This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္ရဲ႕ အုပ္စုေနာက္ဆံုးပြဲကို ၾကည့္ရႈဖို႔ မိုင္ေပါင္း (၁၇၀၀)ကို စက္ဘီးနဲ႔ ခရီးႏွင္ခဲ့တဲ့ မာတင္အက္ကင္ဆန္

အဂၤလန္အသင္း အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ ကစားမယ့္ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ပြဲစဥ္ကို ၾကည့္ရႈဖို႔ ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ ဒိုင္လူႀကီး မာတင္အက္ကင္ဆန္ Martin Atkinson ဟာ မိုင္ေပါင္း (၁၇၀၀)ကို စက္ဘီးနဲ႔ ခရီးႏွင္လာခဲ့ပါတယ္။ အသက္ (၄၇)ႏွစ္ရွိၿပီျဖစ္တဲ့ မာတင္အက္ကင္ဆန္ Martin Atkinson ဟာ ဂၽြန္လ (၁၁)ရက္ေန႔မွာ အဂၤလန္ႏိုင္ငံ Staffordshire ေဒသကေန စတင္ထြက္ခြာလာတာျဖစ္ၿပီး ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ နယ္သာလန္၊ ဂ်ာမနီနဲ႔ ပိုလန္ႏိုင္ငံေတြကုိ ျဖတ္သန္းခဲ့ၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က Kaliningrad ၿမိဳ႕ကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

The-47-year-old-has-completed-the-1700-mile-trip-with-his-friend-Darren-Clark-for-charity

The-47-year-old-has-completed-the-1700-mile-trip-with-his-friend-Darren-Clark-for-charity

မာတင္အက္ကင္ဆန္ Martin Atkinson နဲ႔အတူ သူ႔သူငယ္ခ်င္းျဖစ္တဲ့ ဒါရန္းကလက္ခ္ Darren Clark လည္း စက္ဘီးနဲ႔ မိုင္ေပါင္းမ်ားစြားျဖတ္သန္းခဲ့တဲ့ ခရီးစဥ္မွာ ပါဝင္လာခဲ့ၿပီး ဒီေန႔ (ၾကာသပေတးေန႔)မွာ ကစားမယ့္ ပြဲစဥ္ကုိ ၾကည့္ရႈသြားမွာ ျဖစ္ပါတယ္။ ပရဟိတ ရန္ပံုေငြရရွိေရး အစီအစဥ္တစ္ခုအေနနဲ႔ မိုင္ေပါင္း (၁၇၀၀)ကို စက္ဘီးနဲ႔ ခရီးႏွင္ခဲ့တာျဖစ္ၿပီး ရရွိလာတဲ့ ေငြေၾကးေတြကို ၿဗိတိန္အေျခစိုက္ ပရဟိတအသင္းအဖြဲ႕ (၄)ခုကို လွဴဒါန္းသြားမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေပါင္ (၆)ေသာင္းနီးပါး ရရွိထားၿပီး ပရဟိတအဖြဲ႔အစည္း (၄)ခုကို အခ်ိဳးက် ခြဲေဝ လွဴဒါန္းသြားမွာပါ။

