[Zawgyi]

ပရီးမီးယားလိဂ္ပြဲစဥ္(၈)မွာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ႔ၾကတဲ႔ အာဆင္နယ္နဲ႔ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ပြဲစဥ္(၈)မွာေတာ႔ လက္ရိွမွာ ပံုစံေကာင္းေတြရေနတဲ႔ အာဆင္နယ္နဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ျပိဳင္ဘက္ေတြကို အႏိုင္ယူျပီး ရလဒ္ေကာင္းေတြရယူႏိုင္ခဲ႔ၾကပါတယ္။

ဖူလ္ဟမ္ ၁ – ၅ အာဆင္နယ္

Lacazette

Lacazette

နည္းျပ အမ္မရီ Emery ရဲ႕ အာဆင္နယ္အသင္းဟာ တားဆီးရခက္ခဲတဲ႔ အသင္းျဖစ္ေနပါျပီ။ ဒီပြဲဟာ အာဆင္နယ္အသင္းရဲ႕ ျပိဳင္ပြဲစံုေနာက္ဆံုး(၉)ပြဲဆက္ ႏိုင္ပြဲျဖစ္ခဲ႔ျပီး အသင္းရဲ႕ လက္ရိွတိုက္စစ္ပိုင္းဟာလည္း အေကာင္းဆံုးပံုစံမွာရိွေနပါတယ္။ ဖူလ္ဟမ္အသင္းဟာ အာဆင္နယ္အသင္းကို ပထမပိုင္းမွာသာ တံု႔ျပန္ကစားႏိုင္ခဲ႔ျပီး ဒုတိယပိုင္းမွာေတာ႔ ပြဲဟာ အာဆင္နယ္အသင္းအတြက္ပဲျဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာ အာဆင္နယ္ကစားသမားေတြရဲ႕ နားလည္အျပည္႔ရိ္ွတဲ႔ အေကာင္းဆံုး အတြဲအဖက္ေတြကိုလည္း ျမင္ေတြ႕ခဲ႔ရပါတယ္။ အာဆင္နယ္အသငး္အတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၂၉)နဲ႔(၄၉)မိနစ္ေတြမွာ လာကာဇက္ Lacazette ၊ ပြဲခ်ိန္(၆၇)မိနစ္မွာ ရမ္ေဆး Ramsey ၊ ပြဲခ်ိန္(၇၉)နဲ႔(၉၁)မိနစ္ေတြမွာ အူဘာမီယန္း Aubameyang တုိ႔က အသီးသီးသြင္းယူေပးခဲ႔ၾကပါတယ္။ ဖူလ္ဟမ္အသင္းအတြက္ ေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၄၄)မိနစ္မွာ ရွရယ္ Schürrle ကသြင္းယူခဲ႔ပါတယ္။

ေဆာက္သမ္တန္ ၀ – ၃ ခ်ယ္လ္ဆီး

Hazard-Score

Hazard-Score

ဒီပြဲရဲ႕ပထမပိုင္းဟာ အနည္းငယ္ ပ်င္းရိစရာနဲ႔ ေအးစက္စက္ျဖစ္ခဲ႔ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ခံစစ္ကိုအားျပဳကစားခဲ႔ျပီး ခ်ယ္လ္ဆီးအသင္းဟာလည္း ပြဲကိုစီးထားေပမယ္႔ ထိေရာက္တဲ႔ တိုက္စစ္ဆင္မႈေတြ လုပ္ျပႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။ ပြဲခ်ိန္ မိနစ္(၃၀)မွာေတာ႔ ခ်ယ္လ္ဆီးအသင္းက ဦးေဆာင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကေတာ႔ ေဆာက္သမ္တန္ခံစစ္ ကစားသမားေတြရဲ႕ ေပါ႔ဆမႈေၾကာင္႔ ရရိွခဲ႔တာျဖစ္ျပီး ဟာဇက္ Hazard ကအေကာင္းဆံုး ကန္သြင္းယူခဲ႔တာပါ။ ဒုတိယပိုင္းမွာေတာ႔ ေဆာက္သမ္တန္အသင္းဟာ တိုက္စစ္ကိုပိုျမွင္႔တင္ျပီး ခ်ယ္လ္ဆီးအသင္းဘက္ကို ဖိအားေပး ကစားလာႏိုင္ခဲ႔ပါတယ္။ ဒါေပမဲ႔ ခ်ယ္လ္ဆီးအသင္းကသာ ဒုတိယဂိုး ထပ္ရခဲ႔ျပီး ပြဲခ်ိန္(၅၇)မိနစ္မွာ ဂ်ရူး Giroud ကန္လိုက္တဲ႔ ေဘာလံုးကို ဘာကေလ Barkley ကပိတ္သြင္းယူခဲ႔တာပါ။ ေဆာက္သမ္တန္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကို ခ်ယ္လ္ဆီးဂိုးသမား ကီပါ Kepa လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ တတိယဂိုးကိုေတာ႔ ပြဲခ်ိန္(၉၃)မိနစ္မွာ မိုရာတာ  Morata  ကသြင္းယူခဲ႔ပါတယ္။

