone တွေကို အခွန်တိုးကောက်မယ် ထင်မထားခဲ့ပေမယ့် Trump နဲ့ သဘောတူညီမှုမရခဲ့ဘူးဆိုပါတယ်၊ သူတို့ဖြစ်ချင်တာ (အခွန်တိုးကောက်မယ်) က အမေရိကန်မှာထုတ်ရင် ပိုပြီးတွက်ချေကိုက်မယ်၊ ဒါပေမယ့်လို့ တခြားအမြင်က ပြန်ကြည့်မယ်ဆိုရင်ရော ဥပမာ ကမ္ဘာပြန်ဖြန့်မယ်ဆိုရင် ပိုပြီးခက်ခဲသွားပြီလေး၊ ဒါ့အပြင် တခြားမလိုလားအပ်တဲ့ အကျိုးဆက်တွေရှိသေးလို့ လိုက်လျောဖို့ မလွယ်တာလို့ပဲ ပြောဆိုခဲ့ပါတယ်။

2B (Akhayar)
www.akhayar.com