The-duo-arrived-in-the-Russian

The-duo-arrived-in-the-Russian

မိုင္ေပါင္းမ်ားစြားကို စက္ဘီးနဲ႔ ခရီးႏွင္ခဲ့ရတဲ့အေပၚ မာတင္အက္ကင္ဆန္ Martin Atkinson က “မိုင္ေပါင္းမ်ားစြာ ခရီးႏွင္ခဲ့ရတဲ့အတြက္ ဒီမနက္မွာေတာ့ ခႏၶာကိုယ္က အနည္းငယ္ နာက်ဥ္မႈေတြရွိခဲ့ပါတယ္၊ ဒါေပမဲ့ ခဏတာ နာက်ဥ္မႈေတြပါပဲ၊ ပရဟိတ ရန္ပံုေငြ ရရွိဖို႔ လူတိုင္းမလုပ္ႏိုင္တဲ့ အရာကို ကၽြန္ေတာ္တို႔ လုပ္ျပႏိုင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ မာတင္အက္ကင္ဆန္ Martin Atkinson က အဂၤလန္အသင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္လိမ့္မယ့္လို႔ ယံုၾကည္ေနေၾကာင္း မီဒီယာေတြနဲ႔ ေတြ႔ဆံုခဲ့စဥ္ ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်ရဲ့ အုပ်စုနောက်ဆုံးပွဲကို ကြည့်ရှုဖို့ မိုင်ပေါင်း (၁၇၀၀)ကို စက်ဘီးနဲ့ ခရီးနှင်ခဲ့တဲ့ မာတင်အက်ကင်ဆန်

အင်္ဂလန်အသင်း အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ပွဲစဉ်ကို ကြည့်ရှုဖို့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဒိုင်လူကြီး မာတင်အက်ကင်ဆန် Martin Atkinson ဟာ မိုင်ပေါင်း (၁၇၀၀)ကို စက်ဘီးနဲ့ ခရီးနှင်လာခဲ့ပါတယ်။ အသက် (၄၇)နှစ်ရှိပြီဖြစ်တဲ့ မာတင်အက်ကင်ဆန် Martin Atkinson ဟာ ဂျွန်လ (၁၁)ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Staffordshire ဒေသကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေကို ဖြတ်သန်းခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Kaliningrad မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

The-47-year-old-has-completed-the-1700-mile-trip-with-his-friend-Darren-Clark-for-charity

The-47-year-old-has-completed-the-1700-mile-trip-with-his-friend-Darren-Clark-for-charity

မာတင်အက်ကင်ဆန် Martin Atkinson နဲ့အတူ သူ့သူငယ်ချင်းဖြစ်တဲ့ ဒါရန်းကလက်ခ် Darren Clark လည်း စက်ဘီးနဲ့ မိုင်ပေါင်းများစွားဖြတ်သန်းခဲ့တဲ့ ခရီးစဉ်မှာ ပါဝင်လာခဲ့ပြီး ဒီနေ့ (ကြာသပတေးနေ့)မှာ ကစားမယ့် ပွဲစဉ်ကို ကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ ပရဟိတ ရန်ပုံငွေရရှိရေး အစီအစဉ်တစ်ခုအနေနဲ့ မိုင်ပေါင်း (၁၇၀၀)ကို စက်ဘီးနဲ့ ခရီးနှင်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ဗြိတိန်အခြေစိုက် ပရဟိတအသင်းအဖွဲ့ (၄)ခုကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပေါင် (၆)သောင်းနီးပါး ရရှိထားပြီး ပရဟိတအဖွဲ့အစည်း (၄)ခုကို အချိုးကျ ခွဲဝေ လှူဒါန်းသွားမှာပါ။

The-duo-arrived-in-the-Russian

The-duo-arrived-in-the-Russian

မိုင်ပေါင်းများစွားကို စက်ဘီးနဲ့ ခရီးနှင်ခဲ့ရတဲ့အပေါ် မာတင်အက်ကင်ဆန် Martin Atkinson က “မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတဲ့အတွက် ဒီမနက်မှာတော့ ခန္ဓာကိုယ်က အနည်းငယ် နာကျဉ်မှုတွေရှိခဲ့ပါတယ်၊ ဒါပေမဲ့ ခဏတာ နာကျဉ်မှုတွေပါပဲ၊ ပရဟိတ ရန်ပုံငွေ ရရှိဖို့ လူတိုင်းမလုပ်နိုင်တဲ့ အရာကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။ မာတင်အက်ကင်ဆန် Martin Atkinson က အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ့်လို့ ယုံကြည်နေကြောင်း မီဒီယာတွေနဲ့ တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com