ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် Winners နဲ့ Losers မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)မှာ အကောင်းဆုံးဖြစ်ခဲ့တဲ့သူတွေနဲ့ ရုန်းကန်ခဲ့ရသူတွေကို ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Winners

(၁) အာဆင်နယ်

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)မှာတော့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို လာကာဇက် Lacazette ၊ မစ်ခီတာရန် Mkhitaryan တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အာဆင်နယ်အတွက် ပုံမှန်ပဲဖြစ်ပေမယ့် မန်ယူ – လီဗာပူးလ်ပွဲစဉ်က သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် ဒီတစ်ပတ်ရဲ့Winners စာရင်းမှာ အာဆင်နယ်အသင်းကို ထည့်သွင်းလိုက်ရပါတယ်။

(၂) တွမ်မီနေး McTominay

မာတစ် Matic ရဲ့ ဒဏ်ရာပြဿနာကြောင့် မန်ယူကွင်းလယ်လူ တွမ်မီနေး McTominay ဟာ လီဗာပူးလ်နဲ့ ပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ တွမ်မီနေး ဟာ ရရှိခဲ့တဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ကွင်းလယ်ကနေ လီဗာပူးလ်တိုက်စစ်ကို ဟန့်တားမှုတွေပြုလုပ်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း နည်းပြဆိုးလ်ရှား Solskjaer က တွမ်မီနေး ဟာ ဖလက်ချာ Fletcher နောက်တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

(၃) လုခ်ရှော Luke Shaw

ဒီတစ်ပတ်ရဲ့Winners စာရင်းမှာ လုခ်ရှော Luke Shaw ဟာ မဖြစ်မနေကို ပါဝင်ရမယ့် ကစားသမားပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ လုခ်ရှော ဟာ ခံစစ် ၊ တိုက်စစ်မျှတစွာကစားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာလာ Salah ကို လှုပ်လို့မရအောင် ထိန်းချုပ်ခဲ့ပါတယ်။

Loser

(၁) စပါး

စပါးအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)မှာ ဘန်လေအသင်းကို မထင်မှတ်ဘဲ ( ၂ – ၁ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အိပ်မက်အတွက် အထိနာခဲ့ပြီး လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၆)မှတ်ထိကွာဟသွားခဲ့ပါတယ်။

(၂) ဆာလာ Salah

ဆာလာ Salah ကတော့ မန်ယူအသင်းနဲ့တွေ့တိုင်း ခြေစွမ်းပြဖို့ ရုန်းကန်ရတဲ့ သူ့ရဲ့အစဉ်အလာဆိုးကို ဒီတစ်ပတ်မှာလည်း ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ ဆာလာ ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) မန်ယူအသင်းနဲ့ ပွဲစဉ်မှာ လုခ်ရှော ရဲ့ ထိန်းချုပ်မှုအောက်ကို တစ်ချိန်လုံးရောက်နေခဲ့ပြီး အသင်းရဲ့ တိုက်စစ်အတွက် ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ဒီအနေအထားကြောင့် ဆာလာ ဟာ ပွဲချိန်(၇၉)မိနစ်မှာ အော်ရီဂီ Origi နဲ့ လူစားလဲခံခဲ့ရပါတယ်။

Ref: Football 365
Photo: Pain in the Arsenal , Evening Standard , The Independent , Bournemouth Echo , VG , www.standard.co.uk
Ko Kyue(Akhayar)
www.akhayar.com