[Zawgyi]

စပါးကို အႏိုင္ယူျပီး အမွတ္ေပးဇယားထိပ္ဆံုးေနရာကို တက္လွမ္းႏိုင္ခဲ႔တဲ႔ မန္စီးတီး

ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)ရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ႔ စပါး – မန္စီးတီးပြဲမွာေတာ႔ မန္စီးတီးအသင္းက အေ၀းကြင္းမွာ ( ၀ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး အမွတ္ေပးဇယား ထိပ္ဆံုးေနရာကို တက္လွမ္းႏိုင္ခဲ႔ပါတယ္။

Spur-0-1-Man-City

Spur-0-1-Man-City

စပါး ၀ – ၁ မန္စီးတီး

အယ္လီ Alli ၊ အဲရစ္ဆင္ Eriksen တို႔ဟာ စပါးအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါ၀င္လာခဲ႔ျခင္းမရိွတာေၾကာင္႔ အနည္းငယ္အားနည္းခဲ႔ျပီး မန္စီးတီးအသင္းကေတာ႔ လူစံုပြဲထြက္ခဲ႔ပါတယ္။ ပြဲခ်ိန္(၆)မိနစ္မွာပဲ မန္စီးတီးအသင္းဟာ ဦးေဆာင္ဂိုးရရိွခဲ႔တာေၾကာင္႔ ပြဲဟာ စပါးအသင္းအတြက္ ခက္ခဲသြားခဲ႔ပါတယ္။ မန္စီးတီးအသင္းအတြက္ ဂိုးကိုေတာ႔ စတာလင္Sterling ရဲ႕ ဖန္တီးေပးမႈကေန မာရက္ဇ္ Mahrez က အပိုင္ပိတ္သြင္းယူခဲ႔တာပါ။ ပထမပိုင္းမွာေတာ႔ လိုရစ္ Lloris နဲ႔ အီဒါဆင္ Ederson တို႔ဟာ လက္စြမ္းျပ ကာကြယ္မႈေတြျပဳလုပ္ႏိုင္ခဲ႔ၾကပါတယ္။

Man-City

Man-City

ဒုတိယပိုင္းမွာ မန္စီးတီးအသင္းဟာ တိုက္စစ္ကိုပိုျမွင္႔တင္ကစားခဲ႔တာေၾကာင္႔ စပါးအသင္းဟာ ခံစစ္သက္သက္လိုျဖစ္ခဲ႔ျပီး လိုရစ္ရဲ႕ ကာကြယ္မႈေတြေၾကာင္႔သာ သက္သာရာရခဲ႔တာပါ။ ေနာက္ပိုင္းမွာေတာ႔ အယ္လီ နဲ႔ အဲရစ္ဆင္တို႔ လူစား၀င္ကစားခဲ႔ျပီး မန္စီးတီးမွာေတာ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာတဲ႔ ဒီဘ႐ိုင္းနား De Bruyne လူစား၀င္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၇၉)မိနစ္မွာ အယ္လီ ဖန္တီးေပးတဲ႔ေဘာလံုးကို လာမယ္လာ Lamela အပိုင္အဆံုးသတ္ဖို႔ အခြင္႔အေရးရခဲ႔ေပမယ္႔ လြဲေခ်ာ္ခဲ႔တာေၾကာင္႔ စပါးအသင္းအတြက္ နစ္နာခဲ႔ရပါတယ္။ ပြဲျပီးခါနီးမွာေတာ႔ စပါးအသင္းကေခ်ပဂိုးရရိွဖို႔ ၾကိဳးစားခဲ႔ေပမယ္႔ မန္စီးတီးအသင္းက အႏိုင္ရလဒ္ကို ထိန္းျပီးကစားသြားခဲ႔ပါတယ္။

Photo: AP News , Bleacher Report , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပါးကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါး – မန်စီးတီးပွဲမှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ( ၀ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Spur-0-1-Man-City

Spur-0-1-Man-City

စပါး ၀ – ၁ မန်စီးတီး

အယ်လီ Alli ၊ အဲရစ်ဆင် Eriksen တို့ဟာ စပါးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိတာကြောင့် အနည်းငယ်အားနည်းခဲ့ပြီး မန်စီးတီးအသင်းကတော့ လူစုံပွဲထွက်ခဲ့ပါတယ်။ ပွဲချိန်(၆)မိနစ်မှာပဲ မန်စီးတီးအသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့တာကြောင့် ပွဲဟာ စပါးအသင်းအတွက် ခက်ခဲသွားခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးကိုတော့ စတာလင်Sterling ရဲ့ ဖန်တီးပေးမှုကနေ မာရက်ဇ် Mahrez က အပိုင်ပိတ်သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာတော့ လိုရစ် Lloris နဲ့ အီဒါဆင် Ederson တို့ဟာ လက်စွမ်းပြ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ကြပါတယ်။

Man-City

Man-City

ဒုတိယပိုင်းမှာ မန်စီးတီးအသင်းဟာ တိုက်စစ်ကိုပိုမြှင့်တင်ကစားခဲ့တာကြောင့် စပါးအသင်းဟာ ခံစစ်သက်သက်လိုဖြစ်ခဲ့ပြီး လိုရစ်ရဲ့ ကာကွယ်မှုတွေကြောင့်သာ သက်သာရာရခဲ့တာပါ။ နောက်ပိုင်းမှာတော့ အယ်လီ နဲ့ အဲရစ်ဆင်တို့ လူစားဝင်ကစားခဲ့ပြီး မန်စီးတီးမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဒီဘရိုင်းနား De Bruyne လူစားဝင်ကစားခဲ့ပါတယ်။ ပွဲချိန်(၇၉)မိနစ်မှာ အယ်လီ ဖန်တီးပေးတဲ့ဘောလုံးကို လာမယ်လာ Lamela အပိုင်အဆုံးသတ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် စပါးအသင်းအတွက် နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာတော့ စပါးအသင်းကချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးအသင်းက အနိုင်ရလဒ်ကို ထိန်းပြီးကစားသွားခဲ့ပါတယ်။

Photo: AP News , Bleacher Report , The Independent
Ko Kyue(Akhayar)
www.akhayar.com