မနက်ဖြန် မနက်အစောပိုင်းမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် မန်စီးတီး – လက်စတာပွဲရှိနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ရင်ခုန်စရာကောင်းတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။

မန်စီးတီး – လက်စတာ ( အင်္ဂါမနက် ၁း၃၀ နာရီ )

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်စတာကို မန်စီးတီး မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်နေပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပွဲတိုင်းကို သေချာ အာရုံစိုက်ကစားနေပြီး ခြေစွမ်းပိုင်းက တည်ငြိမ်မှုအပြည့်ရှိနေသလို ပရီးမီးယားလိဂ်နောက်ဆုံး(၁၂)ပွဲဆက်လည်း အနိုင်ကစားထားပါတယ်။ မန်စီးတီးကွင်းလယ်မှာ ဒီဘရိုင်းနား De Bruyne ၊ ဖာနန်ဒင်ဟို Fernandinho တို့ ဒဏ်ရာပြဿနာတွေရှိနေပြီး ဒေးဗစ်ဆေးဗားလ် David Silva ဟာလည်း အသက်အရွယ်အရ ပွဲချိန်ကြာလာရင် ခြေစွမ်းကျလာတာကြောင့် ကွင်းလယ်ပိုင်း အပြောင်းအလဲလုပ်တဲ့နေရာမှာ အခက်အခဲတွေရှိနေပါတယ်။ နောက်တစ်ချက်ကတော့ ခံစစ်ကို အသေပိတ်ကစားတဲ့ အသင်းတွေနဲ့ဆို မန်စီးတီးအသင်း ရုန်းကန်ရတာဖြစ်ပြီး နည်းပြဂွါဒီယိုလာ Guardiola အနေနဲ့ ဒီအချက်တွေကို ပြင်ဆင်ပေးဖို့ လိုအပ်နေပါတယ်။ လက်စတာအသင်းကတော့ ဘာဖိအားမှာ မရှိတော့သလို အသင်းရဲ့ခြေစွမ်းကလည်း ပုံမှန်မှာရှိနေပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲမှာ (၁)ပွဲနိုင် ၊ (၁)ပွဲသရေ ၊ (၁)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ လက်စတာကလည်း တိုက်စစ်ကစားတဲ့ အသင်းဖြစ်သလို မန်စီးတီးဘက်ကို တိုက်စစ်ဆင်ဖို့ ကြိုးစားမှာဖြစ်တာကြောင့် မန်စီးတီးတိုက်စစ်ပိုင်း နေရာလွတ်တွေရလာမှာဖြစ်ပြီး အနိုင်ရဖို့ အခက်အခဲမရှိနိုင်ပါဘူး။ နှစ်သင်းပေါင်းသွင်းဂိုးများတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပြီး မန်စီးတီး ( ၃ – ၁ ) လက်စတာ ရလဒ်မျိုးအကြိုက်တွေ့မိပါတယ်။

မန်စီးတီး – လက်စတာ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Leicester City 2 – 1 Manchester City
Leicester City 1 – 1 P Manchester City
Manchester City 5 – 1 Leicester City
Leicester City 1 – 1 P Manchester City
Leicester City 0 – 2 Manchester City

Photo: Man City Twitter
Ko Kyue(Akhayar)
www.akhayar.com