[Zawgyi]

အိမ္ရွင္အသင္း အမ်ားစု ရလဒ္ေကာင္းဖုိ႔ မ်ားေနတဲ့ ပရီးမီးယားလိဂ္ စေနေန႔ပဲြစဥ္မ်ား

ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၂) စေနေန႔ပဲြေတြမွာေတာ့ ပဲြႀကီးပဲြေကာင္း မပါ၀င္ဘဲ အသင္းႀကီးဆုိလုိ႔ စပါးအသင္း ကစားမယ့္ပဲြသာ ရွိပါတယ္။ ဒါေပမဲ့လည္း အလယ္အလတ္အသင္းေတြ ထိပ္တိုက္ေတြ႕ေန႔လုိ႔ အႀကိတ္အနယ္ရွိမွာေတာ့ အေသအခ်ာပါပဲ . .

ကာဒစ္ဖ္ – ဘ႐ုိက္တန္ (စေန ညေန ၇း၀၀နာရီ)
ဖူလ္ဟမ္ကုိ အႏုိင္ယူၿပီး ဒီရာသီ ပထမဆုံးႏုိင္ပဲြကုိ ကာဒစ္ဖ္ ရွာေဖြႏုိင္ခဲ့ေပမယ့္ အဲဒီေနာက္ပုိင္း (၂)ပဲြဆက္ ႐ႈံးနိမ့္ခဲ့တယ္။ ကာဒစ္ဖ္ထက္စာရင္ ဘ႐ုိက္တန္ကေတာင္ ေျခမွန္ေနတယ္လုိ႔ ဆုိရမယ္။ (၃)ပဲြဆက္ အႏုိင္ရခဲ့ၿပီးမွ ၿပီးခဲ့တဲ့တစ္ပတ္က အဲဗာတန္ကုိ အေ၀းကြင္းမွာ ႐ႈံးနိမ့္ခဲ့တာပါ။ သေရက်ဖုိ႔ မ်ားၿပီး အႏုိင္ဆုိရင္ေတာ့ ဘ႐ုိက္တန္ကုိ ေရြးခ်ယ္ပါတယ္။

လက္စတာ – ဘန္ေလ (စေန ည ၉း၃၀ နာရီ)

Leicester-City-vs-Burnley

Leicester-City-vs-Burnley

လက္စတာရဲ႕ ေျခစြမ္းေရာ၊ ရလဒ္ပါ တည္ၿငိမ္ပါတယ္။ ကုိယ္နဲ႔ Level တူအသင္းေတြဆုိရင္ သေရ ဒါမွမဟုတ္ အႏုိင္ ကစားေလ့ရွိတယ္။ အခု ဘန္ေလအသင္းက သူတို႔ထက္ေတာင္ တစ္ဆင့္နိမ့္ေနေသးတယ္။ လက္စတာကုိပဲ ေရြးရမွာပါ။

ဟတ္ဒါဖီးလ္ – ၀က္စ္ဟမ္း (စေန ည ၉း၃၀ နာရီ)
ဟတ္ဒါဖီးလ္ကလည္း ၿပီးခဲ့တဲ့တစ္ပတ္ကမွ ဒီရာသီပထမဆုံး ႏုိင္ပဲြရခဲ့တယ္။ ကစားပုံ မဆုိးေပမယ့္ ကစားသမားေတြရဲ႕ အရည္အေသြး နိမ့္ပါးေနတာေၾကာင့္ အခုလုိ ရလဒ္ေတြ ဆုိးေနတယ္လုိ႔ ေျပာရမွာပါ။ ၀က္စ္ဟမ္းကေတာ့ ထိပ္တန္းအဆင့္ ကစားသမားေကာင္းေတြ ရွိေပမယ့္ အခုအခ်ိန္အထိ တည္ၿငိမ္မႈ မရွိေသးဘူး။ အေ၀းကြင္း ရလဒ္ေတြကလည္း အားရစရာ မရွိပါဘူး။ ဟတ္ဒါဖီးလ္ အနည္းဆုံး သေရတစ္မွတ္ ရယူႏုိင္ပါလိမ့္မယ္။

