[Zawgyi]

ျပီးခဲ႔တဲ႔ ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမား(၅)ဦး

ပရီးမီးယားလိဂ္ဟာ ကမၻာ႔အေကာင္းဆံုးလိဂ္ ျပိဳင္ပြဲဆိုတာ အားလံုးသိတဲ႔အရာပါ။ အသင္းတိုင္းဟာ ပြဲစဥ္တိုင္းကို ခက္ခဲမႈအျပည္႕ ၊ ဖိအားေတြအျပည္႔နဲ႔ ကစားရတာျဖစ္ျပီး လြယ္ကူတဲ႔ပြဲစဥ္ဆိုတာ မရိွသေလာက္ရွားပါတယ္။ ဒီလိုခက္ခဲျပီး ျပိဳင္ဆိုင္မႈျပင္းထန္တဲ႔ ျပိဳင္ပြဲမွာ ကစားတဲ႔ ကစားသမားေတြအေနနဲ႔ အၿမဲတမ္း ပံုစံေကာင္းရဖို႔ဆိုတာ မလြယ္ပါဖူး။ ဒါေပမဲ႔ ျပီးခဲ႔တဲ႔ႏွစ္ေတြအတြင္းမွာေတာ႔ ကိုယ္႔ရဲ႕ပံုမွန္စြမ္းေဆာင္ရည္ကို ထိန္းသိမ္းႏိုင္ခဲ႔ျပီး အစြမ္းျပႏိုင္ခဲ႔တဲ႔ ကစားသမားေတြရိွပါတယ္။ ဒီကစားသမားေတြကို Sportskeeda အားကစား၀က္ဆိုက္ဘ္က အခုလိုေဖာ္ျပေပးခဲ႔ပါတယ္။

(၅) ဒီဂီယာ De Gea

De-Gea

De-Gea

မန္ယူအသင္းရဲ႕ လက္ရိွကမၻာ႔ အေကာင္းဆံုးဂိုးသမား ျဖစ္တဲ႔ ဒီဂီယာ De Gea ဒီစာရင္းမွာပါ၀င္ေနတာဟာ သိပ္ျပီးထူးဆန္းတဲ႔ အရာေတာ႔မဟုတ္ပါဘူး။ ဒီဂီယာဟာ အေကာင္းဆံုး လက္စြမ္းေတြကို အၿမဲတမ္းျပေနတဲ႔ ကစားသမားျဖစ္ျပီး ဒီဂီယာရဲ႕ လက္စြမ္းေတြေၾကာင္႔သာ မန္ယူအသင္းဟာ တခ်ိဳ႕ပြဲေတြမွာ ရလဒ္ေကာင္းေတြရခဲ႔တာကို အားလံုးအသိပါပဲ။

(၄) ေ၀ါလ္ကာ Walker

Walker

Walker

စပါးအသင္းမွာ ေဘာလံုးရာသီတိုင္း ေကာင္းမြန္တည္ျငိမ္တဲ႔ ေျခစြမ္းေတြကိုျပသခဲ႔တဲ႔ ေ၀ါလ္ကာ Walker ဟာ မန္စီးတီးအသင္းကို ေရာက္ခဲ႔ခ်ိန္မွာေတာ႔ အရင္ကထက္ပိုျပည္႔စံုတဲ႔ ကစားသမားျဖစ္ခဲ႔ပါတယ္။ လက္ရိွမွာ ေ၀ါလ္ကာ ဟာခံစစ္ပိုင္းမွာ ေနရာစံုကစားေနသလုိ ျပီးခဲ႔တဲ႔ႏွစ္ မန္စီးတီးအသင္း ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ႔တဲ႔ ေနရာမွာ ညာျခမ္းတစ္ေလွ်ာက္ အေကာင္းဆံုးတာ၀န္ေက်ခဲ႔ျပီး လက္ရိွအခ်ိန္ထိလည္း ဒီေျခစြမ္းကိုဆက္ထိန္းထားေနဆဲပါပဲ။

(၃) ေဒးဗစ္ေဆးဗားလ္ David Silva

David-Silva

David-Silva

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္ကစားသမားက ဘယ္သူလဲလို႔ေမးရင္ေတာ႔ ေဒးဗစ္ေဆးဗားလ္ David Silva လို႔ပဲေျဖရမွာပါ။ မန္စီးတီးကို စေရာက္တဲ႔ ၂၀၁၀ ခုႏွစ္ကေန လက္ရိွအခ်ိန္ထိ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ျပသေနတဲ႔ ေဒးဗစ္ေဆးဗားလ္ ဟာ မန္စီးတီးကိုေရာက္ခါစက ႏုပ်ိဳတဲ႔ ေျခစြမ္းေတြကို ျပသႏိုင္ခဲ႔သလို လက္ရိွမွာေတာ႔ တည္ျငိမ္တဲ႔ ေျခစြမ္းေတြနဲ႔ အသင္းကို ဦးေဆာင္ေနခဲ႔ပါျပီ။

(၂) ဒီဘ႐ုိင္းနား De Bruyne

De-bruyne

De-bruyne

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္လူေတြထဲက တစ္ေယာက္ျဖစ္တဲ႔ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ုိင္းနား De Bruyne ကိုလည္း ဒီစာရင္းမွာထည္႔သြင္းရမွာပါ။ ဒီဘ႐ုိင္းနားဟာ ဂိုးဖန္တီးေပးမႈ အျပင္ ဂိုးသြင္းပါေကာင္းမြန္တဲ႔ ကစားသမားတစ္ဦးပါ။ ျပီးခဲ႔တဲ႔ႏွစ္က မန္စီးတီးအသင္း ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ႔တဲ႔ ေနရာမွာ ဒီဘ႐ုိင္းနားဟာ အဓိကက်ခဲ႔ပါတယ္။

