[Zawgyi]

တစ္စထက္ တစ္စပိုမိုၾကီးထြားလာတဲ႔ ရမ္ေဆး Ramsey ရဲ႕ အေျပာင္းအေရႊ႕ဇာတ္လမ္း

အာဆင္နယ္အသင္းဟာ အဓိကကစားသမားေတြကို လက္လြႊတ္ရေလ႔ရိွတဲ႔ အစဥ္အလာတစ္ခုကို ပိုင္ဆိုင္ထားတဲ႔ အသင္းပါ။ အာဆင္နယ္အသင္းဟာ အဓိကကစားသမားေတြရဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ အခ်ိန္ဆြဲတဲ႔ ဒဏ္ကိုအၿမဲခံရေလ႔ရိွပါတယ္။ ဥပမာတစ္ခုအေနနဲ႔ ေျပာရရင္ မႏွစ္က အာဆင္နယ္အသင္းအေနနဲ႔ ဆန္းခ်က္ဇ္ Sanchez ကိုစာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကိဳးစားခဲ႔ေပမယ္႔ ကစားသမားဘက္က သက္တမ္းတိုးလိုျခင္းမရိွေတာ႔ တာေၾကာင္႔ မန္ယူအသင္းကို လက္လႊတ္ခဲ႔ရပါတယ္။ လက္ရိွမွာလည္း ဒီလိုအေနအထားမ်ိဳးနဲ႔ ဆင္တူတဲ႔ အေျခအေနတစ္ခုကိုရင္ဆိုင္ေနရပါျပီ။အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ရမ္ေဆး Ramsey ဟာ ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ပါျပီ။ အာဆင္နယ္အသင္းဘက္က သက္တမ္းတိုးဖို႔ၾကိဳးစားေနေပမယ္႔ ကစားသမားဘက္က ေအးစက္စက္ျဖစ္ေနတာေၾကာင္႔ ရမ္ေဆးအေနနဲ႔ ဒုတိယ ဆန္းခ်က္ဇ္ျဖစ္လာမလားဆိုတာ စိတ္၀င္စားစရာပါပဲ။

Ramsey

Ramsey

အာဆင္နယ္အသင္းအေနနဲ႔ ရမ္ေဆးကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ရင္ ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ထြက္ခြာခြင္႔ေပးရမွာျဖစ္ျပီး ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ေရာင္းခ်ရင္ေတာ႔ ေျပာင္းေရႊ႕ေၾကးရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကိဳးစားမလား ၊ ေျပာင္းေရႊ႕ေၾကးရယူဖို႔ အတြက္ ဇန္န၀ါရီမွာေရာင္းမလား ၊ ရာသီကုန္မွပဲ ထြက္ခြာခြင္႔ေပးမလားဆိုတာ စဥ္းစားခ်င္စရာပါပဲ။ ရမ္ေဆး ကိုေခၚယူဖို႔ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းဟာ စိတ္၀င္စားေနသလို ပရီးမီးယားလိဂ္အသင္းၾကီးေတြျဖစ္ၾကတဲ႔ မန္ယူနဲ႔ လီဗာပူးလ္တို႔ကေတာ႔ လာမယ္႔ ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔ မ်က္စိက်ေနၾကပါတယ္။ ရမ္ေဆးဟာ လက္ရိွမွာ အာဆင္နယ္အသင္းအတြက္ ေျခစြမ္းျပကစားေနေပမယ္႔ အနာဂတ္အတြက္ေတာ႔ ႏႈတ္ဆိတ္ေနပါတယ္။ ရမ္ေဆးအေနနဲ႔ အာဆင္နယ္မွာပဲ ဆက္ရိွေနမလား ၊ တျခားထိပ္သီးအသင္းတစ္သင္းကို ေျပာင္းေရႊ႕သြားမလားဆိုတာကေတာ႔ စိတ္၀င္စားဖို႔ေကာင္းေနခဲ႔ပါျပီ။

Ref: Sportskeeda
Photo: Evening Standard , Tribuna.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တစ်စထက် တစ်စပိုမိုကြီးထွားလာတဲ့ ရမ်ဆေး Ramsey ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

အာဆင်နယ်အသင်းဟာ အဓိကကစားသမားတွေကို လက်လွှတ်ရလေ့ရှိတဲ့ အစဉ်အလာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ အာဆင်နယ်အသင်းဟာ အဓိကကစားသမားတွေရဲ့ စာချုပ်သက်တမ်းတိုးဖို့ အချိန်ဆွဲတဲ့ ဒဏ်ကိုအမြဲခံရလေ့ရှိပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြောရရင် မနှစ်က အာဆင်နယ်အသင်းအနေနဲ့ ဆန်းချက်ဇ် Sanchez ကိုစာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က သက်တမ်းတိုးလိုခြင်းမရှိတော့ တာကြောင့် မန်ယူအသင်းကို လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒီလိုအနေအထားမျိုးနဲ့ ဆင်တူတဲ့ အခြေအနေတစ်ခုကိုရင်ဆိုင်နေရပါပြီ။အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey ဟာ ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် အသင်းနဲ့စာချုပ်သက်တမ်းကုန်ပါပြီ။ အာဆင်နယ်အသင်းဘက်က သက်တမ်းတိုးဖို့ကြိုးစားနေပေမယ့် ကစားသမားဘက်က အေးစက်စက်ဖြစ်နေတာကြောင့် ရမ်ဆေးအနေနဲ့ ဒုတိယ ဆန်းချက်ဇ်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ramsey

Ramsey

အာဆင်နယ်အသင်းအနေနဲ့ ရမ်ဆေးကို စာချုပ်သက်တမ်းမတိုးနိုင်ရင် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချရင်တော့ ပြောင်းရွှေ့ကြေးရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားမလား ၊ ပြောင်းရွှေ့ကြေးရယူဖို့ အတွက် ဇန်နဝါရီမှာရောင်းမလား ၊ ရာသီကုန်မှပဲ ထွက်ခွာခွင့်ပေးမလားဆိုတာ စဉ်းစားချင်စရာပါပဲ။ ရမ်ဆေး ကိုခေါ်ယူဖို့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းဟာ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ မျက်စိကျနေကြပါတယ်။ ရမ်ဆေးဟာ လက်ရှိမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေပေမယ့် အနာဂတ်အတွက်တော့ နှုတ်ဆိတ်နေပါတယ်။ ရမ်ဆေးအနေနဲ့ အာဆင်နယ်မှာပဲ ဆက်ရှိနေမလား ၊ တခြားထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့သွားမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။

Ref: Sportskeeda
Photo: Evening Standard , Tribuna.com
Ko Kyue(Akhayar)
www.akhayar.com