This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စုတြင္း သြင္းဂုိးအမ်ားစုကုိ ပရီးမီးယားလိဂ္နဲ႔ လာလီဂါကစားသမားေတြ သြင္းယူခဲ့ၾကတယ္

၂၀၁၈ ကမၻာ႔ဖလား အုပ္စုပဲြစဥ္ေတြ အားလုံးက အဆုံးသတ္သြားပါၿပီ။ အုပ္စုပဲြေပါင္း (၄၈)ပဲြမွာ စုစုေပါင္းသြင္းဂုိး(၁၂၂)ဂုိးသြင္းယူခဲ့ၿပီး အဲဒီထဲမွာ အဂၤလန္ပရီးမီးယားလိဂ္မွာကစားေနတဲ့ ကစားသမား(၃၁)ဦး၊ စပိန္ျပည္တြင္းလိဂ္က ကစားသမား(၂၉)ဦး(၄ ဦးမွာ စပိန္ဒုတိယတန္းဆီဂန္ဒါမွာကစားေန) သြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္နဲ႔လာလီဂါကစားသမားေတြရဲ႕သြင္းဂုိးက ထက္၀က္နီးပါးအထိရွိေနတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ သြင္းဂုိးအမ်ားဆုံးထိပ္ဆုံးစာရင္းမွာ ပရီးမီးယားလိဂ္က ကစားသမားႏွစ္ဦးျဖစ္တဲ့ ဟာရီကိန္း Harry Kane (စပါး/အဂၤလန္)၊ လူကာကူ Lukaku (မန္ယူ/ဘယ္လ္ဂ်ီယံ) တို႔ ပါ၀င္ေနၿပီး ဟာရီကိန္းက (၅)ဂုိး၊ လူကာကူက (၄)ဂုိးသြင္းယူထားတာျဖစ္ပါတယ္။

Harry-Kane

Harry-Kane

လာလီဂါကစားသမားေတြထဲမွာ သြင္းဂုိးအမ်ားဆုံးက စီေရာ္နယ္လ္ဒုိ C.Ronaldo (ရီးယဲလ္/ေပၚတူဂီ)က (၄)ဂုိး၊ ဒီေယဂုိေကာ္စတာ Diego Costa (အက္သလက္တီကုိ/စပိန္)နဲ႔ ခီရီရွက္ဗ္ Cheryshev (ဗီလာရီးယဲလ္/႐ုရွား)တို႔က (၃)ဂုိးစီ သြင္းယူထားၾကတယ္။

Lukaku

Lukaku

ဟာရီကိန္းနဲ႔ လူကာကူတို႔ဟာ အုပ္စုေနာက္ဆုံးပဲြျဖစ္တဲ့ အဂၤလန္-ဘယ္လ္ဂ်ီယံပဲြမွာ ပါ၀င္ကစားျခင္းမရွိဘဲ သူတို႔ႏွစ္သင္းစလုံးက ေနာက္တစ္ဆင့္တက္ေနၿပီျဖစ္တာေၾကာင့္ နည္းျပေတြက အနားေပးခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ သြင္းဂုိးအမ်ားဆုံးထိပ္ဆုံးကစားသမား (၅)ဦးစလုံးရဲ႕ ႏုိင္ငံအသင္းေတြက ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ေနၿပီျဖစ္တာေၾကာင့္ သြင္းဂုိးအမ်ားဆုံးေရႊဖိနပ္ဆုအတြက္ ၿပိဳင္ပဲြက အႀကိတ္အနယ္ရွိေနတာ အမွန္ပါပဲ။ ျပင္သစ္လီဂူးက ကစားသမားေတြရဲ႕ သြင္းဂုိးက (၉)ဂုိးရွိခဲ့ၿပီး ဘြန္ဒစ္လီဂါက ကစားသမားေတြရဲ႕ဂုိးထက္ တစ္ဂုိး ပုိမ်ားခဲ့တယ္။ စီးရီးေအနဲ႔ ေမဂ်ာလိဂ္က ကစားသမားေတြရဲ႕ သြင္းဂုိးအေရအတြက္က (၇)ဂုိးနဲ႔ (၂)ဂုိးစီသာရွိတာေၾကာင့္ သြင္းဂုိးအနည္းဆုံးျဖစ္ေနတယ္။

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ လိဂ္ၿပိဳင္ပဲြအလုိက္ သြင္းဂုိးမ်ား

Premier League: 31

La Liga: 29

Ligue 1: 9

Bundesliga: 8

Serie A: 7

MLS: 2

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ရီးယဲလ္၊ ဘာစီလုိနာအသင္းက ကစားသမားအမ်ားစု ပါ၀င္ယွဥ္ၿပိဳင္ေနၿပီး ရီးယဲလ္ကစားသမားေတြရဲ႕ သြင္းဂုိးက (၉)ဂုိးအထိရွိေနသလုိ ဘာစီလုိနာ၊ စပါးအသင္းက ကစားသမားေတြက (၈)ဂုိးစီ သြင္းယူထားၾကတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

