ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၀၁၈-၁၉ ရာသီကတော့ အဆုံးသတ်တော့မှာပါ။ ဒီအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဘယ်အသင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။ ဒါကြောင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွေထဲက ဘရိုက်တန်-မန်စီးတီး၊ လီဗာပူးလ်-၀ုလ်ဗ်တို့ ကစားမယ့်ပွဲတွေကို Akhayar Sports နဲ့ပူးပေါင်း ကူညီတင်ဆက်ပေးနေတဲ့ နာမည်ကျော် ဘောလုံးသမားဟောင်း ကိုခင်မောင်ထွန်းက အခုလို ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ ကိုခင်မောင်ထွန်း အနိုင်ရွေးချယ်ထားတဲ့အသင်းတွေက ဘယ်အသင်းများဖြစ်မလဲ . . .

လီဗာပူးလ် – ၀ုလ်ဗ်

 

“လီဗာပူးလ်ရဲ့ တိုက်စစ်မှာ အဓိက ကစားသမားတွေ နာနေတယ်။ ချန်ပီယံလိဂ်ပွဲမှာ ၀င်ကစားသွားတဲ့ ရှေ့တန်းတွေကလည်း ဘာပဲပြောပြော First Line Up တွေ မကစားနိုင်ပေမယ့် အကောင်းဆုံးကစားနိုင်တယ်ဆိုတာက နည်းပြအတွက် ကောင်းတယ်။ First Line Up နဲ့ Second Line Up ဆိုတာ မကွာလေ ကောင်းလေပဲ။ ၀ုလ်ဗ်ဆိုတာကလည်း တန်းတက်လာတဲ့အသင်းတွေထဲမှာ အကောင်းဆုံးအသင်းဖြစ်နေတယ်။ အဆင့်(၇)မှာ ရပ်တည်နေတယ်ဆိုတတော့ လီဗာပူးလ် လျှော့တွက်လို့ မရဘူး။ လီဗာပူးလ်ကောတ့ ပွဲတွေ ပန်းနေတယ်၊ ဒဏ်ရာတွေရှိတယ်ဆိုပေမယ့် ဒီပွဲက သူ့အတွက် နောက်ဆုံးပွဲ။ သူနိုင်တယ်ဆိုရင်တောင် တခြားတစ်ဖက်မှာရှိတဲ့ မန်စီးတီးပွဲကိုလည်း ပြန်ကြည့်ရဦးမယ်။ အားမထည့်လို့လည်း မရပြန်ဘူး။ ချန်ပီယံလိဂ်ဖိုင်နယ်ဆိုတာက ဝေးပါသေးတယ်။ ဒီပွဲကိုပဲ Focus ထားပြီးတော့ အကောင်းဆုံးယှဉ်ပြိုင်မယ်၊ ရှိသမျှအား အကုန်ညှစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ နိုင်အောင်တော့ ကန်မှာပဲ။ လီဗာပူးလ်ဘက်ကပဲ ရှိတယ်။ နိုင်မယ်ဆိုရင်လည်း ဂိုးမပြတ်ဘဲနဲ့ (၁-၀)လောက်ပဲဖြစ်မလား၊ (၃-၂)လောက်ပဲ ဖြစ်မလားလို့ ခန့်မှန်းမိတယ်”

ဘရိုက်တန် – မန်စီးတီး

” ချန်ပီယံဖြစ်ဖို့အတွက် နင်လားငါလား ကန်ကြချိန်မှာ ပြိုင်ဘက်တွေက ဘာပဲပြောပြော ချန်ပီယံမဖြစ်အောင်တော့ ဖျက်မြင်းလုပ်ချင်ကြတယ်။ ဒီလိုပွဲမျိုးမှာ တစ်ဖက်အသင်း စနိုးစနောင့်ဖြစ်သွားရင် ဒါကို အောင်ပွဲလို့ သတ်မှတ်ကြမယ်။ ဒီပွဲမှာ မန်စီးတီး ခက်မှာပဲ။ သူ့အိမ်ကွင်းမှာ မဟုတ်ဘူး၊ အဝေးကွင်းသွားကန်ရမှာဖြစ်တဲ့အတွက် မန်စီးတီးကတော့ ဒီပွဲမှာ ရုန်းကန်ရမယ်လို့ထင်တယ်။ ခန့်မှန်းချင်တာကတော့ မန်စီးတီးပဲ နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ပွဲနိုင်ရင် ချန်ပီယံဖြစ်ပြီလေ။ ဘယ်သူ့ကိုမှလည်း ကြည့်စရာ မလိုတော့ဘူး။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးလို့ရတယ်ဆိုတော့။ မန်စီးတီးပဲနိုင်မယ်၊ (၂-၀)၊ (၂-၁)လောက်နဲ့တော့ နိုင်သွားမယ်လို့ထင်တယ်။

ပရိသတ်ကြီးရေ .. ကိုခင်မောင်ထွန်းက ရာသီပိတ်ပွဲမှာ မန်စီးတီး၊ လီဗာပူးလ်တို့ နိုင်ပွဲရပြီး မန်စီးတီးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလိုက်ပါပြီ။ ကိုခင်မောင်ထွန်း ခန့်မှန်းသလို မန်စီးတီးပဲ ချန်ပီယံဖြစ်မလား၊ ခြေချော်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ပရိသတ်တွေလည်း ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ အမြင်လေးတွေ ပြောခဲ့ကြပါဦး . .

Naing Linn(Akhayar)
www.akhayar.com