စပါး ၃ – ၁ ဗီလာ

ဒီပွဲကတော့ စပါးအသင်းရဲ့ အနိုင်ရဖို့ အကောင်းကြိုးစားကစားခဲ့တဲ ပုံစံကြောင့် ကြည့်လို့ ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အရင်ရာသီတွေကနဲ့ မတူပဲ အပြောင်းအလဲလေးတွေမြင်တွေ့ခဲ့ရပြီး တိုက်စစ်ပိုင်းကိုတော့ ဟယ်ရီကိန်း Harry Kane ၊ လူးကပ်စ်မော်ရာ Lucas Moura နဲ့ လာမယ်လာ Lamela တို့ကဦးဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုးကိုစတင်ရရှိသွားခဲ့တာက ဧည့်သည်ဗီလာအသင်းဖြစ်ခဲ့ပြီး ပွဲချိန်(၉)မိနစ်မှာ McGinn က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ စပါးနောက်ခံလူတွေဖြစ်တဲ့ ဒါဗင်ဆင်ဆန်းချက်ဇ် Sánchez နဲ့ ဒန်နီရို့စ် Rose တို့ရဲ့အားနည်းချက်တွေကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ လူးကပ်စ်မော်ရာနဲ့ ဟယ်ရီကိန်း တို့အခွင့်အရေးတစ်ကြိမ်စီရရှိခဲ့ကြပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ စပါးအသင်းရဲ့ ထိုးဖောက်ပုံတွေက ပထမပိုင်းကထက်ပိုကောင်းလာခဲ့ပြီး ပွဲချိန်(၆၄)မိနစ်မှာ ဟယ်ရီဝင့်စ် Winks အစား အဲရစ်ဆင် Eriksen ကိုထည့်သွင်းကစားခဲ့တာကြောင့် ကွင်းလယ်နဲ့ တိုက်စစ်ကစားပုံလည်း ပိုတက်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ ဗီလာဂိုးသမား တွမ်ဟီလ်တန် Heaton ရဲ့ လက်စွမ်းတွေကို ချီးကျူးရမှာဖြစ်ပြီး စပါးအသင်းဂိုးရနိုင်တဲ့ (၂)ကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၇၃)မိနစ်မှာတော့ စပါးအသင်း ချေပဂိုးစရခဲ့ပြီး ကစားသမားသစ် ဒွန်ဘလီ NDombèlé က ကောင်းမွန်သေသပ်တဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။ ဒီလို့နဲ့ သရေပွဲဖြစ်သွားမလားလို့ ထင်မှတ်နေချိန်မှာ စပါးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး လာမယ်လာ ရဲ့ ကန်ချက် ဗီလာကစားသမားတွေနဲ့ ထိပြီးထွက်လာတဲ့ ဘောလုံးကို ပွဲချိန်(၈၆)မိနစ်မှာ ဟယ်ရီကိန်း က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအတွက် တတိယဂိုးကိုလည်း ဟယ်ရီကိန်း က ပဲသွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ်(၉၀)မှာ ဗီလာနောက်ခံလူတွေရှိနေတဲ့ ကြားကနေ ဧရိယာထိပ်က တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရလဒ်များ

Liverpool 4 – 1 Norwich City
West Ham United 0 – 5 Manchester City
Bournemouth 1 – 1 Sheffield United
Burnley 3 – 0 Southampton
Crystal Palace 0 – 0 Everton
Watford 0 – 3 Brighton
Tottenham Hotspur 3 – 1 Aston Villa

Photo: Spur Twitter
Ko Kyue(Akhayar)
www.akhayar.com