[Zawgyi]

ပရီးမီးယားလိဂ္ ပြဲစဥ္(၁၂)ရဲ႕ အေကာင္းဆံုးအသင္းမွာ ဘယ္သူေတြပါ၀င္ေနလဲ

ပရီးမီးယားလိဂ္ျပိဳင္ပြဲဟာ လက္ရိွမွာ ပြဲစဥ္(၁၂)အထိျပီးဆံုးခဲ႔ပါျပီ။ မန္စီးတီး ၊ လီဗာပူးလ္ ၊ ခ်ယ္လ္ဆီးအသင္းေတြဟာ ခုခ်ိန္ထိရံႈးပြဲမရိွေသးတာေၾကာင္႔ ပရီးမီးယားလိဂ္ပြဲစဥ္(၁၂)ပြဲအျပီးမွာ အသင္း(၃)သင္း ရံႈးပြဲမရိွတာဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္လည္းျဖစ္ခဲ႔ပါတယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၂)ရဲ႕ အေကာင္းဆံုးအသင္းမွာေတာ႔ နာမည္ေက်ာ္ကစားသမား အမ်ားစုပါ၀င္ခဲ႔ၾကပါတယ္။ ဒီကစားသမားေတြကေတာ႔ လာေပါ႔တ္ Laporte ၊ ေဒးဗစ္ေဆးဗားလ္ David Silva ၊ ရမ္ေဆး Ramsey ၊ မာစီယဲလ္ Martial ၊ အဂြဲ႐ိုး Aguero ၊ ဆာလာ Salah တို႔ပဲျဖစ္ပါတယ္။

(၁) လာေပါ႔တ္ Laporte

Laporte

Laporte

မန္စီးတီးေနာက္ခံလူ လာေပါ႔တ္ Laporte ဟာ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္ယူအသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆံုးထိန္းခ်ဳပ္ကစားႏိုင္ခဲ႔တာေၾကာင္႔ ဒီစာရင္းမွာပါ၀င္ခဲ႔တာပါ။

(၂) ေဒးဗစ္ေဆးဗားလ္ David Silva

David Silva-Score

David Silva-Score

ေဒးဗစ္ေဆးဗားလ္ David Silva ဟာလည္း မန္ခ်က္စတာဒါဘီပြဲစဥ္မွာ အေကာင္းဆံုးေျခစြမ္းေတြနဲ႔ အသင္းကို ဦးေဆာင္ကစားခဲ႔သလို ကိုယ္တိုင္လည္း တစ္ဂိုးသြင္းယူခဲ႔ပါတယ္။

(၃) ရမ္ေဆး Ramsey

Ramsey

Ramsey

အာဆင္နယ္ ( ၁ – ၁ ) ၀ုလ္ဗ္ပြဲစဥ္မွာ ရမ္ေဆး Ramsey ဟာ အာဆင္နယ္အသင္း ရံႈးပြဲမၾကံဳဖို႔အတြက္ အေရးပါတဲ႔ေခ်ပဂိုးကို ဖန္တီးေပးႏိုင္ခဲ႔ပါတယ္။

(၄) မာစီယဲလ္ Martial

Martial-Score

Martial-Score

မန္ခ်က္စတာဒါဘီ ပြဲစဥ္မွာ မန္ယူအသင္းဟာ မာစီယဲလ္ Martial ရဲ႕ ဘယ္ျခမ္းကပဲ အဓိကထိုးေဖာက္ တိုက္စစ္ဆင္မႈေတြျပဳလုပ္ခဲ႔ပါတယ္။ အခက္အခဲေတြနဲ႔ ၾကံဳေတြ႔ေနတဲ႔ အသင္းကို မာစီယဲလ္ဟာ ဦးေဆာင္ကစားခဲ႔ျပီး အဲဒီပြဲမွာ အသင္းအတြက္ ေခ်ပဂိုးတစ္ဂိုးလည္း သြင္းယူေပးခဲ႔ပါတယ္။ ဒီသြင္းဂိုးေၾကာင္႔ မာစီယဲလ္ဟာ ျပင္သစ္ကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္(၅)ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ႔တဲ႔ (၅)ေယာက္ေျမာက္ ကစားသမားျဖစ္ခဲ႔ပါတယ္။

(၅) အဂြဲ႐ိုး Aguero

Aguero-Score

Aguero-Score

မန္ခ်က္စတာဒါဘီ ပြဲစဥ္မွာ အဂြဲ႐ိုး Aguero ဟာ မန္ယူေနာက္ခံလူေတြကို ဖိအားေပးကစားႏိုင္ခဲ႔ျပီး ကိုယ္တိုင္လည္း လွလွပပ သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။

(၆) ဆာလာ Salah

Salah

Salah

လီဗာပူးလ္က ဖူလ္ဟမ္ကို ( ၂ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ပြဲမွာ လီဗာပူးလ္အသင္းဟာ ဖူလ္ဟမ္အသင္းရဲ႕ တံုျပန္အားေၾကာင္႔ ဂိုးရဖို႔ ခက္ခဲခဲ႔ပါတယ္။ ဒါေပမယ္႔ ဆာလာ အသင္းအတြက္ အဖြင္႔ဂိုးစသြင္းလိုက္ခ်ိန္မွာေတာ႔ ပြဲဟာ လီဗာပူးလ္အသင္းအတြက္ပဲျဖစ္ခဲ႔ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္(၁၂)ရဲ႕ အေကာင္းဆံုးအသင္း

