[Zawgyi]

ပရီးမီးယားလိဂ္ပဲြစဥ္(၃)ရဲ႕ အဆုိးရြားဆုံး ကစားသမားမ်ား

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕ ပဲြစဥ္(၃)က ၿပီးဆုံးသြားပါၿပီ။ ဒီတစ္ပတ္ပဲြေတြမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ကစားသမားေတြ၊ အသင္းအတြက္ လက္စြမ္းျပကာကြယ္ခဲ့တဲ့ ဂုိးသမားေတြရွိသလုိ အႏုတ္လကၡဏာျပခဲ့တဲ့ သူေတြလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ ဒီတစ္ပတ္ပဲြစဥ္(၃)မွာ ေျခစြမ္းအဆုိးရြားဆုံး ကစားသမားေတြကုိ Sportskeeda အားကစား၀က္ဘ္ဆုိက္က အခုလုိပဲ ေဖာ္ျပခဲ့ပါတယ္ . . .

၅ – ကြန္ပနီ Kompany (၀ုလ္ဗ္ – မန္စီးတီး)

Kompany-looked-uncertain-at-the-back

Kompany-looked-uncertain-at-the-back

၀ုလ္ဗ္နဲ႔ တစ္ဂုိးစီ သေရက်ခဲ့တဲ့ပဲြမွာ ကြန္ပနီရဲ႕ ကစားပုံက တစ္ခုခုကုိ ေၾကာက္ရြံ႕ေနသလုိပါပဲ။ အႏၱရာယ္ရွိႏုိင္တဲ့ ဧရိယာအတြင္းမွာ ေဘာလုံးအပ်က္မ်ားခဲ့တာကလည္း ခဏခဏပါ။ သူ႔ရဲ႕ေနရာယူပုံ အလဲြေတြေၾကာင့္ တြဲဖက္ကစားသမား လာေပ့ါတ္ Laporte ပါ အမွားမွား အယြင္းယြင္းေတြ ျဖစ္ကုန္တယ္။ လာမယ့္တစ္ပတ္ ကစားမယ့္ပဲြက်ရင္ေတာ့ ဂြါဒီယုိလာ Guardiola က ကြန္ပနီအစား ဂၽြန္စတုန္းစ္ John Stones ကုိ အသုံးျပဳဖုိ႔ မ်ားေနပါၿပီ။

၄ – ၀ဲလ္႐ႈိင္းယား Wilshere (အာဆင္နယ္ – ၀က္စ္ဟမ္း)

Wilshere-offered-little-to-no-creativity

Wilshere-offered-little-to-no-creativity

အသင္းေဟာင္း အာဆင္နယ္နဲ႔ရင္ဆုိင္ခဲ့တဲ့ပဲြမွာ ၀ဲလ္႐ႈိင္းယားရဲ႕ေျခစြမ္းက စိတ္ပ်က္စရာပါ။ ကုိယ့္အသင္းေဟာင္းျဖစ္လု႔ိ ေလွ်ာ႔ကစားတာလားေတာ့ မသိပါဘူး။ သူ႔ဆီကုိ ေဘာလုံးေရာက္တိုင္း ၀က္စ္ဟမ္းအသင္းရဲ႕ Tempo က က်ဆင္းသြားၿပီး ေဘာလုံးေပးတာမွာ တု႔ံဆုိင္းေနလုိ႔ ၿပိဳင္ဘက္ကစားသမားေတြအတြက္ ျပင္ဆင္ခ်ိန္ ရသြားခဲ့တယ္။ တိုက္စစ္မရလုိ႔ ခံစစ္ကုိ ကူေပးတဲ့ေနရမွာလည္း အားမကုိးရပါဘူး။ သူ႔ေၾကာင့္ အာဆင္နယ္အသင္း ကြင္းလယ္မွာ Space ေတြ အမ်ားႀကီးရခဲ့တာျဖစ္ပါတယ္။

၃ – ေဒးဗစ္လူး၀စ္ဇ္ David Luiz (နယူးကာဆယ္ – ခ်ယ္လ္ဆီး)