နယူးကာဆယ္ – ဘုန္းေမာက္ (စေန ည ၉း၃၀ နာရီ)
ၿပီးခဲ့တဲ့တစ္ပတ္က အိမ္ကြင္းမွာ ၀က္ဖုိ႔ဒ္ကုိ အႏုိင္ယူၿပီး ဒီရာသီ ပထမဆုံး (၃)မွတ္ စရရွိခဲ့လို႔ နယူးကာဆယ္ စိတ္ဓာတ္တက္ေနႏုိင္တယ္။ ဒါေပမဲ့ ဘုန္းေမာက္က ေျခစြမ္းပုိတည္ၿငိမ္ပါတယ္။ လက္ရွိ Form အရ နယူးကာဆယ္ သေရတစ္မွတ္သာ အျမင့္ဆုံး ေမွ်ာ္လင့္ရမွာပါ။

ေဆာက္သမ္တန္ – ၀က္ဖုိ႔ဒ္ (စေန ည ၉း၃၀ နာရီ)
ဒီရာသီမွာ ေဆာက္သမ္တန္ရဲ႕ ေျခစြမ္း၊ ရလဒ္ပုိင္းပါ ေတာက္ေလွ်ာက္ ျမားေအာက္စုိက္ေနတယ္။ ၀က္ဖုိ႔ဒ္ကလည္း ေျခ မမွန္ပါဘူး။ ဒါေပမဲ့ ေဆာက္သမ္တန္ထက္ေတာ့ ပုိသာတဲ့ အေနအထားမွာရွိတယ္။ ၀က္ဖုိ႔ဒ္ မ႐ႈံးႏုိင္ဘူးလုိ႔ ထင္တယ္။

ပဲေလ့စ္ – စပါး (စေန ည ၁၂း၀၀ နာရီ)

Crystal-Palace-Vs-Tottenham-Hotspur

Crystal-Palace-Vs-Tottenham-Hotspur

ပဲေလ့စ္ ရလဒ္ေတြ ဆုိးရြားေနေပမယ့္ အိမ္ကြင္းမွာေတာ့ ကစားပုံ မဆုိးပါဘူး။ စပါးအသင္းက ႏုိင္သင့္တဲ့ပဲြေတြမွာ အမွားအယြင္းမရွိ ႏုိင္ပဲြ ရယူေနတယ္။ ပဲေလ့စ္ သေရတစ္မွတ္ ေမွ်ာ္လင့္ခြင့္ရွိၿပီး အႏုိင္ဆုိရင္ေတာ့ စပါးပါပဲ။

Photo:101greatgoals,standard,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ရှင်အသင်း အများစု ရလဒ်ကောင်းဖို့ များနေတဲ့ ပရီးမီးယားလိဂ် စနေနေ့ပွဲစဉ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) စနေနေ့ပွဲတွေမှာတော့ ပွဲကြီးပွဲကောင်း မပါဝင်ဘဲ အသင်းကြီးဆိုလို့ စပါးအသင်း ကစားမယ့်ပွဲသာ ရှိပါတယ်။ ဒါပေမဲ့လည်း အလယ်အလတ်အသင်းတွေ ထိပ်တိုက်တွေ့နေ့လို့ အကြိတ်အနယ်ရှိမှာတော့ အသေအချာပါပဲ . .

ကာဒစ်ဖ် – ဘရိုက်တန် (စနေ ညနေ ရး၀၀နာရီ)
ဖူလ်ဟမ်ကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲကို ကာဒစ်ဖ် ရှာဖွေနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း (၂)ပွဲဆက် ရှုံးနိမ့်ခဲ့တယ်။ ကာဒစ်ဖ်ထက်စာရင် ဘရိုက်တန်ကတောင် ခြေမှန်နေတယ်လို့ ဆိုရမယ်။ (၃)ပွဲဆက် အနိုင်ရခဲ့ပြီးမှ ပြီးခဲ့တဲ့တစ်ပတ်က အဲဗာတန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။ သရေကျဖို့ များပြီး အနိုင်ဆိုရင်တော့ ဘရိုက်တန်ကို ရွေးချယ်ပါတယ်။

