[Zawgyi]









6.Arsenal
7. Everton
8. Watford
9. Leicester
10. Bournemouth
11. Brighton
12. Wolverhampton
13. Crystal Palace
14. Fulham
15. Newcastle United
16. Burnley
17. Southampton
18. West Ham (relegated)

REF:talksport.com
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းကို စွမ်းဆောင်ရည်မြင့် ကွန်ပြူတာရဲ့ တွက်ချက်မှု

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်က ဒီတစ်ပတ်မှာ နိုင်ငံပွဲတွေ ကစားဖို့ရှိနေလို့ ခဏ နားမှာပါ။ ပွဲစဉ်(၄)ပွဲ ကစားအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း ကမောက်ကမ ရလဒ်တွေ၊ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ပရိတ်တွေလည်း မြင်တွေ့ခဲ့ရပြီ။ ပရီးမီးယားလိဂ်က ရာသီအစပဲ ရှိသေးပေမယ့် ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာကို ကြိုတင် ခန့်မှန်းရတာကလည်း ရင်ခုန်စရာကောင်းပါတယ်။ အခု နာမည်ကျော် အားကစား ဝက်ဆိုက်ဘ် တစ်ခုဖြစ်တဲ့ Talksport က ဒီရာသီ ပရီးမီးယားလိဂ်ရာသီကုန်ရင် ဘယ်သူဗိုလ်စွဲမလဲ၊ ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတာ သူတို့ရဲ့ Super Computer မှာ တွက်ချက်ဖော်ပြခဲ့တယ်။ Super Computer ရဲ့ ဖော်ပြမှုက ဘယ်လိုများဖြစ်မလဲ . .

super-computer-predict-Man-City-Champion

super-computer-predict-Man-City-Champion

Super Computer က ဒီရာသီ ချန်ပီယံဖြစ်မယ့်အသင်းအဖြစ် မန်စီးတီးကိုပဲ ရွေးချယ်ထားတယ်။ ဒီရာသီမှာ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့ ခြေစွမ်းထက်နေချိန်မှာ မန်စီးတီးကို ရွေးချယ်ခဲ့တာက အံ့အားသင့်စရာပါပဲ။ နောက်ထပ် အံ့အားသင့်ဖို့ကောင်းတာက ဒီရာသီမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်းဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရဘဲ အဆင့်(၅)နေရာသာ ရမယ်လို့ ခန့်မှန်းခဲ့တယ်။ တန်းဆင်းရမယ့် (၃)သင်းအဖြစ် အခုအချိန်အထိ နိုင်ပွဲမရသေးတဲ့ ဝက်စ်ဟမ်း၊ ဟတ်ဒါဖီးလ်၊ ဘန်လေအသင်းတို့ကို ရွေးချယ်ခဲ့ပါတယ်။ ကဲ .. ပရိသတ်ကြီးရေ .Super Computer ရဲ့တွက်ကိန်းက ဘယ်လောက်အထိ မှန်ကန်မလဲ၊ ဘယ်လို လွဲချော်မလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်လား . ..

West-Ham-Will-Be-Relegated

West-Ham-Will-Be-Relegated

၂၀၁၈-၁၉ ရာသီအတွက် Super Computer ရဲ့ တွက်ကိန်း

1.Manchester City (Premier League champions)
2.Liverpool (Champions League qualification)
3.Tottenham (Champions League qualification)
4.Chelsea (Champions League qualification)
5.Manchester United (Europa League qualification)
6.Arsenal
7. Everton
8. Watford
9. Leicester
10. Bournemouth
11. Brighton
12. Wolverhampton
13. Crystal Palace
14. Fulham
15. Newcastle United
16. Burnley
17. Southampton
18. West Ham (relegated)
19. Huddersfield (relegated)
20. Cardiff City (relegated)

REF:talksport.com
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com