[Zawgyi]

ေႏြရာသီ အသုံးစရိတ္ေပါင္(၁)ဘီလီယံမွတ္တမ္းကုိ ပရီးမီးယားလိဂ္ကလပ္ေတြ (၃)ႏွစ္ဆက္ ခ်ိဳးဖ်က္ႏုိင္မွာလား

ေႏြရာသီအေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းဖုိ႔ (၁၂)ရက္သာ က်န္ရွိေတာ့ခ်ိန္မွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအေနနဲ႔ ေပါင္(၁)ဘီလီယံမွတ္တမ္းကုိ (၃)ႏွစ္ဆက္ခ်ိဳးဖ်က္ႏုိင္မယ့္ အေနအထားရွိေနပါၿပီ။ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ အခုေႏြရာသီကာလ အေျပာင္းအေရႊ႕အသုံးစရိတ္က ေပါင္(၉၃၅)သန္းအထိရွိေနၿပီး လီဗာပူးလ္ Liverpool အသင္းက ေပါင္(၁၆၇.၉)သန္းနဲ႔ ေငြေၾကးအမ်ားဆုံးသုံးစဲြထားတဲ့အသင္းအျဖစ္ ရပ္တည္ေနသလုိ သူတို႔ေနာက္မွာ ၀က္စ္ဟမ္း၊ အာဆင္နယ္၊ မန္ယူ၊ ဘ႐ုိက္တန္အသင္းေတြက အစဥ္လုိက္တိုင္း ရွိေနတယ္။

Premier-League-Summer-Transfer-2018

Premier-League-Summer-Transfer-2018

ဒီေႏြရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕ေၾကးအျမင့္ဆုံးအေျပာင္းအေရႊ႕ေတြထဲမွာ မာရက္ဇ္ Mahrez (လက္စတာမွ မန္စီးတီး- ေပါင္သန္း၆၀)၊ အယ္လစ္ဆန္ Allison (႐ုိးမားမွ လီဗာပူးလ္- ေပါင္ ၆၇သန္း)တို႔လည္း ပါ၀င္ေနတယ္။ ကမၻာေပၚမွာ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း အသုံးစရိတ္အမ်ားဆုံးၿပိဳင္ပဲြအျဖစ္ စံခ်ိန္တင္ထားတာက ပရီးမီးယားလိဂ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီက ေပါင္(၁.၄)ဘီလီယံအထိ အသုံးျပဳခဲ့တာပါ။

Allison-Liverpool

Allison-Liverpool

ေႏြရာသီအေျပာင္းအေရႊ႕ကာလက လာမယ့္ၾသဂုတ္လ(၉)ရက္မွ ပိတ္သိမ္းမွာျဖစ္တာေၾကာင့္ အခုႏွစ္မွာလည္း ပရီးမီးယားလိဂ္ၿပိဳင္ပဲြက အရင္စံခ်ိန္ကုိ ထပ္ၿပီးခ်ိဳးျဖတ္ႏုိင္ဦးမယ့္ အေနအထားပါပဲ။ ပရီးမီးယားလိဂ္ကလပ္ေတြ အခုလုိ ကစားသမားေတြကုိ ေၾကးႀကီးေပးေခၚယူႏုိင္တဲ့ အေၾကာင္းအရာေတြထဲမွာ အက်ႌစပြန္ဆာက ရရွိတဲ့၀င္ေငြ ျမင့္မားလာတာကလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ဒီရာသီမွာ ပရီးမီးယားလိဂ္ကလပ္ေတြ အက်ႌစပြန္ဆာ၊ အက်ႌလက္ေမာင္းစပြန္ဆာေတြကေန ရရွိခဲ့တဲ့၀င္ေငြ စုစုေပါင္းက စံခ်ိန္တင္ပမာဏျဖစ္တဲ့ ေပါင္(၃၆၀)သန္းအထိရွိခဲ့ၿပီး အရင္ႏွစ္ကထက္ ေပါင္သန္း(၅၀)ျမင့္တက္လာခဲ့တယ္။

