ဘောလုံးနဲ့ပတ်သက်ပြီး အချက်အလက်ပြုစုရေးအဖွဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ဘောလုံးသမိုင်းတစ်လျှောက် ယူရို(၁)ဘီလီယံတန်ဖိုးရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ်မှာ အဘူဒါဘီစီးပွားရေးအဖွဲ့က ဝယ်ယူခဲ့ပြီးနောက်ပိုင်း မန်စီးတီးအသင်းဟာ ထိပ်တန်းအဆင့် ကစားသမားတွေ ခေါ်ယူဖို့အတွက် ငွေကို ရေလို သုံးခဲ့ပြီး လက်ရှိမန်စီးတီးအသင်းရဲ့ ကစားသမားအားလုံး စုစုပေါင်းတန်ဖိုးက ယူရို(၁.၀၄)ဘီလီယံ (ပေါင် ၉၀၆သန်း)အထိရှိနေပါပြီ။ မန်စီးတီးကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးက အခုနှစ်မှ တန်းတက်လာတဲ့ နောဝစ်ခ်ျအသင်းထက် (၃၂)ဆအထိ ပိုများနေတာပါ။

တခြားဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ PSG (ယူရို ၉၁၃ သန်း)၊ ရီးယဲလ်(ယူရို ၉၀၂သန်း)တို့တောင် မန်စီးတီးကို လိုက်မမီခဲ့ဘဲ မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ယူအသင်းက ယူရို(၇၅၁)သန်းသာရှိခဲ့ပါတယ်။ ဆွစ်ဇာလန်မှာ အခြေစိုက်ပြီး ဘောလုံးအချက်အလက် စုဆောင်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ CIES ဟာ ဥရောပထိပ်သီးလိဂ်(၄)ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါအသင်းတွေက စီနီယာကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးကို တွက်ချက်ထားတာဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံးဖြစ်နေတာက ဒီရာသီမှ ဘွန်ဒစ်လီဂါပြိုင်ပွဲကို တန်းတက်ခဲ့တဲ့ ပါဒါဘွန်းအသင်းဖြစ်ပြီး စုစုပေါင်း(၄)သန်းသာရှိတာကြောင့် မန်စီးတီးအသင်းနဲ့ ယှဉ်ရင်အဆ(၂၀၀)ကျော် ကွာခြားနေပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံး(၁၀)သင်းစာရင်မှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အက်သလက်တီကို၊ အာဆင်နယ်စတဲ့အသင်းတွေလည် ပါဝင်ခဲ့ကြပါတယ်။

The top 10

1 Manchester City – 1.014bn

2 Paris St-Germain – 913m

3 Real Madrid – 902m

4 Manchester United – 751m

5 Juventus – 719m

6 Barcelona – 697m

7 Liverpool – 639m

8 Chelsea – 561m

9 Atletico Madrid – 550m

10 Arsenal – 498m

REF:BBC
Photo:Manchester City Facebook,PSG – Paris Saint-Germain Facebook
Naing Linn(Akhayar)
www.akhayar.com