1. Joe Hart ( Burnley )
2. Holebas ( Watford )
3. Laporte ( Man City )
4. Foyth ( Spur )
5. Alexander-Arnold ( Liverpool )
6. David Silva ( Man City )
7. Ramsey ( Arsenal )
8. Hogg ( Huddersfield )
9. Martial ( ManU )
10. Aguero ( Man City )
11. Salah ( Liverpool )

Ref: Sportskeeda
Photo: Premier League , ESPN , FOX Sports Asia , Pinterest
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ရဲ့ အကောင်းဆုံးအသင်းမှာ ဘယ်သူတွေပါဝင်နေလဲ

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လက်ရှိမှာ ပွဲစဉ်(၁၂)အထိပြီးဆုံးခဲ့ပါပြီ။ မန်စီးတီး ၊ လီဗာပူးလ် ၊ ချယ်လ်ဆီးအသင်းတွေဟာ ခုချိန်ထိရှုံးပွဲမရှိသေးတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲအပြီးမှာ အသင်း(၃)သင်း ရှုံးပွဲမရှိတာဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ရဲ့ အကောင်းဆုံးအသင်းမှာတော့ နာမည်ကျော်ကစားသမား အများစုပါဝင်ခဲ့ကြပါတယ်။ ဒီကစားသမားတွေကတော့ လာပေါ့တ် Laporte ၊ ဒေးဗစ်ဆေးဗားလ် David Silva ၊ ရမ်ဆေး Ramsey ၊ မာစီယဲလ် Martial ၊ အဂွဲရိုး Aguero ၊ ဆာလာ Salah တို့ပဲဖြစ်ပါတယ်။

(၁) လာပေါ့တ် Laporte

Laporte

Laporte

မန်စီးတီးနောက်ခံလူ လာပေါ့တ် Laporte ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် ဒီစာရင်းမှာပါဝင်ခဲ့တာပါ။

(၂) ဒေးဗစ်ဆေးဗားလ် David Silva

David Silva-Score

David Silva-Score

ဒေးဗစ်ဆေးဗားလ် David Silva ဟာလည်း မန်ချက်စတာဒါဘီပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကို ဦးဆောင်ကစားခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူခဲ့ပါတယ်။

(၃) ရမ်ဆေး Ramsey

Ramsey

Ramsey

အာဆင်နယ် ( ၁ – ၁ ) ဝုလ်ဗ်ပွဲစဉ်မှာ ရမ်ဆေး Ramsey ဟာ အာဆင်နယ်အသင်း ရှုံးပွဲမကြုံဖို့အတွက် အရေးပါတဲ့ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

(၄) မာစီယဲလ် Martial

Martial-Score

Martial-Score

မန်ချက်စတာဒါဘီ ပွဲစဉ်မှာ မန်ယူအသင်းဟာ မာစီယဲလ် Martial ရဲ့ ဘယ်ခြမ်းကပဲ အဓိကထိုးဖောက် တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့နေတဲ့ အသင်းကို မာစီယဲလ်ဟာ ဦးဆောင်ကစားခဲ့ပြီး အဲဒီပွဲမှာ အသင်းအတွက် ချေပဂိုးတစ်ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် မာစီယဲလ်ဟာ ပြင်သစ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်(၅)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ (၅)ယောက်မြောက် ကစားသမားဖြစ်ခဲ့ပါတယ်။

(၅) အဂွဲရိုး Aguero

Aguero-Score

Aguero-Score

မန်ချက်စတာဒါဘီ ပွဲစဉ်မှာ အဂွဲရိုး Aguero ဟာ မန်ယူနောက်ခံလူတွေကို ဖိအားပေးကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း လှလှပပ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

(၆) ဆာလာ Salah

Salah

Salah

လီဗာပူးလ်က ဖူလ်ဟမ်ကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ တုံပြန်အားကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဆာလာ အသင်းအတွက် အဖွင့်ဂိုးစသွင်းလိုက်ချိန်မှာတော့ ပွဲဟာ လီဗာပူးလ်အသင်းအတွက်ပဲဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ရဲ့ အကောင်းဆုံးအသင်း

1. Joe Hart ( Burnley )
2. Holebas ( Watford )
3. Laporte ( Man City )
4. Foyth ( Spur )
5. Alexander-Arnold ( Liverpool )
6. David Silva ( Man City )
7. Ramsey ( Arsenal )
8. Hogg ( Huddersfield )
9. Martial ( ManU )
10. Aguero ( Man City )
11. Salah ( Liverpool )

Ref: Sportskeeda
Photo: Premier League , ESPN , FOX Sports Asia , Pinterest
Ko Kyue(Akhayar)
www.akhayar.com