[Zawgyi]

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရဲ႕ အေကာင္းဆံုး(၁၁)ေယာက္စာရင္းမွာပါ၀င္ခဲ႔ၾကတဲ႔ လာကာဇက္နဲ႔ ဟာဇက္

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ကေတာ႔ ျပီးဆံုးခဲ႔ပါျပီ။ ပရီးမီးယားလိဂ္ပြဲစဥ္(၈)မွာ ပြဲေကာင္းေတြပါ၀င္ခဲ႔ျပီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ျပသခဲ႔တဲ႔ ကစားသမားေတြလည္း ရိွခဲ႔ပါတယ္။ ဒီကစားသမားေတြထဲကမွ အေကာင္းဆံုး ကစားသမားေတြကို Goal.com အားကစား၀က္ဆိုက္ဘ္ ကေဖာ္ျပခဲ႔ျပီး ဒီအထဲမွာ နာမည္ေက်ာ္ကစားသမားေတြ ျဖစ္ၾကတဲ႔ လာကာဇက္ Lacazette နဲ႔ ဟာဇက္ Hazard တို႔ပါ၀င္ခဲ႔ၾကပါတယ္။

Hazard

Hazard

ခ်ယ္လ္ဆီးအသင္းက ေဆာက္သမ္တန္အသင္းကို ( ၀ – ၃ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ပြဲစဥ္မွာ ဟာဇက္ဟာအသင္းကို အေကာင္းဆံုး ဦးေဆာင္ကစားခဲ႔ျပီး တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးေပးခဲ႔ပါတယ္။ အာဆင္နယ္အသင္းက ဖူလ္ဟမ္ကို ( ၁ – ၅ )ဂိုးနဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ပြဲမွာ လာကာဇက္ဟာ အသင္းအတြက္ (၂)ဂိုးသြင္းယူေပးခဲ႔ပါတယ္။ လာကာဇက္ရဲ႕ ဒုတိယသြင္းဂိုးဟာ အဲဒီပြဲစဥ္ရဲ႕ အာဆင္နယ္အသင္းအတြက္ ဒုတိယဂိုးျဖစ္ခဲ႔ျပီး လာကာဇက္ဟာ ဒီဂိုးကို ေကာင္းမြန္တိက်တဲ႔ အေ၀းကန္ခ်က္နဲ႔ သြင္းယူခဲ႔တာျဖစ္ပါတယ္။ လာကာဇက္ရဲ႕ ဒုတိယဂိုးေၾကာင္႔ အာဆင္နယ္အသင္းဟာ ပြဲကိုပိုထိန္းခ်ဳပ္ႏိုင္ခဲ႔ျပီး အခုလိုဂိုးျပတ္ႏိုင္ပြဲရရိွခဲ႔တာပါ။ ပရိသတ္ေတြအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရဲ႕ အေကာင္းဆံုး(၁၁)ေယာက္စာရင္းကုိ ေဖာ္ျပေပးလိုက္ပါတယ္။

Lacazette

Lacazette

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရဲ႕ အေကာင္းဆံုး(၁၁)ေယာက္စာရင္း

1. Lloris ( Spur )
2. Trippier ( Spur )
3. Boly ( Wolves )
4. Ake ( Bournemouth )
5. Adam Smith ( Bournemouth )
6. Eric Dier ( Spur )
7. Barkley ( Chelsea )
8. Brooks ( Bournemouth )
9. Sigurdsson ( Everton )
10. Hazard ( Chelsea )
11. Lacazette ( Arsenal )

Ref: Goal.com
Photo: Arsenal Twitter , The Times , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံး(၁၁)ယောက်စာရင်းမှာပါဝင်ခဲ့ကြတဲ့ လာကာဇက်နဲ့ ဟာဇက်

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ကတော့ ပြီးဆုံးခဲ့ပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ ပွဲကောင်းတွေပါဝင်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသခဲ့တဲ့ ကစားသမားတွေလည်း ရှိခဲ့ပါတယ်။ ဒီကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားတွေကို Goal.com အားကစားဝက်ဆိုက်ဘ် ကဖော်ပြခဲ့ပြီး ဒီအထဲမှာ နာမည်ကျော်ကစားသမားတွေ ဖြစ်ကြတဲ့ လာကာဇက် Lacazette နဲ့ ဟာဇက် Hazard တို့ပါဝင်ခဲ့ကြပါတယ်။

Hazard

Hazard

ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်အသင်းကို ( ၀ – ၃ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟာဇက်ဟာအသင်းကို အကောင်းဆုံး ဦးဆောင်ကစားခဲ့ပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဖူလ်ဟမ်ကို ( ၁ – ၅ )ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လာကာဇက်ဟာ အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ လာကာဇက်ရဲ့ ဒုတိယသွင်းဂိုးဟာ အဲဒီပွဲစဉ်ရဲ့ အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးဖြစ်ခဲ့ပြီး လာကာဇက်ဟာ ဒီဂိုးကို ကောင်းမွန်တိကျတဲ့ အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ လာကာဇက်ရဲ့ ဒုတိယဂိုးကြောင့် အာဆင်နယ်အသင်းဟာ ပွဲကိုပိုထိန်းချုပ်နိုင်ခဲ့ပြီး အခုလိုဂိုးပြတ်နိုင်ပွဲရရှိခဲ့တာပါ။ ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံး(၁၁)ယောက်စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

Lacazette

Lacazette

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံး(၁၁)ယောက်စာရင်း

1. Lloris ( Spur )
2. Trippier ( Spur )
3. Boly ( Wolves )
4. Ake ( Bournemouth )
5. Adam Smith ( Bournemouth )
6. Eric Dier ( Spur )
7. Barkley ( Chelsea )
8. Brooks ( Bournemouth )
9. Sigurdsson ( Everton )
10. Hazard ( Chelsea )
11. Lacazette ( Arsenal )

Ref: Goal.com
Photo: Arsenal Twitter , The Times , The Independent
Ko Kyue(Akhayar)
www.akhayar.com