အဆုိးရြားဆုံးက ဘြန္ဒစ္လီဂါ ထိပ္သီး ဘုိင္ယန္ျမဴးနစ္အသင္းျဖစ္ၿပီး သူတို႔အသင္းရဲ႕ ကစားသမားအမ်ားစုက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပါ၀င္ယွဥ္ၿပိင္ခဲ့ၾကေပမယ့္လည္း တစ္ေယာက္မွ ဂုိးမသြင္းႏုိင္ခဲ့ပါဘူး။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စုအဆင့္မွာ ကစားသမား(၈၅)ဦး ဂုိးသြင္းခဲ့ၾကတဲ့အျပင္ တစ္ပဲြပ်မ္းမွ် သြင္းဂုိးက(၂.၅)ဂုိးသာ ရွိတာေၾကာင့္ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြထက္ ပုိနည္းခဲ့တယ္။ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက အုပ္စုတြင္းသြင္းဂုိးက (၁၃၆)ဂုိးအထိရွိခဲ့ၿပီး တစ္ပဲြပ်မ္းမွ်သြင္းဂုိးက (၂.၈)ဂုိးအထိရွိခဲ့တာလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo:Star Tribune,Goal.com,Live Football Scores,BloombergQuint
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်း သွင်းဂိုးအများစုကို ပရီးမီးယားလိဂ်နဲ့ လာလီဂါကစားသမားတွေ သွင်းယူခဲ့ကြတယ်

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ အားလုံးက အဆုံးသတ်သွားပါပြီ။ အုပ်စုပွဲပေါင်း (၄၈)ပွဲမှာ စုစုပေါင်းသွင်းဂိုး(၁၂၂)ဂိုးသွင်းယူခဲ့ပြီး အဲဒီထဲမှာ အင်္ဂလန်ပရီးမီးယားလိဂ်မှာကစားနေတဲ့ ကစားသမား(၃၁)ဦး၊ စပိန်ပြည်တွင်းလိဂ်က ကစားသမား(၂၉)ဦး(၄ ဦးမှာ စပိန်ဒုတိယတန်းဆီဂန်ဒါမှာကစားနေ) သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်နဲ့လာလီဂါကစားသမားတွေရဲ့သွင်းဂိုးက ထက်ဝက်နီးပါးအထိရှိနေတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးထိပ်ဆုံးစာရင်းမှာ ပရီးမီးယားလိဂ်က ကစားသမားနှစ်ဦးဖြစ်တဲ့ ဟာရီကိန်း Harry Kane (စပါး/အင်္ဂလန်)၊ လူကာကူ Lukaku (မန်ယူ/ဘယ်လ်ဂျီယံ) တို့ ပါဝင်နေပြီး ဟာရီကိန်းက (၅)ဂိုး၊ လူကာကူက (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Harry-Kane

Harry-Kane

လာလီဂါကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးက စီရော်နယ်လ်ဒို C.Ronaldo (ရီးယဲလ်/ပေါ်တူဂီ)က (၄)ဂိုး၊ ဒီယေဂိုကော်စတာ Diego Costa (အက်သလက်တီကို/စပိန်)နဲ့ ခီရီရှက်ဗ် Cheryshev (ဗီလာရီးယဲလ်/ရုရှား)တို့က (၃)ဂိုးစီ သွင်းယူထားကြတယ်။

Lukaku

Lukaku

ဟာရီကိန်းနဲ့ လူကာကူတို့ဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ အင်္ဂလန်-ဘယ်လ်ဂျီယံပွဲမှာ ပါဝင်ကစားခြင်းမရှိဘဲ သူတို့နှစ်သင်းစလုံးက နောက်တစ်ဆင့်တက်နေပြီဖြစ်တာကြောင့် နည်းပြတွေက အနားပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးအများဆုံးထိပ်ဆုံးကစားသမား (၅)ဦးစလုံးရဲ့ နိုင်ငံအသင်းတွေက ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်နေပြီဖြစ်တာကြောင့် သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲက အကြိတ်အနယ်ရှိနေတာ အမှန်ပါပဲ။ ပြင်သစ်လီဂူးက ကစားသမားတွေရဲ့ သွင်းဂိုးက (၉)ဂိုးရှိခဲ့ပြီး ဘွန်ဒစ်လီဂါက ကစားသမားတွေရဲ့ဂိုးထက် တစ်ဂိုး ပိုများခဲ့တယ်။ စီးရီးအေနဲ့ မေဂျာလိဂ်က ကစားသမားတွေရဲ့ သွင်းဂိုးအရေအတွက်က (၇)ဂိုးနဲ့ (၂)ဂိုးစီသာရှိတာကြောင့် သွင်းဂိုးအနည်းဆုံးဖြစ်နေတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လိဂ်ပြိုင်ပွဲအလိုက် သွင်းဂိုးများ

Premier League: 31

La Liga: 29

Ligue 1: 9

Bundesliga: 8

Serie A: 7

MLS: 2

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးယဲလ်၊ ဘာစီလိုနာအသင်းက ကစားသမားအများစု ပါဝင်ယှဉ်ပြိုင်နေပြီး ရီးယဲလ်ကစားသမားတွေရဲ့ သွင်းဂိုးက (၉)ဂိုးအထိရှိနေသလို ဘာစီလိုနာ၊ စပါးအသင်းက ကစားသမားတွေက (၈)ဂိုးစီ သွင်းယူထားကြတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

အဆိုးရွားဆုံးက ဘွန်ဒစ်လီဂါ ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး သူတို့အသင်းရဲ့ ကစားသမားအများစုက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိင်ခဲ့ကြပေမယ့်လည်း တစ်ယောက်မှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ ကစားသမား(၈၅)ဦး ဂိုးသွင်းခဲ့ကြတဲ့အပြင် တစ်ပွဲပျမ်းမျှ သွင်းဂိုးက(၂.၅)ဂိုးသာ ရှိတာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုနည်းခဲ့တယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်းသွင်းဂိုးက (၁၃၆)ဂိုးအထိရှိခဲ့ပြီး တစ်ပွဲပျမ်းမျှသွင်းဂိုးက (၂.၈)ဂိုးအထိရှိခဲ့တာလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo:Star Tribune,Goal.com,Live Football Scores,BloombergQuint
Naing Linn(Akhayar)
www.akhayar.com