Mahrez-Mancity

Mahrez-Mancity

ပရီးမီးယားလိဂ္ ကလပ္အသင္း(၂၀)ရဲ႕ အက်ႌစပြန္ဆာတစ္ခုတည္းက ရရွိတဲ့၀င္ေငြက ေပါင္(၃၁၃.၆)သန္းရွိခဲ့တာေၾကာင့္ အရင္ႏွစ္ကထက္ ေပါင္(၃၁.၈)သန္း ျမင့္တက္လာသလုိ၊ အက်ႌလက္ေမာင္းစပြန္ဆာကေန ေပါင္(၄၆)သန္းရရွိခဲ့လုိ႔ ၿပီးခဲ့တဲ့ႏွစ္ထက္ ေပါင္သန္း(၂၀) ပုိမ်ားလာခဲ့ပါတယ္။ လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕ အက်ႌစပြန္ဆာေၾကး အမ်ားဆုံးအသင္းက မန္ယူ Manchester United ျဖစ္ၿပီး Chevrolet ကုမၸဏီနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ (၁)ႏွစ္ေပါင္(၄၇)သန္းအထိရရွိေနတာပါ။ သူတို႔ေနာက္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းက ေပါင္(၄၅)သန္းနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနပါတယ္။

Premier-Leageu-Transfer-Graph

Premier-Leageu-Transfer-Graph

ပရီးမီးယားလိဂ္ Premier League ၿပိဳင္ပဲြဟာ ကမၻာေပၚမွာ လူႀကိဳက္အမ်ားဆုံးၿပိဳင္ပဲြျဖစ္ေနသလုိ က႑အသီးသီးက ရရွိေနတဲ့၀င္ေငြေတြကလည္း (၁)ႏွစ္ထက္(၁)ႏွစ္ ပုိမ်ားလာတာေၾကာင့္ ကစားသမားေတြကုိ ႀကိဳက္ေစ်းေပးေခၚယူေနတာက သိပ္ေတာ့မဆန္းပါဘူး။ လက္က်န္အေျပာင္းအေရႊ႕ရက္ေတြမွာလည္း ကစားသမားသစ္ေတြကုိ ဆက္လက္ေခၚယူသြားဖုိ႔ရွိေနတာေၾကာင့္ ေႏြရာသီအသုံးစရိတ္ ေပါင္(၁)ဘီလီယံမွတ္တမ္းကုိ (၃)ႏွစ္ဆက္ခ်ိဳးဖ်က္ႏုိင္ဖုိ႔ နီးစပ္ေနတာလည္းျဖစ္ပါေတာ့တယ္ . . .

REF:Daily Mail
Photo:mancity.com,Premier League,Mirror,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နွေရာသီ အသုံးစရိတ်ပေါင်(၁)ဘီလီယံမှတ်တမ်းကို ပရီးမီးယားလိဂ်ကလပ်တွေ (၃)နှစ်ဆက် ချိုးဖျက်နိုင်မှာလား

နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းဖို့ (၁၂)ရက်သာ ကျန်ရှိတော့ချိန်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ပေါင်(၁)ဘီလီယံမှတ်တမ်းကို (၃)နှစ်ဆက်ချိုးဖျက်နိုင်မယ့် အနေအထားရှိနေပါပြီ။ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အခုနွေရာသီကာလ အပြောင်းအရွှေ့အသုံးစရိတ်က ပေါင်(၉၃၅)သန်းအထိရှိနေပြီး လီဗာပူးလ် Liverpool အသင်းက ပေါင်(၁၆၇.၉)သန်းနဲ့ ငွေကြေးအများဆုံးသုံးစွဲထားတဲ့အသင်းအဖြစ် ရပ်တည်နေသလို သူတို့နောက်မှာ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ မန်ယူ၊ ဘရိုက်တန်အသင်းတွေက အစဉ်လိုက်တိုင်း ရှိနေတယ်။

