[Zawgyi]

အီတီဟတ္ကြင္းမွာ ႐ုန္းကန္ရဖုိ႔ရွိေနတဲ့ မန္ယူ

ပရီးမီးယားလိဂ္ပဲြစဥ္ (၁၂) တနဂၤေႏြေန႔ပဲြေတြမွာေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ မန္စီးတီး-မန္ယူတို႔ရဲ႕ မန္ခ်က္စတာဒါဘီ ပဲြႀကီးပဲြေကာင္းပါ၀င္ေနတယ္။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက မန္စီးတီးရဲ႕ အီတီဟတ္ကြင္းမွာ (၂)ဂုိးျပတ္အ႐ႈံးကေန (၃)ဂုိးျပန္သြင္းၿပီး အႏုိင္ယူခဲ့လုိ႔ ဒီတစ္ႀကိမ္မွာ မန္စီးတီးက ႐ႈံးေၾကြး ဆပ္ႏုိင္မလား၊ မန္ယူကပဲ ႏုိင္ပဲြ ထပ္ရမလားဆုိတာ ေစာင့္ၾကည့္ရမယ္။ တျခား ထိပ္သီးအသင္းေတြျဖစ္တဲ့ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔ဟာ အိမ္ကြင္းပဲြေတြ ကစားရမွာျဖစ္လုိ႔ ရလဒ္ေကာင္း ရယူဖုိ႔ မ်ားေနတယ္ . .

လီဗာပူးလ္ – ဖူလ္ဟမ္ (တနဂၤေႏြ ညေန ၆း၃၀ နာရီ)

Liverpool-Players

Liverpool-Players

လီဗာပူးလ္ ႐ႈံးပဲြမရွိေသးေပမယ့္ ေနာက္ပုိင္းပဲြေတြမွာ သေရပဲြေတြ မ်ားလာတယ္။ ဒါေပမဲ့ အဲဒီသေရပဲြဟာ အသင္းႀကီးအခ်င္းခ်င္း ထိပ္တုိက္ေတြ႕တဲ့ပဲြေတြျဖစ္ၿပီး အမွတ္ျပည့္ရႏုိင္တဲ့ပဲြေတြမွာ အတိမ္းအေစာင္း မရွိပါဘူး။ ဒါဟာ အရင္ လီဗာပူးလ္နဲ႔ ကြာျခားသြားတဲ့ အခ်က္ပါပဲ။ အခုလည္း အမွတ္ေပးဇယား ေအာက္ဆုံးက ဖူလ္ဟမ္နဲ႔ အိမ္ကြင္း ကစားရမွာျဖစ္လုိ႔ အခက္အခဲ မရွိႏုိင္ဘူး။ လီဗာပူးလ္ အႏုိင္ေသခ်ာပါတယ္။

ခ်ယ္လ္ဆီး – အဲဗာတန္ (တနဂၤေႏြ ည ၈း၄၅ နာရီ)
အခုေနာက္ပုိင္း ေျချပန္တက္ေနတဲ့ အဲဗာတန္ကုိ ခ်ယ္လ္ဆီး သတိထားကစားရမယ္။ ေနာက္ဆုံး (၅)ပဲြမွာ မန္ယူကုိပဲ ႐ႈံးခဲ့ၿပီး (၄)ပဲြအႏုိင္ကစားခဲ့တဲ့ အဲဗာတန္ဟာ ခ်ယ္လ္ဆီးကုိ ဒုကၡေပးေနၾကပါပဲ။ အိမ္ကြင္းျဖစ္ေပမယ့္ ခ်ယ္လ္ဆီး ႐ုန္းကန္ရမယ့္အေနအထား ျဖစ္ေနတယ္။ သေရက်ဖုိ႔ မ်ားၿပီး ခ်ယ္လ္ဆီးႏုိင္ရင္ေတာင္ ဂုိးမျပတ္ပါဘူး။