David-Luizs-horrendous-mistake

David-Luizs-horrendous-mistake

နယူးကာဆယ္နဲ႔ပဲြမွာ ခ်ယ္လ္ဆီးအသင္းဟာ ဂုိးရဖုိ႔ ေတာ္ေတာ္ေလး႐ုန္းကန္ခဲ့ရတယ္။ တစ္သငး္လုံး ပိတ္ဆုိ႔ ကစားေနတဲ့ နယူးကာဆယ္ကုိ ထုိးေဖာက္ဖုိ႔ ခက္ေနခ်ိန္မွာ ပယ္နယ္တီအခြင့္အေရးရခဲ့ၿပီး ဟာဇက္ Hazard က ဂုိးအျဖစ္ ေျပာင္းလဲခဲ့တယ္။ ဒါေပမဲ့ မိနစ္ပုိင္းအၾကာမွာပဲ ေဒးဗစ္လူး၀စ္ဇ္ရဲ႕ ေတြေ၀ေနမႈေၾကာင့္ နယူးကာဆယ္ ေခ်ပဂိုးျပန္ရခဲ့ပါတယ္။ ဂ်႐ူး Giroud ကုိ Foul လုပ္ၿပီး ရလာတဲ့ ေဘာလုံးကုိ ယက္ဒ္လင္ Yedlin ဂုိးေရွ႕ ျဖတ္တင္ေပးခ်ိန္မွာ ေဒးဗစ္လူး၀စ္ဇ္ ေခါင္းတိုက္ရွင္းထုတ္ရမယ့္အစား ျပစ္ဒဏ္ေဘာ ေပးမလားဆုိၿပီး ေတြေ၀ေနတဲ့အတြက္ ဟုိေဆးလူ Joselu က သူေရွ႕ကေန ေခါင္းတိုက္ သြင္းယူသြားခဲ့ပါေတာ့တယ္။

၂ – ရစ္ခ်ာလီဆင္ Richarlison (ဘုန္းေမာက္ – အဲဗာတန္)

Richarlison-was-sent-off-in-the-41st-minute

Richarlison-was-sent-off-in-the-41st-minute

ဘုန္းေမာက္နဲ႔ပဲြမွာ ရစ္ခ်ာလီဆင္ရဲ႕ အျပဳအမူနဲ႔ ေျခစြမ္းက တကယ့္ကုိ အႏုတ္လကၡဏာျပခဲ့တယ္။ ပထမပုိင္းမၿပီးခင္ ၿပိဳင္ဘက္အသင္းေနာက္ခံလူ စမစ္ Smith ကုိ မလုိအပ္ဘဲ ေခါင္းနဲ႔တိုက္ခဲ့တာေၾကာင့္ တိုက္႐ုိက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။ အဲဒီမတိုင္ခင္မွာလည္း ရစ္ခ်ာလီဆင္ဟာ ဘယ္ေတာင္ပံေနရာမွာ ေျခစြမ္းမျပႏုိင္ခဲ့သလုိ ဘာဖန္တီးမႈမွ မလုပ္ႏုိင္ခဲ့ဘူး။

၁- လူကာကူ Lukaku (မန္ယူ – စပါး)

Lukaku-was-battered-by-Spurs-center-backs

Lukaku-was-battered-by-Spurs-center-backs

စပါးအသင္းကုိ (၃)ဂုိးျပတ္ ႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ လူကာကူရဲ႕ မယုံႏုိင္ေလာက္ေအာင္ ဂုိးေပါက္လဲြေခ်ာ္မႈက ပရိသတ္ေတြအတြက္ အဓိက လက္ညိႇဳးထုိးခ်င္စရာျဖစ္ခဲ့တယ္။ ဂုိးသမား မရွိေတာ့တဲ့ ဂုိးေပါက္ကုိ လဲြေအာင္ ကန္ခဲ့တာက ေတာ္႐ုံ Skill ေတာ့ မဟုတ္ပါဘူး။ ကြင္းထဲမွာ လူကာကူပါရဲ႕လားလုိ႔ ေမးရမယ့္အထိ ျဖစ္ခဲ့ရၿပီး ေဘာလုံးထိန္းသိမ္းမႈ အားနည္းခဲ့သလုိ၊ ၿပိဳင္ဘက္ေနာက္ခံလူေတြနဲ႔ Physical ျခင္း ယွဥ္ရင္လည္း အၿမဲတမ္း ႐ႈံးနိမ့္ခဲ့တယ္။