လက်စတာ – ဘန်လေ (စနေ ည ၉း၃၀ နာရီ)

Leicester-City-vs-Burnley

Leicester-City-vs-Burnley

လက်စတာရဲ့ ခြေစွမ်းရော၊ ရလဒ်ပါ တည်ငြိမ်ပါတယ်။ ကိုယ်နဲ့ Level တူအသင်းတွေဆိုရင် သရေ ဒါမှမဟုတ် အနိုင် ကစားလေ့ရှိတယ်။ အခု ဘန်လေအသင်းက သူတို့ထက်တောင် တစ်ဆင့်နိမ့်နေသေးတယ်။ လက်စတာကိုပဲ ရွေးရမှာပါ။

ဟတ်ဒါဖီးလ် – ဝက်စ်ဟမ်း (စနေ ည ၉း၃၀ နာရီ)
ဟတ်ဒါဖီးလ်ကလည်း ပြီးခဲ့တဲ့တစ်ပတ်ကမှ ဒီရာသီပထမဆုံး နိုင်ပွဲရခဲ့တယ်။ ကစားပုံ မဆိုးပေမယ့် ကစားသမားတွေရဲ့ အရည်အသွေး နိမ့်ပါးနေတာကြောင့် အခုလို ရလဒ်တွေ ဆိုးနေတယ်လို့ ပြောရမှာပါ။ ဝက်စ်ဟမ်းကတော့ ထိပ်တန်းအဆင့် ကစားသမားကောင်းတွေ ရှိပေမယ့် အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးဘူး။ အဝေးကွင်း ရလဒ်တွေကလည်း အားရစရာ မရှိပါဘူး။ ဟတ်ဒါဖီးလ် အနည်းဆုံး သရေတစ်မှတ် ရယူနိုင်ပါလိမ့်မယ်။

နယူးကာဆယ် – ဘုန်းမောက် (စနေ ည ၉း၃၀ နာရီ)
ပြီးခဲ့တဲ့တစ်ပတ်က အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံး (၃)မှတ် စရရှိခဲ့လို့ နယူးကာဆယ် စိတ်ဓာတ်တက်နေနိုင်တယ်။ ဒါပေမဲ့ ဘုန်းမောက်က ခြေစွမ်းပိုတည်ငြိမ်ပါတယ်။ လက်ရှိ Form အရ နယူးကာဆယ် သရေတစ်မှတ်သာ အမြင့်ဆုံး မျှော်လင့်ရမှာပါ။

ဆောက်သမ်တန် – ဝက်ဖို့ဒ် (စနေ ည ၉း၃၀ နာရီ)
ဒီရာသီမှာ ဆောက်သမ်တန်ရဲ့ ခြေစွမ်း၊ ရလဒ်ပိုင်းပါ တောက်လျှောက် မြားအောက်စိုက်နေတယ်။ ဝက်ဖို့ဒ်ကလည်း ခြေ မမှန်ပါဘူး။ ဒါပေမဲ့ ဆောက်သမ်တန်ထက်တော့ ပိုသာတဲ့ အနေအထားမှာရှိတယ်။ ဝက်ဖို့ဒ် မရှုံးနိုင်ဘူးလို့ ထင်တယ်။

ပဲလေ့စ် – စပါး (စနေ ည ၁၂း၀၀ နာရီ)

Crystal-Palace-Vs-Tottenham-Hotspur

Crystal-Palace-Vs-Tottenham-Hotspur

ပဲလေ့စ် ရလဒ်တွေ ဆိုးရွားနေပေမယ့် အိမ်ကွင်းမှာတော့ ကစားပုံ မဆိုးပါဘူး။ စပါးအသင်းက နိုင်သင့်တဲ့ပွဲတွေမှာ အမှားအယွင်းမရှိ နိုင်ပွဲ ရယူနေတယ်။ ပဲလေ့စ် သရေတစ်မှတ် မျှော်လင့်ခွင့်ရှိပြီး အနိုင်ဆိုရင်တော့ စပါးပါပဲ။

Photo:101greatgoals,standard,Getty Images
Naing Linn(Akhayar)
www.akhayar.com