အာဆင္နယ္ – ၀ုလ္ဗ္ (တနဂၤေႏြ ည ၁၁း၀၀ နာရီ)
ရာသီအစပိုင္းတုနး္က ေျခမွန္ခဲ့ေပမယ့္ အခုေနာက္ပုိင္း ၀ုလ္ဗ္ ရလဒ္မေကာင္းျဖစ္ေနတယ္။ ပဲေလ့စ္ကုိ အႏုိင္ရၿပီးကတည္းက (၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ေနၿပီး အဆင့္ရပ္တည္မႈပါ ေလ်ာ႔က်လာတယ္။ အာဆင္နယ္ကေတာ့ ၿပိဳင္ပဲြစုံ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနၿပီး (၁၅)ပဲြဆက္တိုက္ ႐ႈံးပဲြမရွိေသးဘူး။ တိုက္စစ္ပုိင္း စြမ္းေဆာင္ရည္ နည္းနည္းက်ဆင္းလာေပမယ့္ ၀ုလ္ဗ္ကုိ အႏုိင္ယူဖုိ႔အတြက္ လုံေလာက္တဲ့ အေနအထားမွာ ရွိေနဆဲပါပဲ။

မန္စီးတီး – မန္ယူ (တနဂၤေႏြ ည ၁၁း၀၀ နာရီ)

Manchester-City-Vs-Manchester-United

Manchester-City-Vs-Manchester-United

ဒီရာသီမွာ ဂြါဒီယုိလာ Guardiola နဲ႔ ေမာ္ရင္ဟုိ Mourinho တို႔ ပထမဆုံး ထိပ္တိုက္ေတြ႕ပါၿပီ။ ေမာ္ရင္ဟုိနဲ႔ ဂြါဒီယုိလာတို႔ဟာ အဂၤလန္ေျမမွာ ၿပိဳင္ပဲြစုံ (၅)ပဲြ ဆုံေတြ႕ခဲ့ၿပီး တစ္ေယာက္ကုိ (၂)ႀကိမ္စီႏုိင္၊ (၁)ပဲြသေရက်ခဲ့တယ္။ လက္ရွိ ဒီႏွစ္သင္းရဲ႕ ေျခစြမ္းက ကြာဟခ်က္ေတြ အမ်ားႀကီးပါ။ မန္စီးတီးက ခ်န္ပီယံေျခစြမ္းျပၿပီး ႏုိင္ပဲြေတြ ဆက္ေနေပမယ့္ မန္ယူကေတာ့ အခုေနာက္ပုိင္းမွ ေျချပန္ၿငိမ္လာသလုိ ျဖစ္ေနတယ္။ ဒါေပမဲ့ ေနာက္ဆုံး(၄)ပဲြမွာ (၃)ပဲြႏုိင္၊ (၁)ပဲြသေရက်ခဲ့တဲ့ မန္ယူကုိလည္း ေလွ်ာ႔တြက္လုိ႔ မရဘူး။ မန္ခ်က္စတာဒါဘီ ထုံးစံအတိုင္း အႀကိတ္အနယ္ရွိဦးမွာပါပဲ။ အီတီဟတ္ကြင္းမွာ မန္စီးတီး ရလဒ္ေကာင္းဖုိ႔ မ်ားေနၿပီး မန္ယူအတြက္ သေရတစ္မွတ္သာ အျမင့္ဆုံးေမွ်ာ္လင့္ရမယ္။

Photo:SB Nation,FansBet,Avoca, Travel
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အီတီဟတ်ကွင်းမှာ ရုန်းကန်ရဖို့ရှိနေတဲ့ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) တနင်္ဂနွေနေ့ပွဲတွေမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ မန်စီးတီး-မန်ယူတို့ရဲ့ မန်ချက်စတာဒါဘီ ပွဲကြီးပွဲကောင်းပါဝင်နေတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ (၂)ဂိုးပြတ်အရှုံးကနေ (၃)ဂိုးပြန်သွင်းပြီး အနိုင်ယူခဲ့လို့ ဒီတစ်ကြိမ်မှာ မန်စီးတီးက ရှုံးကြွေး ဆပ်နိုင်မလား၊ မန်ယူကပဲ နိုင်ပွဲ ထပ်ရမလားဆိုတာ စောင့်ကြည့်ရမယ်။ တခြား ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ဟာ အိမ်ကွင်းပွဲတွေ ကစားရမှာဖြစ်လို့ ရလဒ်ကောင်း ရယူဖို့ များနေတယ် . .

