[Zawgyi]

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံး ကစားသမားဆု မရခဲ့ဖူးတဲ့ ဂႏၳ၀င္မ်ား (၁)

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံး ကစားသမားဆုဆုိတာက ပရိသတ္ေတြ သိတဲ့အတိုင္း ရာသီတစ္ခုရဲ႕ လအလုိက္ ေျခစြမ္းျပႏုိင္တဲ့သူေတြကုိ ပရီးမီးယားလိဂ္အဖဲြ႕ခ်ဳပ္က ေရြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။ ဒီဆုကုိ ၁၉၉၄ ၾသဂုတ္လက စတင္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ နာမည္ေက်ာ္ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား ဆြတ္ခူးရရွိခဲ့တယ္။ အႀကိမ္အမ်ားဆုံး ရရွိခဲ့တာက လီဗာပူးလ္ဂႏၳ၀င္ စတီဗင္ဂ်ရတ္ Steven Gerrard နဲ႔ စပါးအသင္း လက္ရွိတိုက္စစ္မွဴး ဟာရီကိန္း Harry Kane တို႔ျဖစ္ၿပီး (၆)ႀကိမ္စီ ရရွိခဲ့တာပါ။ သူတို႔ေနာက္မွာ အဂြဲ႐ုိး Sergio Agüero ၊ ဗန္ပါစီ Robin van Persie ၊ ရြန္နီ Wayne Rooney တို႔က (၅)ႀကိမ္စီနဲ႔ အမ်ားဆုံးျဖစ္ေနတယ္။ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံး ကစားသမားဆုကုိ နာမည္ႀကီး ကစားသမားေတြ ရခဲ့ေပမယ့္ ကစားသမားဘ၀တစ္ေလွ်ာက္လုံး မရခဲ့ဖူးတဲ့ ဂႏၳ၀င္ေတြ ရွိခ့ဲတာက တကယ့္ကုိ အံ့အားသင့္စရာပါ။ သူတို႔ရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈေတြအရ ဒီဆုနဲ႔ ဘယ္လုိလဲြေခ်ာ္ခဲ့လဲဆုိတာ စဥ္းစားမရေအာင္ပါပဲ။ အဲဒီဂႏၳ၀င္ေတြက ဘယ္သူေတြမ်ားလဲဆုိေတာ့ . . .

ဇာဘီအလြန္ဆုိ Xabi Alonso

Xabi-Alonso

Xabi-Alonso

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုက ဇာဘီအလြန္ဆုိလုိ ကစားသမားမ်ိဳးေတာင္ မရဖူးေလာက္တ့ဲအထိ ခက္ခဲလြန္းခဲ့ပါတယ္။ လီဗာပူးလ္အသင္းမွာ ၂၀၀၄ ကေန ၂၀၀၉ ခုႏွစ္အထိကစားခဲ့ၿပီး FA ၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားေတြ ရခဲ့ေပမယ့္ အလြန္ဆုိဟာ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆုကုိေတာ့ မပုိင္ဆုိင္ခဲ့ဘူး။

ပီတာရွမုိက္ကယ္ Peter Schmeichel

Peter-Schmeichel

Peter-Schmeichel

ဒါကေတာ့ တကယ့္ကုိ အံ့အားသင့္စရာပါပဲ။ မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ (၅)ႀကိမ္အပါအ၀င္ ျပည္တြင္းေရာ၊ ျပည္ပဆုဖလားေတြရယူခဲ့သူ ဒိန္းမတ္ဂႏၳ၀င္ႀကီး ပီတာရွမုိက္ကယ္ဟာ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုကုိ လဲြေခ်ာ္ခဲ့တယ္။ ရွမုိက္ကယ္ဟာ မန္ယူ၊ ဗီလာ၊ မန္စီးတီးအသင္းေတြနဲ႔အတူ အဂၤလန္ေျမမွာ ျဖတ္သန္းခဲ့ၿပီး ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး ဂုိးသမားစာရင္း၀င္ျဖစ္ခဲ့ေပမယ့္ ကံအေၾကာင္းမလွစြာနဲ႔ပဲ တစ္လတာအေကာင္းဆုံးဆုကုိ မရခဲ့ဘူး။

