ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ဗုဒ္ဓဟူးနေ့ ပွဲတွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ် အသင်းတို့ နိုင်ပွဲကိုယ်စီရယူခဲ့ကြပါတယ်။ လီဗာပူးလ်နဲ့ အာဆင်နယ်က ပြိုင်ဘက်တွေကို ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက်သာမက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲတွေက ပိုပြီး အသက်ဝင်လာသလို တန်းဆင်းဇုန်ထဲမှာလည်း စိန်ခေါ်မှုတွေက ပိုပြင်းထန်လာပါပြီ။

ချယ်လ်ဆီး ၂-၀ စပါး

လန်ဒန်ဒါဘီပွဲမှာတော့ ချယ်လ်ဆီးအသင်းက ပုံစံကောင်းပြပြီး စပါးအသင်းကို အနိုင်ကစားခဲ့ပါတယ်။ ပြဿနာမျိုးစုံဖြစ်နေတဲ့ ချယ်လ်ဆီးအသင်း ဒီပွဲမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ပြီး ပွဲအစကတည်းက အရှိန်မြှင့်တိုက်စစ်ဆင်ခဲ့တာပါ။ ပထမအကျော့တုန်းက ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့တဲ့ စပါးအသင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အိမ်ရှင်အသင်းကို တုံ့ပြန်ကစားနိုင်ခဲ့ပေမယ့်လည်း သရေတစ်မှတ်တောင် မရခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို (၅၇)မိနစ်မှာ ပတ်ဒရို Pedro က သွင်းယူခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စပါးအသင်း ချေပဂိုးရမယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာက နစ်နာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုးကတော့ စပါးနောက်ခံလူ ထရစ်ပီယာ Trippier နဲ့ လိုရစ် Lloris တို့ နားလည်မှုလွဲတာကနေ ပေးလိုက်ရတာပါ။

ပဲလေ့စ် ၁-၃ မန်ယူ

ဒဏ်ရာပြဿနာတွေကြားက မန်ယူအသင်း အဝေးကွင်းမှာ ပဲလေ့စ်ကို အနိုင်ယူခဲ့ပါတယ်။ မန်ယူအသင်းအတွက် တိုက်စစ်မှူး လူကာကူ Lukaku က ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့တယ်။ ပဲလေ့စ်အသင်းရဲ့ ကစားပုံကလည်း မန်ယူကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် မန်ယူတိုက်စစ်က အခွင့်အရေးတစ်ကြိမ်ရရင် တစ်ကြိမ် အသုံးချနိုင်ခဲ့တာကြောင့် အခုလို အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူအတွက် အဖွင့်ဂိုးကို (၃၃)မိနစ်မှာ လူကာကူက ပယ်နယ်တီဧရိယာထိပ်က ညာခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ (၅၂)မိနစ်မှာ သွင်းယူခဲ့တယ်။ (၆၆)မိနစ်မှာ Ward က အနီးကပ်ခေါင်းတိုက်ပြီး ချေပဂိုးသွင်းခဲ့တာကြောင့် ပဲလေ့စ် သရေတစ်မှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် အက်ရှ်လေယန်း Ashley Young က တတိယမြောက် ဂိုးသွင်းယူခဲ့တာကြောင့် အမှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆိုးလ်ရှား Ole Gunnar Solskjaer လက်ထက် ပြိုင်ပွဲစုံအဝေးကွင်း (၈)ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး ဒါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။

February 27
FT Cardiff City 0 – 3 Everton
FT Huddersfield Town 1 – 0 Wolverhampton Wanderers
FT Leicester City 2 – 1 Brighton & Hove Albion
FT Newcastle United 2 – 0 Burnley
February 28
FT Arsenal 5 – 1 AFC Bournemouth
FT Southampton 2 – 0 Fulham
FT Chelsea 2 – 0 Tottenham Hotspur
FT Crystal Palace 1 – 3 Manchester United
FT Liverpool 5 – 0 Watford
FT Manchester City 1 – 0 West Ham United

Photo:Opta Joe,Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com