[Zawgyi]

စပါးကြင္းမွာ မန္စီးတီးႏိုင္ပြဲရယူႏိုင္မလား

ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)ရဲ႕ ေနာက္ဆံုးပြဲျဖစ္တဲ႔ စပါး – မန္စီးတီးပြဲစဥ္မွာ ဘယ္အသင္းရလဒ္ေကာင္းရရိွသြားမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ ဒီႏွစ္သင္းေတြ႕ဆံုတဲ႔ပြဲေတြဟာ ႏွစ္သင္းေပါင္းဂိုးမ်ားေလ႔ရိွတာေၾကာင္႔ ဒီပြဲမွာလည္း သြင္းဂိုးမ်ားမ်ားျမင္ေတြ႕ရႏိုင္ပါတယ္။

Spur-Vs-Man-City

Spur-Vs-Man-City

စပါး – မန္စီးတီး ( အဂၤါမနက္ ၂း၃၀ နာရီ )

ႏွစ္သင္းလံုးဟာ လက္ရိွမွာပံုစံေကာင္းရေနၾကျပီး စပါးအသင္းက ေနာက္ဆံုးကစားထားတဲ႔ ပရီးမီးယားလိဂ္(၄)ပြဲဆက္ အႏိုင္ရထားသလို မန္စီးတီးအသင္းကေတာ႔ လက္ရိွအခ်ိန္ထိ ပရီးမီးယားလိဂ္မွာ ရံႈးပြဲမရိွကစားထားပါတယ္။ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးအသင္းေတြဟာ ႏိုင္ပြဲကိုယ္စီရရိွခဲ႔ၾကတာေၾကာင္႔ မန္စီးတီးအသင္းဟာ အႏိုင္ရဖို႔လိုအပ္ေနေပမယ္႔ စပါးအသင္းကြင္းျဖစ္ေနတာေၾကာင္႔ ခက္ခဲဖို႔ေတာ႔ရိွေနပါတယ္။ မန္စီးတီးအသင္းကို စပါးအသင္းအေနနဲ႔ စုစည္းမႈအျပည္႔နဲ႔ရင္ဆိုင္ကစားမယ္ဆိုရင္ေတာ႔ ရလဒ္ေကာင္းတစ္ခုေမွ်ာ္လင္႔ႏိုင္မွာျဖစ္ျပီး ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၄)ပြဲမွာ တစ္ပြဲကိုအနိမ္႔ဆံုး(၃)ဂိုးနဲ႔အထက္သြင္းယူထားၾကတာေၾကာင္႔ ဒီပြဲမွာလည္း သြင္းဂိုးမ်ားႏိုင္ပါတယ္။ မန္စီးတီးဟာ လက္ရိွမွာ အေကာင္းဆံုးပံုစံမွာရိွေနသလို စပါးအသင္းဟာလည္း ေျခစြမ္းမေကာင္းေတာင္ ရလဒ္ေကာင္းေအာင္ ကစားႏိုင္စြမ္းရိွတဲ႔ အသင္းျဖစ္တာေၾကာင္႔ သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တပါတယ္။

Gabriel-Jesus

Gabriel-Jesus

စပါး – မန္စီးတီး ျပိဳင္ပြဲစံု ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္

Tottenham Hotspur 1 – 3 Manchester City
Manchester City 4 – 1 Tottenham Hotspur
Manchester City 3 – 0 Tottenham Hotspur
Manchester City 2 – 2 Tottenham Hotspur
Tottenham Hotspur 2 – 0 Manchester City

Photo: Flipboard , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပါးကွင်းမှာ မန်စီးတီးနိုင်ပွဲရယူနိုင်မလား

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ စပါး – မန်စီးတီးပွဲစဉ်မှာ ဘယ်အသင်းရလဒ်ကောင်းရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေဟာ နှစ်သင်းပေါင်းဂိုးများလေ့ရှိတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးများများမြင်တွေ့ရနိုင်ပါတယ်။

Spur-Vs-Man-City

Spur-Vs-Man-City

စပါး – မန်စီးတီး ( အင်္ဂါမနက် ၂း၃၀ နာရီ )

နှစ်သင်းလုံးဟာ လက်ရှိမှာပုံစံကောင်းရနေကြပြီး စပါးအသင်းက နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်(၄)ပွဲဆက် အနိုင်ရထားသလို မန်စီးတီးအသင်းကတော့ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားထားပါတယ်။ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေဟာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြတာကြောင့် မန်စီးတီးအသင်းဟာ အနိုင်ရဖို့လိုအပ်နေပေမယ့် စပါးအသင်းကွင်းဖြစ်နေတာကြောင့် ခက်ခဲဖို့တော့ရှိနေပါတယ်။ မန်စီးတီးအသင်းကို စပါးအသင်းအနေနဲ့ စုစည်းမှုအပြည့်နဲ့ရင်ဆိုင်ကစားမယ်ဆိုရင်တော့ ရလဒ်ကောင်းတစ်ခုမျှော်လင့်နိုင်မှာဖြစ်ပြီး ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၄)ပွဲမှာ တစ်ပွဲကိုအနိမ့်ဆုံး(၃)ဂိုးနဲ့အထက်သွင်းယူထားကြတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးများနိုင်ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ အကောင်းဆုံးပုံစံမှာရှိနေသလို စပါးအသင်းဟာလည်း ခြေစွမ်းမကောင်းတောင် ရလဒ်ကောင်းအောင် ကစားနိုင်စွမ်းရှိတဲ့ အသင်းဖြစ်တာကြောင့် သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတပါတယ်။

Gabriel-Jesus

Gabriel-Jesus

စပါး – မန်စီးတီး ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Tottenham Hotspur 1 – 3 Manchester City
Manchester City 4 – 1 Tottenham Hotspur
Manchester City 3 – 0 Tottenham Hotspur
Manchester City 2 – 2 Tottenham Hotspur
Tottenham Hotspur 2 – 0 Manchester City

Photo: Flipboard , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com