[Zawgyi]

ပရီးမီးယားလိဂ္ စံခ်ိန္မွတ္တမ္းေတြ ပုိင္ဆုိင္ထားတဲ့ Non-English Players မ်ား

ပရီးမီးယားလိဂ္ၿပိဳင္ပဲြဟာ ကမၻာေပၚမွာ ေဖ်ာ္ေျဖမႈအေပးႏုိင္ဆုံး၊ ၿပိဳင္ဆုိင္မႈ အျပင္းထန္ဆုံး လိဂ္ၿပိဳင္ပဲြဆုိတာ အထူး ေျပာစရာလုိမယ္ မထင္ဘူး။ ၁၈၈၈ ခုႏွစ္မွာ အဂၤလန္ပထမတန္းလိဂ္ၿပိဳင္ပဲြ အမည္နဲ႔ စတင္က်င္းပခဲ့ၿပီး ၁၉၉၂ ခုႏွစ္မွာေတာ့ ပရီးမီးယားလိဂ္လုိ႔ ေျပာင္းလဲက်င္းပခဲ့တာ အခုအခ်ိန္အထိပါပဲ။ ပရီးမီးယားလိဂ္ၿပိဳင္ပဲြ သက္တမ္းက ႏွစ္ေပါင္း(၃၀)နီးပါးရွိေနၿပီျဖစ္သလုိ ၿပိဳင္ပဲြတစ္ေလွ်ာက္ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူခဲ့ၾကတဲ့ ကစားသမားေတြ အမ်ားႀကီးပါ။ ဥပမာေျပာရရင္ နယူးကာဆယ္ ဂႏၳ၀င္တိုက္စစ္မွဴး အလန္ရွီးယား Alan Shearer ဟာ သြင္းဂုိး(၂၆၀)ဂုိးနဲ႔ ပရီးမီးယားလိဂ္သြင္းဂုိး အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသလုိ၊ ဗီလာနဲ႔ မန္စီးတီးကစားသမားေဟာင္း ဘယ္ရီ Barry ကလည္း ပရီးမီးယားလိဂ္ (၆၅၃)ပဲြကစားၿပီး ပဲြအမ်ားဆုံး ကစားသမား စံခ်ိန္ကုိ ပုိင္ဆုိင္ထားတယ္။ အဂၤလိပ္ကစားသမားေတြထဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ စုိက္ထူထားတဲ့သူ ရွိသလုိ၊ အဂၤလိပ္ကစားသမား မဟုတ္တဲ့ သူေတြကလည္း ပရီးမီးယားလိဂ္ စံခ်ိန္ေတြ ရယူထားခဲ့ၾကတယ္။ ပရီးမီးယားလိဂ္ စံခ်ိန္မွတ္တမ္းေတြ ပုိင္ဆုိင္ထားတဲ့ Non-English Players ေတြကေတာ့ . . . .

Clean Sheets အမ်ားဆုံး ဂုိးသမား

Cech

Cech

ပရီးမီးယားလိဂ္မွာ ဂုိးသမားတစ္ဦးအတြက္ Clean Sheets ရယူဖုိ႔ဆုိတာက မလြယ္ကူပါဘူး။ ျမင့္မားတဲ့ စြမ္းေဆာင္ရည္၊ တည္ၿငိမ္မႈ၊ ဆုံးျဖတ္ခ်က္မွန္ကန္မႈ စတဲ့အရည္အေသြးေတြနဲ႔ ျပည့္စုံမွသာ ပရီးမီးယားလိဂ္ရဲ႕ ဂႏၳ၀င္ဂုိးသမား စာရင္းထဲ ပါ၀င္ႏုိင္မွာျဖစ္ပါတယ္။ ဒီအရည္အခ်င္းေတြနဲ႔ ကုိက္ညီၿပီး ပရီးမီးယားလိဂ္ရဲ႕ Clean Sheets အမ်ားဆုံး ဂုိးသမားဆုိတဲ့ ဂုဏ္ပုဒ္ကုိ ရယူထားသူက ခ်က္ ၀ါရင့္ဂုိးသမားႀကီး ပီတာခ်က္ Petr Cech ပါပဲ။ ခ်ယ္လ္ဆီးအသင္းမွာ (၁၁)ႏွစ္၊ အာဆင္နယ္အသင္းမွာ (၃)ႏွစ္ၾကာ ကစားၿပီး Clean Sheets ပဲြေပါင္း (၂၀၂)ပဲြအထိ ရယူခဲ့တယ္။ တျခား ဂႏၳ၀င္ဂုိးသမားေတြျဖစ္တဲ့ ရွမုိက္ကယ္ Schmeichel ၊ ေဒးဗစ္ဆီးမင္း David Seaman တို႔ေတာင္ သူ႔လုိ မစြမ္းေဆာင္ႏုိင္ခဲ့ဘူး။