Premier-League-Summer-Transfer-2018

Premier-League-Summer-Transfer-2018

ဒီနွေရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ကြေးအမြင့်ဆုံးအပြောင်းအရွှေ့တွေထဲမှာ မာရက်ဇ် Mahrez (လက်စတာမှ မန်စီးတီး- ပေါင်သန်း၆၀)၊ အယ်လစ်ဆန် Allison (ရိုးမားမှ လီဗာပူးလ်- ပေါင် ၆၇သန်း)တို့လည်း ပါဝင်နေတယ်။ ကမ္ဘာပေါ်မှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသုံးစရိတ်အများဆုံးပြိုင်ပွဲအဖြစ် စံချိန်တင်ထားတာက ပရီးမီးယားလိဂ်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက ပေါင်(၁.၄)ဘီလီယံအထိ အသုံးပြုခဲ့တာပါ။

Allison-Liverpool

Allison-Liverpool

နွေရာသီအပြောင်းအရွှေ့ကာလက လာမယ့်သြဂုတ်လ(၉)ရက်မှ ပိတ်သိမ်းမှာဖြစ်တာကြောင့် အခုနှစ်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲက အရင်စံချိန်ကို ထပ်ပြီးချိုးဖြတ်နိုင်ဦးမယ့် အနေအထားပါပဲ။ ပရီးမီးယားလိဂ်ကလပ်တွေ အခုလို ကစားသမားတွေကို ကြေးကြီးပေးခေါ်ယူနိုင်တဲ့ အကြောင်းအရာတွေထဲမှာ အင်္ကျီစပွန်ဆာက ရရှိတဲ့ဝင်ငွေ မြင့်မားလာတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေ အင်္ကျီစပွန်ဆာ၊ အင်္ကျီလက်မောင်းစပွန်ဆာတွေကနေ ရရှိခဲ့တဲ့ဝင်ငွေ စုစုပေါင်းက စံချိန်တင်ပမာဏဖြစ်တဲ့ ပေါင်(၃၆၀)သန်းအထိရှိခဲ့ပြီး အရင်နှစ်ကထက် ပေါင်သန်း(၅၀)မြင့်တက်လာခဲ့တယ်။

Mahrez-Mancity

Mahrez-Mancity

ပရီးမီးယားလိဂ် ကလပ်အသင်း(၂၀)ရဲ့ အင်္ကျီစပွန်ဆာတစ်ခုတည်းက ရရှိတဲ့ဝင်ငွေက ပေါင်(၃၁၃.၆)သန်းရှိခဲ့တာကြောင့် အရင်နှစ်ကထက် ပေါင်(၃၁.၈)သန်း မြင့်တက်လာသလို၊ အင်္ကျီလက်မောင်းစပွန်ဆာကနေ ပေါင်(၄၆)သန်းရရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်ထက် ပေါင်သန်း(၂၀) ပိုများလာခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်္ကျီစပွန်ဆာကြေး အများဆုံးအသင်းက မန်ယူ Manchester United ဖြစ်ပြီး Chevrolet ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ (၁)နှစ်ပေါင်(၄၇)သန်းအထိရရှိနေတာပါ။ သူတို့နောက်မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ပေါင်(၄၅)သန်းနဲ့ ဒုတိယအများဆုံးဖြစ်နေပါတယ်။

Premier-Leageu-Transfer-Graph

Premier-Leageu-Transfer-Graph

ပရီးမီးယားလိဂ် Premier League ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးပြိုင်ပွဲဖြစ်နေသလို ကဏ္ဍအသီးသီးက ရရှိနေတဲ့ဝင်ငွေတွေကလည်း (၁)နှစ်ထက်(၁)နှစ် ပိုများလာတာကြောင့် ကစားသမားတွေကို ကြိုက်ဈေးပေးခေါ်ယူနေတာက သိပ်တော့မဆန်းပါဘူး။ လက်ကျန်အပြောင်းအရွှေ့ရက်တွေမှာလည်း ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူသွားဖို့ရှိနေတာကြောင့် နွေရာသီအသုံးစရိတ် ပေါင်(၁)ဘီလီယံမှတ်တမ်းကို (၃)နှစ်ဆက်ချိုးဖျက်နိုင်ဖို့ နီးစပ်နေတာလည်းဖြစ်ပါတော့တယ် . . .

REF:Daily Mail
Photo:mancity.com,Premier League,Mirror,Getty Images
Naing Linn(Akhayar)
www.akhayar.com