ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာတော့ လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ဟတ်ဒါဖီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

လီဗာပူးလ် – ဟတ်ဒါဖီးလ် ( စနေမနက် ၁း၃၀ နာရီ )

မန်စီးတီးအသင်းဟာ လက်ရှိမှာ လီဗာပူးလ်ထက် ချန်ပီယံဆုအတွက် နှာတစ်ဖျားသာသွားပေမယ့် လီဗာပူးလ်ကလည်း လက်ကျန်ပွဲတွေမှာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်သွားဖို့လိုအပ်နေပါတယ်။ ဒီပွဲဟာ ချန်ပီယံဆုမျှော်လင့်ချက်အတွက် ဟတ်ဒါဖီးလ်ကို လီဗာပူးလ် မဖြစ်မနေအနိုင်ကစားရမယ့် ပွဲပဲဖြစ်ပါတယ်။ လီဗာပူးလ် ကတော့ လက်ရှိမှာ အားလုံးသိတဲ့အတိုင်း အကောင်းဆုံးပုံစံရနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက် အနိုင်ကစားထားသလို ပြိုင်ပွဲစုံနောက်ဆုံး(၁၈)ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ ဟတ်ဒါဖီးလ်ကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီဖြစ်သလို ပရီးမီးယားလိဂ်နောက်ဆုံး(၇)ပွဲဆက် ရှုံးနိမ့်ထားပြီး အရာရာအားလုံး အနိမ့်ဘက်ကို ရောက်နေပါတယ်။ နှစ်သင်းကြား ကွာခြားချက်ကြီးမားတာကြောင့် လီဗာပူးလ် အနိုင်သေချာတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် လူစာရင်းပိုင်းအပြောင်းအလဲလေးတွေမြင်တွေ့ရနိုင်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ် မန်စီးတီးကို ဖိအားပေးသွားဦးမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။

လီဗာပူးလ် – ဟတ်ဒါဖီးလ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Huddersfield Town 0 – 1 Liverpool
Huddersfield Town 0 – 3 Liverpool
Liverpool 3 – 0 Huddersfield Town
Huddersfield Town 0 – 2 Liverpool
Huddersfield Town 0 – 1 Liverpool

Photo: The Independent , Yahoo News
Ko Kyue(Akhayar)
www.akhayar.com