ဂုိးဖန္တီးမႈ အမ်ားဆုံး ကစားသမား

Ryan-Giggs

Ryan-Giggs

ဒါကုိေတာ့ ပရိသတ္အမ်ားစု သိၿပီးသားျဖစ္ပါလိမ့္မယ္။ ပရီးမီးယားလိဂ္မွာ ဂုိးဖန္တီးမႈ အမ်ားဆုံး ကစားသမားကေတာ့ မန္ယူဂႏၳ၀င္ႀကီး ႐ုိင္ယန္ဂစ္ Ryan Giggs ပါပဲ။ မန္ယူအသင္းမွာ ႏွစ္ေပါင္း(၂၀)ေက်ာ္ ကစားခဲ့ၿပီး One Club Player ျဖစ္ခဲ့သူ ​႐ုိင္ယန္ဂစ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ ဂုိးဖန္တီးမႈ အႀကိမ္ေပါင္း (၁၆၂)ႀကိမ္ျပဳလုပ္ခဲ့တယ္။ သူ႔မွတ္တမ္းနဲ႔ အနီးစပ္ဆုံး ခ်ယ္လ္ဆီး ကြင္းလယ္လူ ဖာဘရီဂတ္စ္ Fabregas ေတာင္ ဂုိးဖန္တီးမႈ (၁၁၁)ႀကိမ္သာ ရွိေသးလုိ႔ ႐ုိင္ယန္ဂစ္ရဲ႕ စံခ်ိန္ဟာ ေနာက္ထပ္ ႏွစ္အေတာ္ၾကာေအာင္ ဆက္လက္တည္ၿမဲေနဦးမွာပါ။

ကုိယ့္ဂုိးကုိယ္သြင္းမႈ အမ်ားဆုံးကစားသမား

Richard-Dunne

Richard-Dunne

ဒီစံခ်ိန္ကုိေတာ့ ဘယ္ကစားသမားမွ ရယူလုိမွာ မဟုတ္ေလာက္ပါဘူး။ ဒါေပမဲ့လည္း ကံဆုိးစြာနဲ႔ OG အမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္၀င္ထားတဲ့သူတစ္ဦး ရွိၿပီး သူကေတာ့ မန္စီးတီး ေနာက္ခံလူေဟာင္း ရစ္ခ်တ္ဒန္း Richard Dunne ပဲ ျဖစ္ပါတယ္။ အဲဗာတန္၊ မန္စီးတီး၊ ဗီလာ ၊ QPR စတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြမွာ ကစားခဲ့သူ ရစ္ခ်တ္ဒန္းဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ၿပိဳင္ဘက္ကုိ ဂုိးသြင္းခဲ့တာက (၁၃)ဂုိး၊ ကုိယ့္ဂုိးကုိယ္ သြင္းတာက (၁၀)ဂုိးပါ။

တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံး ကစားသမား

Salah

Salah

၂၀၀၈ ခုႏွစ္တုန္းက မန္ယူ ေတာင္ပံကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တစ္ရာသီအတြင္း (၃၁)ဂုိး သြင္းယူခဲ့တဲ့ေနာက္ပုိင္း အဲဒီလုိ စြမ္းေဆာင္ႏုိင္တဲ့သူ မရွိေတာ့ဘဲ ၿပီးခဲ့တဲ့ရာသီကမွ လီဗာပူးလ္ တိုက္စစ္ကစားသမား ဆာလာ Salah ဟာ (၃၂)ဂုိးနဲ႔ စံခ်ိန္တင္ခဲ့တယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာ (၃၈)ပဲြအျဖစ္ ေျပာင္းလဲခဲ့ၿပီးေနာက္ပုိင္း စံခ်ိန္သစ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