ကမ္းဘဲလ္ Sol Campbell

Sol-Campbell

Sol-Campbell

‘ကံဆုိးသူ ေမာင္ရွင္’ စာရင္းထဲမွာ အာဆင္နယ္ဂႏၳ၀င္ ေနာက္ခံလူ ဆုိးလ္ကမ္းဘဲလ္လည္း တစ္ဦးအပါအ၀င္ပါပဲ။ ကမ္းဘဲလ္အျဖစ္က တကယ့္ကုိ ရင္နာစရာေကာငး္ပါတယ္။ ၂၀၀၂ ခုႏွစ္မွာ အာဆင္နယ္ ကစားသမားေတြျဖစ္တဲ့ ဘားကမ့္ Bergkamp ၊ ယြန္းဘတ္ Ljungberg ၊ အြန္နရီ Henry ၊ ၀ီလ္ေတာ့ဒ္ Wiltord ၊ ၂၀၀၄ မွာ အြန္နရီ(၂ႀကိမ္)၊ ဘားကမ့္ Bergkamp ၊ အီဒူး Edu ၊ ေရးယက္စ္ Reyes တို႔ အားလုံး ဆုရခဲ့ေပမယ့္ ကမ္းဘဲလ္သာ က်န္ခဲ့တာပါ။

မက္ခီလီလီ Claude Makelele

Claude-Makelele

Claude-Makelele

ခ်ယ္လ္ဆီးအသင္းရဲ႕ ေခတ္ဦး ေအာင္ျမင္မႈေတြမွာ အဓိက က်ခဲ့တဲ့ မက္ခီလီလီဟာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ဆုဖလားအမ်ားႀကီး ရယူခဲ့ေပမယ့္ တစ္လတာအေကာင္းဆုံးဆုကုိေတာ့ မရခဲ့ပါဘူး။ ကြင္းလယ္ခံစစ္ ကစားသမားေတြဟာ မ်က္ႏွာသာေပးမခံရဘူးဆုိတာ မက္ခီလီလီက အေကာင္းဆုံးသက္ေသပါပဲ။

ဒေရာ့ဘာ Didier Drogba

Drogba

Drogba

ခ်ယ္လ္ဆီး ကစားသမားဘ၀မွာ ဂုိးေတြ တဒုိင္းဒုိင္းသြင္း၊ ၿပိဳင္ဘက္ခံစစ္အတြက္ နတ္ဆုိးတစ္ပါးျဖစ္ခဲ့သူ ဒေရာ့ဘာ တစ္လတာအေကာင္းဆုံးဆုကုိ မရခဲ့တာက တကယ့္ကုိ ရယ္စရာပါပဲ။ ၂၀၀၉-၁၀ ရာသီက ပရီးမီးယားလိဂ္မွာ (၂၉)ဂုိးသြင္းခဲ့သလုိ ခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ခ့ဲေပမယ့္ အဲဒီရာသီမွာ သူ႔ကုိ ေက်ာ္ၿပီး မာလူဒါ Florent Malouda ၊ ရွ၀ါဇာ Mark Schwarzer ၊ ေနာက္ဆုံး ဂ်င္မီဘူးလက္ Jimmy Bullard လုိ ကစားမားမ်ိဳးေတာင္ တစ္လတာအေကာင္းဆုံး ဆုရခဲ့ပါတယ္။

ဒီကစားသမားေတြက ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကုိ မရခဲ့ဖူးတဲ့ ဂႏၳ၀င္ေတြျဖစ္ပါတယ္။ ေနာက္ထပ္ အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကပါဦး . .

REF:.dreamteamfc
Photo:Newsweek,dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆု မရခဲ့ဖူးတဲ့ ဂန္ထဝင်များ (၁)

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုဆိုတာက ပရိသတ်တွေ သိတဲ့အတိုင်း ရာသီတစ်ခုရဲ့ လအလိုက် ခြေစွမ်းပြနိုင်တဲ့သူတွေကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ ဒီဆုကို ၁၉၉၄ သြဂုတ်လက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နာမည်ကျော်ကစားသမားတွေ တော်တော်များများ ဆွတ်ခူးရရှိခဲ့တယ်။ အကြိမ်အများဆုံး ရရှိခဲ့တာက လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ် Steven Gerrard နဲ့ စပါးအသင်း လက်ရှိတိုက်စစ်မှူး ဟာရီကိန်း Harry Kane တို့ဖြစ်ပြီး (၆)ကြိမ်စီ ရရှိခဲ့တာပါ။ သူတို့နောက်မှာ အဂွဲရိုး Sergio Agüero ၊ ဗန်ပါစီ Robin van Persie ၊ ရွန်နီ Wayne Rooney တို့က (၅)ကြိမ်စီနဲ့ အများဆုံးဖြစ်နေတယ်။ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နာမည်ကြီး ကစားသမားတွေ ရခဲ့ပေမယ့် ကစားသမားဘဝတစ်လျှောက်လုံး မရခဲ့ဖူးတဲ့ ဂန္ထဝင်တွေ ရှိခဲ့တာက တကယ့်ကို အံ့အားသင့်စရာပါ။ သူတို့ရဲ့ ကစားသမားဘ၀ အောင်မြင်မှုတွေအရ ဒီဆုနဲ့ ဘယ်လိုလွဲချော်ခဲ့လဲဆိုတာ စဉ်းစားမရအောင်ပါပဲ။ အဲဒီဂန္ထဝင်တွေက ဘယ်သူတွေများလဲဆိုတော့ . . .

