[Zawgyi]








West-Ham-vs-Man-City

West-Ham-vs-Man-City



Spurs-vs-Chelsea

Spurs-vs-Chelsea


Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပွဲကြီးပွဲကောင်းတွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) စနေနေ့ပွဲစဉ်များ

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)စနေနေ့ပွဲတွေမှာတော့ ပွဲကောင်းတချို့ပါဝင်နေလို့ စိတ်ဝင်စားစရာကောင်းနေတယ်။ နောက်ဆုံးပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ယူဟာ ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး စပါးနဲ့ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲလည်း ရှိနေပါတယ်။ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ . . .

မန်ယူ – ပဲလေ့စ် (စနေ ည ၉း၃၀)

Manchester-United-vs-Palace

Manchester-United-vs-Palace

ရလဒ်တွေ ကောင်းလာပြီးမှ မန်စီးတီးကို ဂိုးပြတ်ခြေပြတ်ရှုံးနိမ့်ခဲ့လို့ မန်ယူ အရှိန်တန့်သွားခဲ့တယ်။ လက်ရှိအနေအထားအရ မန်ယူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုထက် ချန်ပီယံလိဂ်ဝင်ခွင့်ကို အာရုံစိုက်ရမယ့်အခြေအနေဖြစ်နေပြီ။ ပွဲစဉ်(၁၂)အပြီးမှာ ထိပ်ဆုံးက မန်စီးတီးနဲ့ (၁၂)မှတ်အထိ ကွာဟနေပြီး အဆင့်(၄)က စပါးအသင်းနဲ့တောင် (၇)မှတ်ကွာနေပါတယ်။ ပဲလေ့စ်အသင်းကတော့ အရှုံးသံသရာထဲမှာ ယစ်မူးနေပြီး အခုထိလည်း (၂)ပွဲပဲ နိုင်ထားသေးတယ်။ မန်ယူမှာ အဓိက ကစားသမားတချို့ ဒဏ်ရာရနေပေမယ့် အိမ်ကွင်းမှာတော့ မဖြစ်မနေ နိုင်ပွဲပြန်ရှာရမယ့်အနေအထားပါ။ မန်ယူ (၂-ဝ)၊ (၂-၁)ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ရှိနေပါတယ်။

ဝက်စ်ဟမ်း – မန်စီးတီး (စနေ ည ၉း၃၀)

West-Ham-vs-Man-City

West-Ham-vs-Man-City

ရလဒ်ရော ခြေစွမ်းပါ တောက်လျှောက်ကောင်းနေပြီး ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို ဝက်စ်ဟမ်း တားဆီးနိုင်ပါ့မလား။ နောက်ဆုံး (၃)ပွဲမှာ ရှုံးပွဲမရှိဘဲ (၅)မှတ်အထိရယူခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက တက်ရိပ်တော့ ပြနေတယ်။ မန်ချက်စတာမြို့ခံအသင်းဖြစ်တဲ့ မန်ယူကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ဝက်စ်ဟမ်း မန်စီးတီးကိုလည်း ထပ်ပြီး ဒုက္ခပေးဖို့ ကြိုးစားဦးမှာပါပဲ။ ဒါပေမဲ့ မန်စီးတီးဟာ တစ်ဦးချင်းသာမက အသင်းလိုက်ပါ ကောင်းမွန်နေချိန်ဖြစ်လို့ ဝက်စ်ဟမ်း မလွယ်လောက်ဘူး။ ဝက်စ်ဟမ်းရဲ့ ခံကန်အားကြောင့် မန်စီးတီးအတွက် ခက်ခဲနိုင်ပေမယ့် အနိုင်ရလဒ်ကိုတော့ အခက်အခဲမရှိ ရယူသွားမှာပါ။

စပါး – ချယ်လ်ဆီး (စနေ ည ၁၂း၀၀)

Spurs-vs-Chelsea

Spurs-vs-Chelsea

လန်ဒန်ဒါဘီရဲ့ထုံးစံအတိုင်း ပွဲက အကြိတ်အနယ်ရှိဦးမှာပါပဲ။ ချယ်လ်ဆီးအသင်း ရှုံးပွဲမရှိသေးပေမယ့် သရေပွဲတွေ များနေလို့ ထိပ်ဆုံးက မန်စီးတီးနဲ့ အမှတ်ကွာဟချက်က တဖြည်းဖြည်းများလာတယ်။ မန်စီးတီးကို အမီလိုက်ဖို့ ကြိုးစားနေရင်းကပဲ နောက်ဆုံးပွဲမှာ အဲဗာတန်နဲ့ သရေကျခဲ့ပြန်ပါတယ်။ စပါးအသင်းကတော့ မန်စီးတီးကို ရှုံးခဲ့တာကလွဲပြီး နောက်ဆုံး(၇)ပွဲမှာ (၆)ပွဲအထိ အနိုင်ယူခဲ့တယ်။ အဓိက ကစားသမားတချို့ ပွဲပန်းမှုတွေရှိနေတာကိုတော့ သတိထားရမယ်။ ဂိုးနည်းနည်းနဲ့ သရေကျသွားမယ်ပွဲလို့ ထင်ပါတယ်။

Photo:Bongdanet,Getty Images,NNU Income
Naing Linn(Akhayar)
www.akhayar.com