[Zawgyi]

အီမရိတ္စ္မွာ အာဆင္နယ္အသင္း ရလဒ္ေကာင္းရႏိုင္မလား

ပရီးမီးယားလိဂ္ပြဲစဥ္(၉)ရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ႔ အာဆင္နယ္ – လက္စတာပြဲစဥ္ကိုေတာ႔ မနက္ျဖန္( အဂၤါေန႔)မနက္ (၁း၃၀) နာရီမွာ ယွဥ္ျပိဳင္ကစားသြားမွာျဖစ္ပါတယ္။ လက္ရိွမွာ ပံုစံေကာင္းေတြရေနတဲ႔ အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္း အီမရိတ္စ္မွာ ရလဒ္ေကာင္းရႏိုင္မလားဆိုတာစိတ္၀င္စားစရာပါ။

Arsenal-Vs-Leicester-City

Arsenal-Vs-Leicester-City

အာဆင္နယ္ – လက္စတာ ( အဂၤါမနက္ ၁း၃၀ နာရီ )

အာဆင္နယ္အသင္းဟာ လက္ရိွမွာ အေကာင္းဆံုးအေနအထားမွာရိွေနျပီး ျပိဳင္ပြဲစံုေနာက္ဆံုး(၉)ပြဲဆက္ အႏိုင္ရရိွထားပါတယ္။ လက္စတာအသင္းရဲ႕ကေတာ႔ ပံုမွန္ေျခစြမ္းမွာရိွေနျပီး ပရီးမီးယားလိဂ္ေနာက္ဆံုး(၅)ပြဲမွာ (၂)ပြဲႏိုင္ ၊ (၃)ပြဲရံႈးရလဒ္ရရိွထားပါတယ္။ အာဆင္နယ္အသင္းဟာ ႏိုင္ပြဲေတြဆက္ေနတယ္ဆိုေပမယ္႔ ေနာက္ပိုင္းပြဲေတြမွာ က်ရိပ္ေလးေတြရိွလာတာကိုေတြ႕ေနရတာေၾကာင္႔ အေ၀းကြင္းေျခစြမ္း အတိုင္းအတာတစ္ခုထိေကာင္းတဲ႔ လက္စတာအေနနဲ႔ အာဆင္နယ္အသင္းကို ဒုကၡေပးႏိုင္မွာကေတာ႔ ေသခ်ာေနပါတယ္။ ဒါေပမဲ႔ အာဆင္နယ္အသင္းဟာ ကိုယ္႔ထက္နိမ္႔တဲ႔ အသင္းေတြနဲ႔ ကစားရင္ ရလဒ္ေကာင္းရေလ႔ရိွျပီး အိမ္ကြင္းမွာလည္း ရမွတ္ေတြရွာေဖြႏိုင္တာေၾကာင္႔ ဒီပြဲမွာလည္း ရလဒ္ေကာင္းတစ္ခုရယူႏိုင္ဖို႔ရိွပါတယ္။ အာဆင္နယ္ရဲ႕ အဓိကတိုက္စစ္အတြဲျဖစ္တဲ႔ လာကာဇက္ Lacazette နဲ႔ အူဘာမီယန္း Aubameyang တို႔ကိုလက္စတာခံစစ္က တစ္ခ်ိန္လံုးထိန္းခ်ဳပ္ဖို႔ဆိုတာကလည္း မလြယ္တဲ႔အရာပါ။ အႏိုင္ရလဒ္အတြက္ အာဆင္နယ္ကိုပဲ ေရြးရမွာျဖစ္ျပီး အာဆင္နယ္ ( ၂ – ၁ ) လက္စတာ ရလဒ္မ်ိဳးျဖစ္ႏိုင္ပါတယ္။

Arsenal

Arsenal

အာဆင္နယ္ – လက္စတာ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္

Leicester City 3 – 1 Arsenal
Arsenal 4 – 3 Leicester City
Arsenal 1 – 0 Leicester City
Leicester City 0 – 0 Arsenal
Arsenal 2 – 1 Leicester City

Photo: Arsenal Twitter , Mirror
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အီမရိတ်စ်မှာ အာဆင်နယ်အသင်း ရလဒ်ကောင်းရနိုင်မလား

ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် – လက်စတာပွဲစဉ်ကိုတော့ မနက်ဖြန်( အင်္ဂါနေ့)မနက် (၁း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပုံစံကောင်းတွေရနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်း အီမရိတ်စ်မှာ ရလဒ်ကောင်းရနိုင်မလားဆိုတာစိတ်ဝင်စားစရာပါ။

Arsenal-Vs-Leicester-City

Arsenal-Vs-Leicester-City

အာဆင်နယ် – လက်စတာ ( အင်္ဂါမနက် ၁း၃၀ နာရီ )

အာဆင်နယ်အသင်းဟာ လက်ရှိမှာ အကောင်းဆုံးအနေအထားမှာရှိနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက် အနိုင်ရရှိထားပါတယ်။ လက်စတာအသင်းရဲ့ကတော့ ပုံမှန်ခြေစွမ်းမှာရှိနေပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၂)ပွဲနိုင် ၊ (၃)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ အာဆင်နယ်အသင်းဟာ နိုင်ပွဲတွေဆက်နေတယ်ဆိုပေမယ့် နောက်ပိုင်းပွဲတွေမှာ ကျရိပ်လေးတွေရှိလာတာကိုတွေ့နေရတာကြောင့် အဝေးကွင်းခြေစွမ်း အတိုင်းအတာတစ်ခုထိကောင်းတဲ့ လက်စတာအနေနဲ့ အာဆင်နယ်အသင်းကို ဒုက္ခပေးနိုင်မှာကတော့ သေချာနေပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ကိုယ့်ထက်နိမ့်တဲ့ အသင်းတွေနဲ့ ကစားရင် ရလဒ်ကောင်းရလေ့ရှိပြီး အိမ်ကွင်းမှာလည်း ရမှတ်တွေရှာဖွေနိုင်တာကြောင့် ဒီပွဲမှာလည်း ရလဒ်ကောင်းတစ်ခုရယူနိုင်ဖို့ရှိပါတယ်။ အာဆင်နယ်ရဲ့ အဓိကတိုက်စစ်အတွဲဖြစ်တဲ့ လာကာဇက် Lacazette နဲ့ အူဘာမီယန်း Aubameyang တို့ကိုလက်စတာခံစစ်က တစ်ချိန်လုံးထိန်းချုပ်ဖို့ဆိုတာကလည်း မလွယ်တဲ့အရာပါ။ အနိုင်ရလဒ်အတွက် အာဆင်နယ်ကိုပဲ ရွေးရမှာဖြစ်ပြီး အာဆင်နယ် ( ၂ – ၁ ) လက်စတာ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

Arsenal

Arsenal

အာဆင်နယ် – လက်စတာ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Leicester City 3 – 1 Arsenal
Arsenal 4 – 3 Leicester City
Arsenal 1 – 0 Leicester City
Leicester City 0 – 0 Arsenal
Arsenal 2 – 1 Leicester City

Photo: Arsenal Twitter , Mirror
Ko Kyue(Akhayar)
www.akhayar.com