[Zawgyi]

ႏိုင္ပြဲေတြနဲ႔ အမွားအယြင္းမရိွေရွ႕ဆက္ေနတဲ႔ အာဆင္နယ္

လက္ရိွမွာ ပံုစံေကာင္းေတြရေနတဲ႔ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၉)မွာ လက္စတာအသင္းကို အိမ္ကြင္းမွာ ( ၃ – ၁)နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဒီႏိုင္ပြဲဟာ အာဆင္နယ္အသင္းအတြက္ ျပိဳင္ပြဲစံု(၁၀)ပြဲဆက္ႏိုင္ပြဲျဖစ္ခဲ႔ျပီး ဒါဟာ ၂၀၀၇ ခုႏွစ္ေနာက္ပုိင္း ပထမဆံုးအၾကိမ္လည္းျဖစ္ပါတယ္။

Arsenal

Arsenal

အာဆင္နယ္ ၃ – ၁ လက္စတာ

အာဆင္နယ္အသင္းဟာ ဒီပြဲမွာ အဓိကတိုက္စစ္မွဴး အူဘာမီယန္း Aubameyang ကို အရန္လူစာရင္းမွာပဲ ထည္႔သြင္းထားျပီး အသင္းရဲ႕ တိုက္စစ္ပိုင္းကို လာကာဇက္ Lacazette နဲ႔ အီ၀ိုဘီ Iwobi တို႔ကဦးေဆာင္လာခဲ႔သလို လက္စတာအသင္းကေတာ႔ သူတို႔ရဲ႕ ပံုမွန္ပြဲထြက္ေနၾက လူစာရင္းနဲ႔သာ ယွဥ္ျပိဳင္ခဲ႔ပါတယ္။ ပထမပိုင္းမွာ လက္စတာအသင္းဟာ အေကာင္းဆံုးကစားႏိုင္ခဲ႔သလို တိုက္စစ္မွဴး အီဟီနာခ်ိဳ Iheanacho ဟာလည္း အာဆင္နယ္ခံစစ္ကို အလုပ္မ်ားေစခဲ႔ပါတယ္။ လက္စတာအသင္းရဲ႕ ထိုးေဖာက္မႈေတြကို အာဆင္နယ္ဂိုးသမားေလႏို Leno လက္စြမ္းျပကာကြယ္ေနတာေၾကာင္႔သာ အာဆင္နယ္အသင္းအေနနဲ႔ သက္သာရာရခဲ႔တာပါ။ ပြဲခ်ိန္(၃၁)မိနစ္မွာေတာ႔ လက္စတာအသင္းက ဦးေဆာင္ဂိုးစရခဲ႔ျပီး ခ်ီ၀ဲလ္ Chilwell ရဲ႕ကန္ခ်က္ ဘယ္လာရင္ Bellerín နဲ႔ထိျပီး ဂိုး၀င္ခဲ႔တာျဖစ္ပါတယ္။ ဂိုးေပးလိုက္ရတာေၾကာင္႔ အာဆင္နယ္အသင္းဟာ တိုက္စစ္ကိုပိုတင္ကစားလာခဲ႔ျပီး ပြဲခ်ိန္္(၄၅)မိနစ္မွာ အိုေဇးလ္ Özil နဲ႔ ဘယ္လာရင္တို႔ရဲ႕ နားလည္မႈရိွတဲ႔ အတြဲအဖက္ကေန အိုေဇးလ္က အသင္းအတြက္ေခ်ပဂိုးကို သြင္းယူေပးခဲ႔ပါတယ္။

Ozil-Celebrate

Ozil-Celebrate

ဒုတိယပိုင္းမွာေတာ႔ အာဆင္နယ္အသင္းဟာ လစ္ခ်္စတိုင္နာ Lichtsteiner အစား အူဘာမီယန္းကိုထည္႔ သြင္းျပီး တိုက္စစ္ကိုပိုျမွင္႔တင္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၆၃)မိနစ္မွာေတာ႔ အာဆင္နယ္အသင္းက ဒုတိယဂိုးရရိွခဲ႔ျပီး ဘယ္လာရင္ခ်ိဳးေပးလိုက္တဲ႔ ေဘာလံုးကို အူဘာမီယန္းက အလိုက္သင္႔ ပိတ္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒုတိယဂိုးရျပီး သိပ္မၾကာခင္ပြဲခ်ိန္(၆၆)မိနစ္မွာ အာဆင္နယ္အသင္းက တတိယဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးဟာ အဆင္႔အတန္းျမင္႔ခဲ႔ျပီး ေျပာင္ေျမာက္ခဲ႔သလို ကစားသမားေတြရဲ႕ အေကာင္းဆံုးအတြဲအဖက္ကိုလည္း ျမင္ေတြ႕ခဲ႔ရပါတယ္။ ဒီဂိုးကိုေတာ႔ ဘယ္လာရင္ ၊ လာကာဇက္ ၊ အိုေဇးလ္ တို႔ရဲ႕အတြဲအဖက္ကေန ရရိွလာတဲ႔ အခြင္႔အေရးကို အူဘာမီယန္းက ပိတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၉)အျပီးမွာ ရမွတ္(၂၁)မွတ္နဲ႔ အဆင္႔(၄)ေနရာမွာ ရပ္တည္ေနပါတယ္။