တစ္ပဲြပ်မ္းမွ် သြင္းဂုိးအမ်ာ်းဆုံး ကစားသမား

Aguero

Aguero

ပရီးမီးယားလိဂ္မွာ ဂုိးသြင္းစြမ္းရည္ေကာင္းတဲ့ တိုက္စစ္မွဴး အမ်ားႀကီးပါ။ အလန္ရွီးယား Alan Shearer ၊ အီရန္ရပ္ရွ္ Ian Rush ၊ အြန္နရီ Thierry Henry ၊ မာ့ခ္ဟုခ်္ Mark Hughes တို႔ အပါအ၀င္ ေရတြကလ္လုိ႔ေတာင္ မရဘူး။ ဒါေပမဲ့ တစ္ပဲြပ်မ္းမွ် သြင္းဂုိးအမာ်းဆုံးကစားသမားက အဲဒီဂႏၳ၀င္ တိုက္စစ္မွဴးေတြ မဟုတ္ဘဲ မန္စီးတီးအသင္းရဲ႕ အာဂ်င္တီးနား နာမည္ေက်ာ္တိုက္စစ္မွဴ းအဂြဲ႐ုိး Aguero ျဖစ္ေနတာက အံ့အားသင့္စရာေကာင္းတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မန္စီးတီးအသင္းရဲ႕ ေအာင္ျမင္မႈေတြမွာ အဂြဲ႐ုိးရဲ႕ သြင္းဂုိးေတြက အဓိက က်ခဲ့တယ္။ အဂြဲ႐ုိးဟာ မန္စီးတီးအသင္းအတြက္ (၃၀၄)ပဲြကစား၊ (၂၀၈)ဂုိး သြင္းထားတာေၾကာင့္ တစ္ပဲြပ်မ္းမွ် သြင္းဂုိးက (၀.၆၈၄)ဂုိး ရွိၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ပါပဲ။

REF:sportskeeda
Photo:Getty Images,The Independent,The42,Mpasho,TheWorldNews.net
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ထားတဲ့ Non-English Players များ

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်ပြိုင်ပွဲဆိုတာ အထူး ပြောစရာလိုမယ် မထင်ဘူး။ ၁၈၈၈ ခုနှစ်မှာ အင်္ဂလန်ပထမတန်းလိဂ်ပြိုင်ပွဲ အမည်နဲ့ စတင်ကျင်းပခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်လို့ ပြောင်းလဲကျင်းပခဲ့တာ အခုအချိန်အထိပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲ သက်တမ်းက နှစ်ပေါင်း(၃၀)နီးပါးရှိနေပြီဖြစ်သလို ပြိုင်ပွဲတစ်လျှောက် စံချိန်မှတ်တမ်းကောင်းတွေ ရယူခဲ့ကြတဲ့ ကစားသမားတွေ အများကြီးပါ။ ဥပမာပြောရရင် နယူးကာဆယ် ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား Alan Shearer ဟာ သွင်းဂိုး(၂၆၀)ဂိုးနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို၊ ဗီလာနဲ့ မန်စီးတီးကစားသမားဟောင်း ဘယ်ရီ Barry ကလည်း ပရီးမီးယားလိဂ် (၆၅၃)ပွဲကစားပြီး ပွဲအများဆုံး ကစားသမား စံချိန်ကို ပိုင်ဆိုင်ထားတယ်။ အင်္ဂလိပ်ကစားသမားတွေထဲမှာ စံချိန်မှတ်တမ်းကောင်းတွေ စိုက်ထူထားတဲ့သူ ရှိသလို၊ အင်္ဂလိပ်ကစားသမား မဟုတ်တဲ့ သူတွေကလည်း ပရီးမီးယားလိဂ် စံချိန်တွေ ရယူထားခဲ့ကြတယ်။ ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ထားတဲ့ Non-English Players တွေကတော့ . . . .

Clean Sheets အများဆုံး ဂိုးသမား

Cech

Cech

ပရီးမီးယားလိဂ်မှာ ဂိုးသမားတစ်ဦးအတွက် Clean Sheets ရယူဖို့ဆိုတာက မလွယ်ကူပါဘူး။ မြင့်မားတဲ့ စွမ်းဆောင်ရည်၊ တည်ငြိမ်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု စတဲ့အရည်အသွေးတွေနဲ့ ပြည့်စုံမှသာ ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ဂိုးသမား စာရင်းထဲ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီအရည်အချင်းတွေနဲ့ ကိုက်ညီပြီး ပရီးမီးယားလိဂ်ရဲ့ Clean Sheets အများဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူထားသူက ချက် ဝါရင့်ဂိုးသမားကြီး ပီတာချက် Petr Cech ပါပဲ။ ချယ်လ်ဆီးအသင်းမှာ (၁၁)နှစ်၊ အာဆင်နယ်အသင်းမှာ (၃)နှစ်ကြာ ကစားပြီး Clean Sheets ပွဲပေါင်း (၂၀၂)ပွဲအထိ ရယူခဲ့တယ်။ တခြား ဂန္ထဝင်ဂိုးသမားတွေဖြစ်တဲ့ ရှမိုက်ကယ် Schmeichel ၊ ဒေးဗစ်ဆီးမင်း David Seaman တို့တောင် သူ့လို မစွမ်းဆောင်နိုင်ခဲ့ဘူး။

