[Zawgyi]

ေဆာ္ဒီအာေရဗ် ႐ုပ္သံတစ္ခုကုိ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္က တရားစဲြဆုိဖုိ႔ စီစဥ္ေနၿပီ

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဟာ ပရီးမီးယားလိဂ္ပဲြေတြကုိ တရားမ၀င္ျပသေနတဲ့ ေဆာ္ဒီအာေရဗ် ႐ုပ္သံတစ္ခုကုိ တရားစဲြဆုိဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရာသီသစ္ ပဲြစဥ္(၂၀)ကုိ ေဆာ္ဒီအာေရဗ် ႐ုပ္သံတစ္ခုျဖစ္တဲ့ beoutQ က Arabsat ၿဂိဳလ္တုကေနတစ္ဆင့္ တရားမ၀င္ျပသေနတာပါ။ အဲဒီကိစၥကုိ ေျဖရွင္းဖုိ႔အတြက္ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္က ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာ ဥပေဒအဖဲြ႕တစ္ခု ဖြဲ႕စည္းထားၿပီး ဥပေဒေၾကာငး္အရ ရင္ဆုိင္သြားမွာျဖစ္သလုိ သက္ဆုိင္ရာတာ၀န္ရွိေနေတြကလည္း ပါ၀င္ကူညီေပးဖုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တယ္။

beoutQ-have-shown-every-Premier-League-match-illegally-so-far-this-season

beoutQ-have-shown-every-Premier-League-match-illegally-so-far-this-season

ပရီးမီးယားလိဂ္ပဲြေတြကုိ အာရွ အေရွ႕အလယ္ပုိင္းနဲ႔ ေျမာက္အေမရိကမွာ ထုတ္လႊင့္ျပသဖုိ႔ မူပုိင္ခြင့္ ၀ယ္ယူထားတဲ့ ကာတာအေျခစုိက္ beIN Sports ႐ုပ္သံဌာနက beoutQ ႐ုပ္သံဟာ Arabsat ၿဂိဳလ္တုကေနတစ္ဆင့္ ပရီးမီးယားလိဂ္ပဲြေတြကုိ တရားမ၀င္ ျပသေနတယ္လု႔ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္ဆီ အေၾကာင္းၾကားခဲ့တာပါ။ Arabsat ၿဂိဳလ္တုဆုိတာက ေဆာ္ဒီအာေရဗ် အစိုးရ ပုိင္ဆုိင္ထားတဲ့ ၿဂိဳလ္တုတစ္ခုျဖစ္ၿပီး သူတို႔ဘက္ကေတာ့ အခုစြပ္စဲြခ်က္ေတြကုိ ျငင္းဆန္ထားပါတယ္။ beoutQ ႐ုပ္သံဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ဥေရာပ ထိပ္တန္းလိဂ္ၿပိဳင္ပဲြ တခ်ိဳ႕ရဲ႕ပဲြေတြအျပင္ ခ်န္ပီယံလိဂ္၊ ကမၻာ႔ဖလား၊ Formula 1 ၿပိဳင္ပဲြေတြကုိ တရားမ၀င္ ထုတ္လႊင့္ျပသေနတာျဖစ္ပါတယ္။ အဲဒီျပႆနာနဲ႔ ဆက္စပ္ၿပီး ၿဗိတိန္မွာ ပရီးမီးယားလိဂ္ပဲြေတြကုိ တရားမ၀င္ Live Stream ျပသေနတဲ့ ႐ုပ္သံေတြကလည္း မၾကာခင္ အေရးယူခံရဖုိ႔ ရွိေနပါၿပီ။

REF:The Sun
Photo:The Times,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆော်ဒီအာရေဗျ ရုပ်သံတစ်ခုကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တရားစွဲဆိုဖို့ စီစဉ်နေပြီ

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ပွဲတွေကို တရားမဝင်ပြသနေတဲ့ ဆော်ဒီအာရေဗျ ရုပ်သံတစ်ခုကို တရားစွဲဆိုဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ် ပွဲစဉ်(၂၀)ကို ဆော်ဒီအာရေဗျ ရုပ်သံတစ်ခုဖြစ်တဲ့ beoutQ က Arabsat ဂြိုလ်တုကနေတစ်ဆင့် တရားမဝင်ပြသနေတာပါ။ အဲဒီကိစ္စကို ဖြေရှင်းဖို့အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဆော်ဒီအာရေဗျနိုင်ငံမှာ ဥပဒေအဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်သလို သက်ဆိုင်ရာတာဝန်ရှိနေတွေကလည်း ပါဝင်ကူညီပေးဖို့ မျှော်လင့်ထားတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။

beoutQ-have-shown-every-Premier-League-match-illegally-so-far-this-season

beoutQ-have-shown-every-Premier-League-match-illegally-so-far-this-season

ပရီးမီးယားလိဂ်ပွဲတွေကို အာရှ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကမှာ ထုတ်လွှင့်ပြသဖို့ မူပိုင်ခွင့် ဝယ်ယူထားတဲ့ ကာတာအခြေစိုက် beIN Sports ရုပ်သံဌာနက beoutQ ရုပ်သံဟာ Arabsat ဂြိုလ်တုကနေတစ်ဆင့် ပရီးမီးယားလိဂ်ပွဲတွေကို တရားမဝင် ပြသနေတယ်လု့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီ အကြောင်းကြားခဲ့တာပါ။ Arabsat ဂြိုလ်တုဆိုတာက ဆော်ဒီအာရေဗျ အစိုးရ ပိုင်ဆိုင်ထားတဲ့ ဂြိုလ်တုတစ်ခုဖြစ်ပြီး သူတို့ဘက်ကတော့ အခုစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ beoutQ ရုပ်သံဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဥရောပ ထိပ်တန်းလိဂ်ပြိုင်ပွဲ တချို့ရဲ့ပွဲတွေအပြင် ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား၊ Formula 1 ပြိုင်ပွဲတွေကို တရားမဝင် ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ အဲဒီပြဿနာနဲ့ ဆက်စပ်ပြီး ဗြိတိန်မှာ ပရီးမီးယားလိဂ်ပွဲတွေကို တရားမဝင် Live Stream ပြသနေတဲ့ ရုပ်သံတွေကလည်း မကြာခင် အရေးယူခံရဖို့ ရှိနေပါပြီ။

REF:The Sun
Photo:The Times,The Sun
Naing Linn(Akhayar)
www.akhayar.com