(၁) ဟာဇက္ Hazard

Hazard

Hazard

လက္ရိွအေကာင္းဆံုး ေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ႔ ဟာဇက္ Hazard ကိုေတာ႔ ဒီစာရင္းရဲ႕ ထိပ္ဆံုးမွာထားရပါလိမ္႔မယ္။ ဟာဇက္ဟာ တစ္ႏွစ္ထက္တစ္နွစ္ ေျခစြမ္းပိုင္းပိုမိုတိုးတက္လာျပီး ခ်ယ္လ္ဆီးအသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ေပးဆပ္ေနတဲ႔ကစားသမားပါ။ ဟာဇက္ Hazard ဟာ ခ်ယ္လ္ဆီးအသင္းမွာ နည္းျပအဆက္အဆက္ အေကာင္းဆံုးေျခစြမ္းကိုျပေနတဲ႔ ကစားသမားပဲျဖစ္ပါတယ္။

Ref: Sportskeeda
Photo: Squawka , Premier League , Soccersouls , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား(၅)ဦး

ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ပြိုင်ပွဲဆိုတာ အားလုံးသိတဲ့အရာပါ။ အသင်းတိုင်းဟာ ပွဲစဉ်တိုင်းကို ခက်ခဲမှုအပြည့် ၊ ဖိအားတွေအပြည့်နဲ့ ကစားရတာဖြစ်ပြီး လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီလိုခက်ခဲပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲမှာ ကစားတဲ့ ကစားသမားတွေအနေနဲ့ အမြဲတမ်း ပုံစံကောင်းရဖို့ဆိုတာ မလွယ်ပါဖူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ကိုယ့်ရဲ့ပုံမှန်စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး အစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေရှိပါတယ်။ ဒီကစားသမားတွေကို Sportskeeda အားကစားဝက်ဆိုက်ဘ်က အခုလိုဖော်ပြပေးခဲ့ပါတယ်။

(၅) ဒီဂီယာ De Gea

De-Gea

De-Gea

မန်ယူအသင်းရဲ့ လက်ရှိကမ္ဘာ့ အကောင်းဆုံးဂိုးသမား ဖြစ်တဲ့ ဒီဂီယာ De Gea ဒီစာရင်းမှာပါဝင်နေတာဟာ သိပ်ပြီးထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီဂီယာဟာ အကောင်းဆုံး လက်စွမ်းတွေကို အမြဲတမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး ဒီဂီယာရဲ့ လက်စွမ်းတွေကြောင့်သာ မန်ယူအသင်းဟာ တချို့ပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့တာကို အားလုံးအသိပါပဲ။

(၄) ဝေါလ်ကာ Walker

Walker

Walker

စပါးအသင်းမှာ ဘောလုံးရာသီတိုင်း ကောင်းမွန်တည်ငြိမ်တဲ့ ခြေစွမ်းတွေကိုပြသခဲ့တဲ့ ဝေါလ်ကာ Walker ဟာ မန်စီးတီးအသင်းကို ရောက်ခဲ့ချိန်မှာတော့ အရင်ကထက်ပိုပြည့်စုံတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဝေါလ်ကာ ဟာခံစစ်ပိုင်းမှာ နေရာစုံကစားနေသလို ပြီးခဲ့တဲ့နှစ် မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ နေရာမှာ ညာခြမ်းတစ်လျှောက် အကောင်းဆုံးတာဝန်ကျေခဲ့ပြီး လက်ရှိအချိန်ထိလည်း ဒီခြေစွမ်းကိုဆက်ထိန်းထားနေဆဲပါပဲ။

(၃) ဒေးဗစ်ဆေးဗားလ် David Silva

David-Silva

David-Silva

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားက ဘယ်သူလဲလို့မေးရင်တော့ ဒေးဗစ်ဆေးဗားလ် David Silva လို့ပဲဖြေရမှာပါ။ မန်စီးတီးကို စရောက်တဲ့ ၂၀၁၀ ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေတဲ့ ဒေးဗစ်ဆေးဗားလ် ဟာ မန်စီးတီးကိုရောက်ခါစက နုပျိုတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့သလို လက်ရှိမှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့ အသင်းကို ဦးဆောင်နေခဲ့ပါပြီ။

(၂) ဒီဘရိုင်းနား De Bruyne

De-bruyne

De-bruyne

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ကိုလည်း ဒီစာရင်းမှာထည့်သွင်းရမှာပါ။ ဒီဘရိုင်းနားဟာ ဂိုးဖန်တီးပေးမှု အပြင် ဂိုးသွင်းပါကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ နေရာမှာ ဒီဘရိုင်းနားဟာ အဓိကကျခဲ့ပါတယ်။

(၁) ဟာဇက် Hazard

Hazard

Hazard

လက်ရှိအကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ဟာဇက် Hazard ကိုတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာထားရပါလိမ့်မယ်။ ဟာဇက်ဟာ တစ်နှစ်ထက်တစ်နှစ် ခြေစွမ်းပိုင်းပိုမိုတိုးတက်လာပြီး ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပေးဆပ်နေတဲ့ကစားသမားပါ။ ဟာဇက် Hazard ဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြအဆက်အဆက် အကောင်းဆုံးခြေစွမ်းကိုပြနေတဲ့ ကစားသမားပဲဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Squawka , Premier League , Soccersouls , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com