ဂိုးဖန်တီးမှု အများဆုံး ကစားသမား

Ryan-Giggs

Ryan-Giggs

ဒါကိုတော့ ပရိသတ်အများစု သိပြီးသားဖြစ်ပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားကတော့ မန်ယူဂန္ထဝင်ကြီး ရိုင်ယန်ဂစ် Ryan Giggs ပါပဲ။ မန်ယူအသင်းမှာ နှစ်ပေါင်း(၂၀)ကျော် ကစားခဲ့ပြီး One Club Player ဖြစ်ခဲ့သူ ရိုင်ယန်ဂစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးဖန်တီးမှု အကြိမ်ပေါင်း (၁၆၂)ကြိမ်ပြုလုပ်ခဲ့တယ်။ သူ့မှတ်တမ်းနဲ့ အနီးစပ်ဆုံး ချယ်လ်ဆီး ကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas တောင် ဂိုးဖန်တီးမှု (၁၁၁)ကြိမ်သာ ရှိသေးလို့ ရိုင်ယန်ဂစ်ရဲ့ စံချိန်ဟာ နောက်ထပ် နှစ်အတော်ကြာအောင် ဆက်လက်တည်မြဲနေဦးမှာပါ။

ကိုယ့်ဂိုးကိုယ်သွင်းမှု အများဆုံးကစားသမား

Richard-Dunne

Richard-Dunne

ဒီစံချိန်ကိုတော့ ဘယ်ကစားသမားမှ ရယူလိုမှာ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့လည်း ကံဆိုးစွာနဲ့ OG အများဆုံး ကစားသမားအဖြစ် စံချိန်ဝင်ထားတဲ့သူတစ်ဦး ရှိပြီး သူကတော့ မန်စီးတီး နောက်ခံလူဟောင်း ရစ်ချတ်ဒန်း Richard Dunne ပဲ ဖြစ်ပါတယ်။ အဲဗာတန်၊ မန်စီးတီး၊ ဗီလာ ၊ QPR စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေမှာ ကစားခဲ့သူ ရစ်ချတ်ဒန်းဟာ ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်ကို ဂိုးသွင်းခဲ့တာက (၁၃)ဂိုး၊ ကိုယ့်ဂိုးကိုယ် သွင်းတာက (၁၀)ဂိုးပါ။

တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမား

Salah

Salah

၂၀၀၈ ခုနှစ်တုန်းက မန်ယူ တောင်ပံကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo တစ်ရာသီအတွင်း (၃၁)ဂိုး သွင်းယူခဲ့တဲ့နောက်ပိုင်း အဲဒီလို စွမ်းဆောင်နိုင်တဲ့သူ မရှိတော့ဘဲ ပြီးခဲ့တဲ့ရာသီကမှ လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလာ Salah ဟာ (၃၂)ဂိုးနဲ့ စံချိန်တင်ခဲ့တယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ (၃၈)ပွဲအဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း စံချိန်သစ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တစ်ပွဲပျမ်းမျှ သွင်းဂိုးအမျာျးဆုံး ကစားသမား

Aguero

Aguero

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းစွမ်းရည်ကောင်းတဲ့ တိုက်စစ်မှူး အများကြီးပါ။ အလန်ရှီးယား Alan Shearer ၊ အီရန်ရပ်ရှ် Ian Rush ၊ အွန်နရီ Thierry Henry ၊ မာ့ခ်ဟုချ် Mark Hughes တို့ အပါအဝင် ရေတွကလ်လို့တောင် မရဘူး။ ဒါပေမဲ့ တစ်ပွဲပျမ်းမျှ သွင်းဂိုးအမာျးဆုံးကစားသမားက အဲဒီဂန္ထဝင် တိုက်စစ်မှူးတွေ မဟုတ်ဘဲ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူ းအဂွဲရိုး Aguero ဖြစ်နေတာက အံ့အားသင့်စရာကောင်းတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဂွဲရိုးရဲ့ သွင်းဂိုးတွေက အဓိက ကျခဲ့တယ်။ အဂွဲရိုးဟာ မန်စီးတီးအသင်းအတွက် (၃၀၄)ပွဲကစား၊ (၂၀၈)ဂိုး သွင်းထားတာကြောင့် တစ်ပွဲပျမ်းမျှ သွင်းဂိုးက (ဝ.၆၈၄)ဂိုး ရှိပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပါပဲ။

REF:sportskeeda
Photo:Getty Images,The Independent,The42,Mpasho,TheWorldNews.net
Naing Linn(Akhayar)
www.akhayar.com