ဒီကစားသမား(၅)ဦးက အခုတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္(၅)ရဲ႕ အဆုိးရြားဆုံး ကစားသမားေတြပါပဲ။ Sportskeeda အားကစား၀က္ဘ္ဆုိက္က ေဖာ္ျပခဲ့တာနဲ႔ ပရိသတ္ေတြရဲ႕ သတ္မွတ္ခ်က္ ကုိက္ညီမႈရွိရဲ႕လား . . .

REF:Sportskeeda
Photo:Getty Images,Sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ အဆိုးရွားဆုံး ကစားသမားများ

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၃)က ပြီးဆုံးသွားပါပြီ။ ဒီတစ်ပတ်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေ၊ အသင်းအတွက် လက်စွမ်းပြကာကွယ်ခဲ့တဲ့ ဂိုးသမားတွေရှိသလို အနုတ်လက္ခဏာပြခဲ့တဲ့ သူတွေလည်း အများကြီးပါ။ ဒါကြောင့် ဒီတစ်ပတ်ပွဲစဉ်(၃)မှာ ခြေစွမ်းအဆိုးရွားဆုံး ကစားသမားတွေကို Sportskeeda အားကစားဝက်ဘ်ဆိုက်က အခုလိုပဲ ဖော်ပြခဲ့ပါတယ် . . .

၅ – ကွန်ပနီ Kompany (ဝုလ်ဗ် – မန်စီးတီး)

Kompany-looked-uncertain-at-the-back

Kompany-looked-uncertain-at-the-back

ဝုလ်ဗ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ကွန်ပနီရဲ့ ကစားပုံက တစ်ခုခုကို ကြောက်ရွံ့နေသလိုပါပဲ။ အန္တရာယ်ရှိနိုင်တဲ့ ဧရိယာအတွင်းမှာ ဘောလုံးအပျက်များခဲ့တာကလည်း ခဏခဏပါ။ သူ့ရဲ့နေရာယူပုံ အလွဲတွေကြောင့် တွဲဖက်ကစားသမား လာပေ့ါတ် Laporte ပါ အမှားမှား အယွင်းယွင်းတွေ ဖြစ်ကုန်တယ်။ လာမယ့်တစ်ပတ် ကစားမယ့်ပွဲကျရင်တော့ ဂွါဒီယိုလာ Guardiola က ကွန်ပနီအစား ဂျွန်စတုန်းစ် John Stones ကို အသုံးပြုဖို့ များနေပါပြီ။

၄ – ဝဲလ်ရှိုင်းယား Wilshere (အာဆင်နယ် – ဝက်စ်ဟမ်း)

Wilshere-offered-little-to-no-creativity

Wilshere-offered-little-to-no-creativity

အသင်းဟောင်း အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ဝဲလ်ရှိုင်းယားရဲ့ခြေစွမ်းက စိတ်ပျက်စရာပါ။ ကိုယ့်အသင်းဟောင်းဖြစ်လု့ိ လျှော့ကစားတာလားတော့ မသိပါဘူး။ သူ့ဆီကို ဘောလုံးရောက်တိုင်း ဝက်စ်ဟမ်းအသင်းရဲ့ Tempo က ကျဆင်းသွားပြီး ဘောလုံးပေးတာမှာ တုံ့ဆိုင်းနေလို့ ပြိုင်ဘက်ကစားသမားတွေအတွက် ပြင်ဆင်ချိန် ရသွားခဲ့တယ်။ တိုက်စစ်မရလို့ ခံစစ်ကို ကူပေးတဲ့နေရမှာလည်း အားမကိုးရပါဘူး။ သူ့ကြောင့် အာဆင်နယ်အသင်း ကွင်းလယ်မှာ Space တွေ အများကြီးရခဲ့တာဖြစ်ပါတယ်။

၃ – ဒေးဗစ်လူးဝစ်ဇ် David Luiz (နယူးကာဆယ် – ချယ်လ်ဆီး)