ဇာဘီအလွန်ဆို Xabi Alonso

Xabi-Alonso

Xabi-Alonso

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုက ဇာဘီအလွန်ဆိုလို ကစားသမားမျိုးတောင် မရဖူးလောက်တဲ့အထိ ခက်ခဲလွန်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့ပြီး FA ၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားတွေ ရခဲ့ပေမယ့် အလွန်ဆိုဟာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကိုတော့ မပိုင်ဆိုင်ခဲ့ဘူး။

ပီတာရှမိုက်ကယ် Peter Schmeichel

Peter-Schmeichel

Peter-Schmeichel

ဒါကတော့ တကယ့်ကို အံ့အားသင့်စရာပါပဲ။ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် (၅)ကြိမ်အပါအဝင် ပြည်တွင်းရော၊ ပြည်ပဆုဖလားတွေရယူခဲ့သူ ဒိန်းမတ်ဂန္ထဝင်ကြီး ပီတာရှမိုက်ကယ်ဟာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို လွဲချော်ခဲ့တယ်။ ရှမိုက်ကယ်ဟာ မန်ယူ၊ ဗီလာ၊ မန်စီးတီးအသင်းတွေနဲ့အတူ အင်္ဂလန်မြေမှာ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားစာရင်းဝင်ဖြစ်ခဲ့ပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ တစ်လတာအကောင်းဆုံးဆုကို မရခဲ့ဘူး။

ကမ်းဘဲလ် Sol Campbell

Sol-Campbell

Sol-Campbell

‘ကံဆိုးသူ မောင်ရှင်’ စာရင်းထဲမှာ အာဆင်နယ်ဂန္ထဝင် နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်လည်း တစ်ဦးအပါအဝင်ပါပဲ။ ကမ်းဘဲလ်အဖြစ်က တကယ့်ကို ရင်နာစရာကောင်းပါတယ်။ ၂၀၀၂ ခုနှစ်မှာ အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ ဘားကမ့် Bergkamp ၊ ယွန်းဘတ် Ljungberg ၊ အွန်နရီ Henry ၊ ဝီလ်တော့ဒ် Wiltord ၊ ၂၀၀၄ မှာ အွန်နရီ(၂ကြိမ်)၊ ဘားကမ့် Bergkamp ၊ အီဒူး Edu ၊ ရေးယက်စ် Reyes တို့ အားလုံး ဆုရခဲ့ပေမယ့် ကမ်းဘဲလ်သာ ကျန်ခဲ့တာပါ။

မက်ခီလီလီ Claude Makelele

Claude-Makelele

Claude-Makelele

ချယ်လ်ဆီးအသင်းရဲ့ ခေတ်ဦး အောင်မြင်မှုတွေမှာ အဓိက ကျခဲ့တဲ့ မက်ခီလီလီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားအများကြီး ရယူခဲ့ပေမယ့် တစ်လတာအကောင်းဆုံးဆုကိုတော့ မရခဲ့ပါဘူး။ ကွင်းလယ်ခံစစ် ကစားသမားတွေဟာ မျက်နှာသာပေးမခံရဘူးဆိုတာ မက်ခီလီလီက အကောင်းဆုံးသက်သေပါပဲ။

ဒရော့ဘာ Didier Drogba

Drogba

Drogba

ချယ်လ်ဆီး ကစားသမားဘဝမှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်း၊ ပြိုင်ဘက်ခံစစ်အတွက် နတ်ဆိုးတစ်ပါးဖြစ်ခဲ့သူ ဒရော့ဘာ တစ်လတာအကောင်းဆုံးဆုကို မရခဲ့တာက တကယ့်ကို ရယ်စရာပါပဲ။ ၂၀၀၉-၁၀ ရာသီက ပရီးမီးယားလိဂ်မှာ (၂၉)ဂိုးသွင်းခဲ့သလို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ခဲ့ပေမယ့် အဲဒီရာသီမှာ သူ့ကို ကျော်ပြီး မာလူဒါ Florent Malouda ၊ ရှဝါဇာ Mark Schwarzer ၊ နောက်ဆုံး ဂျင်မီဘူးလက် Jimmy Bullard လို ကစားမားမျိုးတောင် တစ်လတာအကောင်းဆုံး ဆုရခဲ့ပါတယ်။

ဒီကစားသမားတွေက ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို မရခဲ့ဖူးတဲ့ ဂန္ထဝင်တွေဖြစ်ပါတယ်။ နောက်ထပ် အပိုင်း(၂)ကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . .

REF:.dreamteamfc
Photo:Newsweek,dreamteamfc
Naing Linn(Akhayar)
www.akhayar.com