Photo: Arsenal Twitter , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နိုင်ပွဲတွေနဲ့ အမှားအယွင်းမရှိရှေ့ဆက်နေတဲ့ အာဆင်နယ်

လက်ရှိမှာ ပုံစံကောင်းတွေရနေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ လက်စတာအသင်းကို အိမ်ကွင်းမှာ ( ၃ – ၁)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲဆက်နိုင်ပွဲဖြစ်ခဲ့ပြီး ဒါဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

Arsenal

Arsenal

အာဆင်နယ် ၃ – ၁ လက်စတာ

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အဓိကတိုက်စစ်မှူး အူဘာမီယန်း Aubameyang ကို အရန်လူစာရင်းမှာပဲ ထည့်သွင်းထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို လာကာဇက် Lacazette နဲ့ အီဝိုဘီ Iwobi တို့ကဦးဆောင်လာခဲ့သလို လက်စတာအသင်းကတော့ သူတို့ရဲ့ ပုံမှန်ပွဲထွက်နေကြ လူစာရင်းနဲ့သာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လက်စတာအသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့သလို တိုက်စစ်မှူး အီဟီနာချို Iheanacho ဟာလည်း အာဆင်နယ်ခံစစ်ကို အလုပ်များစေခဲ့ပါတယ်။ လက်စတာအသင်းရဲ့ ထိုးဖောက်မှုတွေကို အာဆင်နယ်ဂိုးသမားလေနို Leno လက်စွမ်းကြကာကွယ်နေတာကြောင့်သာ အာဆင်နယ်အသင်းအနေနဲ့ သက်သာရာရခဲ့တာပါ။ ပွဲချိန်(၃၁)မိနစ်မှာတော့ လက်စတာအသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ချီဝဲလ် Chilwell ရဲ့ကန်ချက် ဘယ်လာရင် Bellerín နဲ့ထိပြီး ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရတာကြောင့် အာဆင်နယ်အသင်းဟာ တိုက်စစ်ကိုပိုတင်ကစားလာခဲ့ပြီး ပွဲချိန်(၄၅)မိနစ်မှာ အိုဇေးလ် Özil နဲ့ ဘယ်လာရင်တို့ရဲ့ နားလည်မှုရှိတဲ့ အတွဲအဖက်ကနေ အိုဇေးလ်က အသင်းအတွက်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Ozil-Celebrate

Ozil-Celebrate

ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ လစ်ချ်စတိုင်နာ Lichtsteiner အစား အူဘာမီယန်းကိုထည့် သွင်းပြီး တိုက်စစ်ကိုပိုမြှင့်တင်ကစားခဲ့ပါတယ်။ ပွဲချိန်(၆၃)မိနစ်မှာတော့ အာဆင်နယ်အသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ဘယ်လာရင်ချိုးပေးလိုက်တဲ့ ဘောလုံးကို အူဘာမီယန်းက အလိုက်သင့် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးရပြီး သိပ်မကြာခင်ပွဲချိန်(၆၆)မိနစ်မှာ အာဆင်နယ်အသင်းက တတိယဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးဟာ အဆင့်အတန်းမြင့်ခဲ့ပြီး ပြောင်မြောက်ခဲ့သလို ကစားသမားတွေရဲ့ အကောင်းဆုံးအတွဲအဖက်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ဘယ်လာရင် ၊ လာကာဇက် ၊ အိုဇေးလ် တို့ရဲ့အတွဲအဖက်ကနေ ရရှိလာတဲ့ အခွင့်အရေးကို အူဘာမီယန်းက ပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အပြီးမှာ ရမှတ်(၂၁)မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။

Photo: Arsenal Twitter , The Independent
Ko Kyue(Akhayar)
www.akhayar.com