လီဗာပူးလ် – ဖူလ်ဟမ် (တနင်္ဂနွေ ညနေ ၆း၃၀ နာရီ)

Liverpool-Players

Liverpool-Players

လီဗာပူးလ် ရှုံးပွဲမရှိသေးပေမယ့် နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေ များလာတယ်။ ဒါပေမဲ့ အဲဒီသရေပွဲဟာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲတွေဖြစ်ပြီး အမှတ်ပြည့်ရနိုင်တဲ့ပွဲတွေမှာ အတိမ်းအစောင်း မရှိပါဘူး။ ဒါဟာ အရင် လီဗာပူးလ်နဲ့ ကွာခြားသွားတဲ့ အချက်ပါပဲ။ အခုလည်း အမှတ်ပေးဇယား အောက်ဆုံးက ဖူလ်ဟမ်နဲ့ အိမ်ကွင်း ကစားရမှာဖြစ်လို့ အခက်အခဲ မရှိနိုင်ဘူး။ လီဗာပူးလ် အနိုင်သေချာပါတယ်။

ချယ်လ်ဆီး – အဲဗာတန် (တနင်္ဂနွေ ည ၈း၄၅ နာရီ)
အခုနောက်ပိုင်း ခြေပြန်တက်နေတဲ့ အဲဗာတန်ကို ချယ်လ်ဆီး သတိထားကစားရမယ်။ နောက်ဆုံး (၅)ပွဲမှာ မန်ယူကိုပဲ ရှုံးခဲ့ပြီး (၄)ပွဲအနိုင်ကစားခဲ့တဲ့ အဲဗာတန်ဟာ ချယ်လ်ဆီးကို ဒုက္ခပေးနေကြပါပဲ။ အိမ်ကွင်းဖြစ်ပေမယ့် ချယ်လ်ဆီး ရုန်းကန်ရမယ့်အနေအထား ဖြစ်နေတယ်။ သရေကျဖို့ များပြီး ချယ်လ်ဆီးနိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။

အာဆင်နယ် – ဝုလ်ဗ် (တနင်္ဂနွေ ည ၁၁း၀၀ နာရီ)
ရာသီအစပိုင်းတုန်းက ခြေမှန်ခဲ့ပေမယ့် အခုနောက်ပိုင်း ဝုလ်ဗ် ရလဒ်မကောင်းဖြစ်နေတယ်။ ပဲလေ့စ်ကို အနိုင်ရပြီးကတည်းက (၃)ပွဲဆက် နိုင်ပွဲပျောက်နေပြီး အဆင့်ရပ်တည်မှုပါ လျော့ကျလာတယ်။ အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ တောက်လျှောက် ခြေစွမ်းပြနေပြီး (၁၅)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘူး။ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် နည်းနည်းကျဆင်းလာပေမယ့် ဝုလ်ဗ်ကို အနိုင်ယူဖို့အတွက် လုံလောက်တဲ့ အနေအထားမှာ ရှိနေဆဲပါပဲ။

မန်စီးတီး – မန်ယူ (တနင်္ဂနွေ ည ၁၁း၀၀ နာရီ)

Manchester-City-Vs-Manchester-United

Manchester-City-Vs-Manchester-United

ဒီရာသီမှာ ဂွါဒီယိုလာ Guardiola နဲ့ မော်ရင်ဟို Mourinho တို့ ပထမဆုံး ထိပ်တိုက်တွေ့ပါပြီ။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ဟာ အင်္ဂလန်မြေမှာ ပြိုင်ပွဲစုံ (၅)ပွဲ ဆုံတွေ့ခဲ့ပြီး တစ်ယောက်ကို (၂)ကြိမ်စီနိုင်၊ (၁)ပွဲသရေကျခဲ့တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ခြေစွမ်းက ကွာဟချက်တွေ အများကြီးပါ။ မန်စီးတီးက ချန်ပီယံခြေစွမ်းပြပြီး နိုင်ပွဲတွေ ဆက်နေပေမယ့် မန်ယူကတော့ အခုနောက်ပိုင်းမှ ခြေပြန်ငြိမ်လာသလို ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့တဲ့ မန်ယူကိုလည်း လျှော့တွက်လို့ မရဘူး။ မန်ချက်စတာဒါဘီ ထုံးစံအတိုင်း အကြိတ်အနယ်ရှိဦးမှာပါပဲ။ အီတီဟတ်ကွင်းမှာ မန်စီးတီး ရလဒ်ကောင်းဖို့ များနေပြီး မန်ယူအတွက် သရေတစ်မှတ်သာ အမြင့်ဆုံးမျှော်လင့်ရမယ်။

Photo:SB Nation,FansBet,Avoca, Travel
Naing Linn(Akhayar)
www.akhayar.com