၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီကတော့ ပြီးဆုံးဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာပါပြီ။ လက်ရှိအချိန်ဟာ ဘောလုံးရာသီရဲ့ အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အသင်းတိုင်းဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရှေ့ဆက်နေကြပါတယ်။ ဘောလုံးရာသီပြီးဆုံးခါနီးမှာ အမြဲတမ်းလိုလိုကြားနေရတာကတော့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် နာမည်ကျော်ကစားသမားတွေရဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီကုန်မှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကစားသမားတွေရှိနေတာကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

David Luiz

ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကို ဦးဆောင်ပြီး ကစားနေတဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း ပေါ်လာလိုက် ၊ ငြိမ်သက်လိုက်ဖြစ်နေပါတယ်။ ဒေးဗစ်လူးဝစ်ဇ် ကတော့ ချယ်လ်ဆီးအသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေပြီး အခြားကမ်းလှမ်းမှုတွေကို မျက်ကွယ်ပြုထားပါတယ်။ ခံစစ်ကစားသမားကောင်း ရှားပါးတဲ့ ဒီဘက်ခေတ်မှာတော့ ချယ်လ်ဆီးအသင်း အနေနဲ့ အသင်းအတွက် အရာအားလုံးပေးဆပ်ကစားတတ်တဲ့ ဒေးဗစ်လူးဝစ်ဇ် ကို စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ်ပါတယ်။

Giroud

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျရူး Giroud ဟာလည်း ရာသီကုန်မှာ အသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြ ဆာရီ Sarri ကတော့ တိုက်စစ်မှူး ဂျရူး ကို လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ ဂျရူး ဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပွဲထွက်ခွင့်သိပ်မရပေမယ့် သွင်းဂိုး(၁၁)ဂိုးသွင်းယူထားပြီး ကျရာနေရာကနေ အသုံးတော်ခံတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ကို စာချုပ်သစ်ချုပ်ဆိုသင့်ပါတယ်။

Sturridge

လီဗာပူးလ်အသင်း တိုက်စစ်မှူး စတာရစ်ခ်ျ Sturridge ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ သူ့အနေနဲ့ ရှေ့ဆက်ပြီးလည်း လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာသိပ်မသေချာတော့တာကြောင့် အခုလိုအခြေအနေမျိုးမှာ အသင်းကနေထွက်ခွာပြီး နေရာသစ်တစ်ခု ရှာသင့်ပြီလို့ပြောရပါလိမ့်မယ်။

Kompany

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ Kompany ကတော့ ဒဏ်ရာပြဿနာတွေကြောင့် အကျပိုင်းကို ရောက်သွားပြီလို့ ပြောရမှာဖြစ်သလို ကြံခိုင်မှုပိုင်းမှာလည်း အားနည်းချက်တွေများနေပါတယ်။ ဒီလိုအနေအထားတွေကြောင့် မန်စီးတီးအသင်းမှာ သူ့အနာဂတ်ဆက်ရှိနေဖို့ကတော့ ခဲယဉ်းတယ်လို့ပဲပြောရမှာပါ။ ဒါပေမဲ့ ကွန်ပနီ နဲ့ မန်စီးတီးတို့ရဲ့ စာချုပ်သစ်သတင်းဟာ ထွက်ပေါ်ထားတာသိပ်မကြာသေးလို့ အခြေအနေတွေကတော့ ဆက်ပြီးစောင့်ကြည့်သွားရဦးမှာပါပဲ။

ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်များ အပိုင်း(၁) ဖတ်ရန်လင်ခ့်

Ref: Sportskeeda
Photo: Metro , Noticias ao Minuto , The Independent , We Ain’t Got No History
Ko Kyue(Akhayar)
www.akhayar.com