ဒီတစ်ပတ်ရဲ့ ကြားရက်ထဲမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ကိုယှဉ်ပြိုင်ကစားသွားမှာဖြစ်တာကြောင့် ရင်ခုန်စရာကောင်းဦးမှာကတော့ အမှန်ပါပဲ။

ဝက်ဖို့ဒ် – ဖူလ်ဟမ် ( ဗုဒ္ဓဟူးမနက် ၁း၁၅ နာရီ )

ဝက်ဖို့ဒ်အသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၂)ပွဲဆက် ရှုံးနိမ့်ထားပေမယ့် မန်စီးတီး ၊ မန်ယူတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်သလို လက်ရှိအနေအထားအရလည်း ဘာဖိအားမှရှိမနေပါဘူး။ ဖူလ်ဟမ်အသင်းမှာတော့ တန်းမဆင်းရရေးဖိအားရှိနေပြီး ဒီပွဲမှာ အနိုင်ရမှတ်(၃)မှတ်ရယူနိုင်မှ အခြေအနေကောင်းမှာပါ။ ဒါပေမဲ့ ၀က်ဖို့ဒ်ကွင်းဖြစ်နေတာကြောင့် ဖူလ်ဟမ်အသင်းအနေနဲ့ အနိုင်ရလဒ်ရရှိဖို့မလွယ်ကူပါဘူး။ နှစ်သင်းပေါင်းသွင်းဂိုးနည်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပြီး နှစ်သင်းလုံးအတွက် သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တစ်ခုပါပဲ။

ဝုလ်ဗ် – မန်ယူ ( ဗုဒ္ဓဟူးမနက် ၁း၁၅ နာရီ )

ဝုလ်ဗ်အသင်းက ဒီရာသီအသင်းကြီးတွေနဲ့ဆို ပုံစံကောင်းကို ပြလေ့ရှိပေမယ့် လက်ရှိခြေစွမ်းကတော့ အကျပိုင်းကို ရောက်နေပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရရှိထားပါတယ်။ မန်ယူအသင်းကလည်း လက်ရှိပုံစံကောင်းမှာရှိမနေပေမယ့် သူ့အတိုင်းအတာနဲ့သူကောင်းမွန်နေတာကိုတော့တွေ့ရပါတယ်။ FA ဖလားကွာတားဖိုင်နယ် ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ မန်ယူအသင်း စိတ်ဓာတ်ပိုင်းပြင်းထန်နေမှာဖြစ်သလို ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်းဝင်ဖို့လည်းအမှားခံလို့ မရပါဘူး။ အသင်းကြီးတွေနဲ့ တွေ့ရင် ၀ုလ်ဗ်ဟာ အကောင်းဆုံးပုံစံမှာရှိတယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ ၀ုလ်ဗ်ထက် ဖိအားများတဲ့ မန်ယူအသင်းကိုပဲ အနိုင်ရလဒ်အတွက် ရွေးချယ်ချင်ပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ ရှိနေပြီး ၀ုလ်ဗ် ( ၁ – ၂ ) မန်ယူရလဒ်မျိုး ထွက်ပေါ်နိုင်ပါတယ်။

Photo: Bleacher Report
Ko Kyue(Akhayar)
www.akhayar.com