David-Luizs-horrendous-mistake

David-Luizs-horrendous-mistake

နယူးကာဆယ်နဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဂိုးရဖို့ တော်တော်လေးရုန်းကန်ခဲ့ရတယ်။ တစ်သင်းလုံး ပိတ်ဆို့ ကစားနေတဲ့ နယူးကာဆယ်ကို ထိုးဖောက်ဖို့ ခက်နေချိန်မှာ ပယ်နယ်တီအခွင့်အရေးရခဲ့ပြီး ဟာဇက် Hazard က ဂိုးအဖြစ် ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဒေးဗစ်လူးဝစ်ဇ်ရဲ့ တွေဝေနေမှုကြောင့် နယူးကာဆယ် ချေပဂိုးပြန်ရခဲ့ပါတယ်။ ဂျရူး Giroud ကို Foul လုပ်ပြီး ရလာတဲ့ ဘောလုံးကို ယက်ဒ်လင် Yedlin ဂိုးရှေ့ ဖြတ်တင်ပေးချိန်မှာ ဒေးဗစ်လူးဝစ်ဇ် ခေါင်းတိုက်ရှင်းထုတ်ရမယ့်အစား ပြစ်ဒဏ်ဘော ပေးမလားဆိုပြီး တွေဝေနေတဲ့အတွက် ဟိုဆေးလူ Joselu က သူရှေ့ကနေ ခေါင်းတိုက် သွင်းယူသွားခဲ့ပါတော့တယ်။

၂ – ရစ်ချာလီဆင် Richarlison (ဘုန်းမောက် – အဲဗာတန်)

Richarlison-was-sent-off-in-the-41st-minute

Richarlison-was-sent-off-in-the-41st-minute

ဘုန်းမောက်နဲ့ပွဲမှာ ရစ်ချာလီဆင်ရဲ့ အပြုအမူနဲ့ ခြေစွမ်းက တကယ့်ကို အနုတ်လက္ခဏာပြခဲ့တယ်။ ပထမပိုင်းမပြီးခင် ပြိုင်ဘက်အသင်းနောက်ခံလူ စမစ် Smith ကို မလိုအပ်ဘဲ ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲဒီမတိုင်ခင်မှာလည်း ရစ်ချာလီဆင်ဟာ ဘယ်တောင်ပံနေရာမှာ ခြေစွမ်းမပြနိုင်ခဲ့သလို ဘာဖန်တီးမှုမှ မလုပ်နိုင်ခဲ့ဘူး။

၁- လူကာကူ Lukaku (မန်ယူ – စပါး)

Lukaku-was-battered-by-Spurs-center-backs

Lukaku-was-battered-by-Spurs-center-backs

စပါးအသင်းကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူကာကူရဲ့ မယုံနိုင်လောက်အောင် ဂိုးပေါက်လွဲချော်မှုက ပရိသတ်တွေအတွက် အဓိက လက်ညှိုးထိုးချင်စရာဖြစ်ခဲ့တယ်။ ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ကို လွဲအောင် ကန်ခဲ့တာက တော်ရုံ Skill တော့ မဟုတ်ပါဘူး။ ကွင်းထဲမှာ လူကာကူပါရဲ့လားလို့ မေးရမယ့်အထိ ဖြစ်ခဲ့ရပြီး ဘောလုံးထိန်းသိမ်းမှု အားနည်းခဲ့သလို၊ ပြိုင်ဘက်နောက်ခံလူတွေနဲ့ Physical ခြင်း ယှဉ်ရင်လည်း အမြဲတမ်း ရှုံးနိမ့်ခဲ့တယ်။

ဒီကစားသမား(၅)ဦးက အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရဲ့ အဆိုးရွားဆုံး ကစားသမားတွေပါပဲ။ Sportskeeda အားကစားဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာနဲ့ ပရိသတ်တွေရဲ့ သတ်မှတ်ချက် ကိုက်ညီမှုရှိရဲ့လား . . .

REF:Sportskeeda
Photo:Getty Images,Sportskeeda
Naing Linn(Akhayar)
www.akhayar.com