Photo: Arsenal Twitter , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာတော့ လက်ရှိမှာ ပုံစံကောင်းတွေရနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြပါတယ်။

ဖူလ်ဟမ် ၁ – ၅ အာဆင်နယ်

Lacazette

Lacazette

နည်းပြ အမ်မရီ Emery ရဲ့ အာဆင်နယ်အသင်းဟာ တားဆီးရခက်ခဲတဲ့ အသင်းဖြစ်နေပါပြီ။ ဒီပွဲဟာ အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက် နိုင်ပွဲဖြစ်ခဲ့ပြီး အသင်းရဲ့ လက်ရှိတိုက်စစ်ပိုင်းဟာလည်း အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဖူလ်ဟမ်အသင်းဟာ အာဆင်နယ်အသင်းကို ပထမပိုင်းမှာသာ တုံ့ပြန်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲဟာ အာဆင်နယ်အသင်းအတွက်ပဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ကစားသမားတွေရဲ့ နားလည်အပြည့်ရိှတဲ့ အကောင်းဆုံး အတွဲအဖက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂၉)နဲ့(၄၉)မိနစ်တွေမှာ လာကာဇက် Lacazette ၊ ပွဲချိန်(၆၇)မိနစ်မှာ ရမ်ဆေး Ramsey ၊ ပွဲချိန်(၇၉)နဲ့(၉၁)မိနစ်တွေမှာ အူဘာမီယန်း Aubameyang တို့က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၄၄)မိနစ်မှာ ရှရယ် Schürrle ကသွင်းယူခဲ့ပါတယ်။

ဆောက်သမ်တန် ၀ – ၃ ချယ်လ်ဆီး

Hazard-Score

Hazard-Score

ဒီပွဲရဲ့ပထမပိုင်းဟာ အနည်းငယ် ပျင်းရိစရာနဲ့ အေးစက်စက်ဖြစ်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ခံစစ်ကိုအားပြုကစားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာလည်း ပွဲကိုစီးထားပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန် မိနစ်(၃၀)မှာတော့ ချယ်လ်ဆီးအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဆောက်သမ်တန်ခံစစ် ကစားသမားတွေရဲ့ ပေါ့ဆမှုကြောင့် ရရှိခဲ့တာဖြစ်ပြီး ဟာဇက် Hazard ကအကောင်းဆုံး ကန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်အသင်းဟာ တိုက်စစ်ကိုပိုမြှင့်တင်ပြီး ချယ်လ်ဆီးအသင်းဘက်ကို ဖိအားပေး ကစားလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကသာ ဒုတိယဂိုး ထပ်ရခဲ့ပြီး ပွဲချိန်(၅၇)မိနစ်မှာ ဂျရူး Giroud ကန်လိုက်တဲ့ ဘောလုံးကို ဘာကလေ Barkley ကပိတ်သွင်းယူခဲ့တာပါ။ ဆာက်သမ်တန်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ချယ်လ်ဆီးဂိုးသမား ကီပါ Kepa လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကိုတော့ ပွဲချိန်(၉၃)မိနစ်မှာ မိုရာတာ  Morata  ကသွင်းယူခဲ့ပါတယ်။

Photo: Arsenal Twitter , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com